9/06/2017

♪ “MPT အသုံးပြုနေသူများအတွက် ဘောလုံးစတား အက်ပလီကေးရှင်းသစ်ကို မိတ်ဆက်” ♫

Image may contain: phone

MPT ဆင်းကတ် အသုံးပြုနေသည့် ဘောလုံးဝါသနာရှင်များအတွက် လက်ရှိရေပန်းစားနေသည့် ဘောလုံးပွဲစဉ် များနှင့် ဘောလုံးသမားတို့၏ သတင်းများအား မြန်မာဘာသာဖြင့် အလွယ်တကူသိရှိနိုင်မည့် ဘောလုံး စတား အက်ပလီကေးရှင်းသစ်ကို မိတ်ဆက်လိုက်ကြောင်း သိရသည်။

အဆိုပါ အက်ပလီကေးရှင်းတွင် နောက်ဆုံးရဘောလုံးသတင်း အချက်အလက်များ၊ မိမိတို့ကြိုက် နှစ်သက်သော ဘောလုံးအသင်းများ၊ အားကစားသမားများ၏ နောက်ဆုံးရသတင်းများ၊ ဂိုးရလဒ်များကို သာမက ကမ္ဘာ တစ်ဝန်းရှိ ဘောလုံးသတင်းများကိုပါ မြန်မာဘာသာဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။အန်းဒရွိုက်မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ဘောလုံးစတား အက်ပလီကေးရှင်းကို လိုတရ website (http://bs.lotayamm.com/) ပေါ်မှ တစ်ဆင့် အခမဲ့ ဒေါင်းလုတ်ပြုလုပ်နိုင် မည် ဖြစ်ပါသည်။ ထို့အပြင် 8118သို့ “DL” ဟု စာတိုပေးပို့ကာ အက်ပလီ ကေးရှင်းဒေါင်းလုတ်လုပ်ရန် လင့်ကို SMS မှ တစ်ဆင့်လည်း ရယူနိုင် ပါသည်။ စာရင်းသွင်းခြင်းပြီးဆုံးပါက အသုံးပြုသူစိတ်ကြိုက် တစ်ရက် တာနှင့် တစ်ပတ်စာစနစ်ဟူ၍ ရွေးချယ်ရယူနိုင်မည်ဖြစ်ပါသည်။

တစ်ရက်တာ အသုံးပြုသူများ အတွက် ၀န်ဆောင်ခ (၁၀၅)ကျပ်၊ တစ်ပတ်တာ အသုံးပြုသူများ အတွက် ၀န်ဆောင်ခ (၅၂၅)ကျပ် ကျသင့် မည်ဖြစ်ပြီး ၀န်ဆောင်ခများကို ၄င်းတို့၏ မိုဘိုင်း ဖုန်းဘေအတွင်းမှ ဖြတ်တောက်သွားမည် ဖြစ်ပါသည်။ တစ်ရက်တာရယူရန် 8118 သို့ “DD” ဟုလည်းကောင်း၊ တစ်ပတ်စာရယူရန် “ww” ဟုလည်းကောင်း စာတိုပေးပို့ရမည်ဖြစ်ပါသည်။ဘောလုံးစတား အက်ပလီကေးရှင်းအား ပထမဆုံးအကြိမ် စာရင်းသွင်းအသုံးပြုသူများအတွက် MPTမှ စတင် အသုံးပြုခြင်း အထိမ်းအမှတ်အဖြစ် တစ်ပတ်တိတိ အခမဲ့အသုံးပြုခွင့်ကို ပေးအပ်သွားမည် ဖြစ်ပါသည်။ အခမဲ့ အသုံးပြုခွင့်ပြီးဆုံးမှသာ ရယူထားသည့် ပလန်အတိုင်း ကောက်ခံသွားမည်ဖြစ်သည်။



ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com