တယ်လီဖုန်းဝန်ဆောင်မှုများအတွက် ငွေဖြတ်တောက်မှုအပေါ် ဆက်သွယ်ရေးအော်ပရေတာများအား
သုံးစွဲသူ များက ဝေဖန်ပြောဆို နေကြမှုများရှိနေသည်ကို တွေ့မြင်နေရပြီး
တယ်လီနောသုံးစွဲသူများ အနေဖြင့် ငွေကြေး ပိုမိုဖြတ်တောက်မှုများရှြိေ ကာင်း လတ်တလောတွင် ပြောဆိုနေကြသည့်အပေါ် တယ်လီနောအနေဖြင့် ရှင်းလင်းမှုများပြုလုပ် ခဲ့သည်။
တယ်လီနောသုံးစွဲသူများအနေဖြ င့်
တယ်လီနော၏ ကွန်ရက်အခြေအနေ၊ ၀န်ဆောင်မှုများနှင့် ကျသင့်ငွေကို သင့်မသင့်
မရှင်းလင်းပါက တယ်လီနော၏ လူမှုကွန်ရက် Facebook စာမျက်နှာ၊ Facebook
Messenger နှင့် မေးမြန်းစုံစမ်းရန်စင်တာ၊ တယ်လီနော အရောင်းဆိုင် များနှင့်
care@ telenor.com.mmတို့သို့ မိမိတို့ကြုံတွေ့ရသည့်အခြေ အနေ၊ နေ့ရက်၊
အချိန်၊ နေရာနှင့် ဖုန်းနံပါတ်စသည့် အသေးစိတ် အချက်အလက်များကို
ပေးပို့မေးမြန်းနိုင်ပြီး သုံးစွဲသူများ နားလည် သဘောပေါက်သည်အထိ
ရှင်းလင်းပြန်ကြားပေးမှုများ ကို
ဆောင် ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
မိုဘိုင်းဖုန်းများ၏ အဆင့်မြင့်မား လာမှုနှင့်အတူ application များကို ပိုမိုအသုံးပြုလာမှုများက အင်တာနက်ဒေတာသုံးစွဲမှုများအ ပေါ်
သက်ရောက်မှုရှိနေပြီး ယင်း applications များမှအလိုအလျောက်
အဆင့်မြင့်မှုများကြောင့် မလိုလား အပ်ဘဲ မိမိကိုယ်တိုင် မသုံးစွဲမိလိုက်ဘဲ
မိုဘိုင်း ဒေတာများ ကုန်ဆုံးမှု မပေါ်ပေါက်စေရန် နားလည်တတ်ကျွမ်းသူများအားပြ သ၍သော် လည်းကောင်း၊ မိမိကိုယ်တိုင်သော် လည်းကောင်း
ဖုန်း၏ background data restriction ကို ပြုလုပ်ထားခြင်း၊ မိမိဖုန်း၏
hotspot ကို password ဖြင့် ကာကွယ်ထားခြင်းနှင့်
အခြားသောကန့်သတ်ခြင်းတို့ကို လုပ်ဆောင် ထားသင့်ကြောင်း ပြောသည်။
ကောင်းမြတ်ရာ
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
တယ်လီနောသုံးစွဲသူများအနေဖြ
မိုဘိုင်းဖုန်းများ၏ အဆင့်မြင့်မား လာမှုနှင့်အတူ application များကို ပိုမိုအသုံးပြုလာမှုများက အင်တာနက်ဒေတာသုံးစွဲမှုများအ
ကောင်းမြတ်ရာ
Mobile Guide Journal (Every Monday)
https://www.facebook.com/