9/12/2017

♪ " ဘောလုံးပွဲစဉ်များအကြောင်းနှင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေမည့် MPT ဧ။် ဘောလုံးစတား Mobile App " ♫

Image may contain: 1 person, playing a sport, text and outdoor

MPT မှ ဘောလုံးအက်ပလီကေးရှင်းအသစ်ဖြစ်သည့် “ ဘောလုံးစတား ” အက်ပလီကေးရှင်းကို စတင်မိတ်ဆက်ခဲ့ပြီး နောက်ဆုံးပေါ် ဘောလုံးသတင်းအချက်အလက်များ၊ မိမိတို့ကြိုက်နှစ်သက်သော ဘောလုံးအသင်းများ၊ အားကစားသမားများ၏ နောက်ဆုံးရသတင်းများ၊ ဂိုးရလဒ်များကိုသာမက ကမ္ဘာတစ်ဝှမ်းရှိ ဘောလုံးသတင်းများကို သိရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအက်ပလီကေးရှင်းတွင် ကမ္ဘာတစ်ဝန်းရှိ လူကြိုက်အများဆုံး ဘောလုံးအားကစားပြိုင်ပွဲသတင်းများ၊ ဘောလုံးချစ်သူများကြားတွင် ရေပန်းစားနေသော နိုင်ငံတကာလိဂ်ပွဲစဉ် (7) ခုထက်မနည်း များပြားလှသော ပြိုင်ပွဲသတင်းများကို MPT ကွန်ရက်အသုံးပြုသူများ၏ လက်တွင်းသို့ အချိန်နှင့်တပြေးညီ ရောက်ရှိစေမည်ဖြစ်သည်။ သုံးစွဲသူများမှ မိမိနှစ်သက်ရာ ကလပ်အသင်းများ၊ နိုင်ငံတကာအသင်းများနှင့် ကစားသမားများကို ရွေးချယ်ပြီး ၎င်းတို့၏ သတင်းများကို စောင့်ကြည့်နိုင်သည်။ ထို့အပြင် အသုံးပြုသူများ ရယူသုံးစွဲရာတွင် အဆင်ပြေလွယ်ကူစေရန် ရေးဆွဲထားခြင်းကြောင့် ဗွီဒီယိုများ၊ ပွဲစဉ်အချိန်ဇယားများ၊ ရှုံးထွက်ပွဲပယ်များနှင့် ဒဏ်ရာရ နောက်ဆုံးရသတင်းများ၊ တိုက်ရိုက်ဂိုးရလဒ်များနှင့် ပွဲကြိုခန့်မှန်းချက်များ စသည့် စိတ်လှုပ်ရှားဖွယ်ရာအကြောင်းအရာများအားလုံးကို “ ဘောလုံးစတား ” အက်ပလီကေးရှင်းပေါ်မှတစ်ဆင့် သိရှိနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ ဘောလုံးအားကစားနဲ့ ပတ်သက်ပြီး တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အားပေးလေ့ရှိတဲ့ မြန်မာဘောလုံး ပရိတ်သတ်တွေကြားမှာ ကမ္ဘာတစ်ဝှမ်းက အောင်မြင်နေတဲ့ ဘောလုံးအသင်းတွေအကြောင်း၊ ဘောလုံးအားကစားသမားတွေအကြောင်းကို အခုလို မြန်မာဘာသာနဲ့ ပြည့်ပြည့်စုံစုံသိရှိစေနိုင်မယ့် MPT အသုံးပြုသူသီးသန့် အက်ပလီကေးရှင်းအသစ်ကို ထုတ်လုပ်ဖြန့်ချိနိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်လှုပ်ရှားဂုဏ်ယူနေမိပါတယ်။ အရင်က ဘောလုံးအားကစားကို နှစ်ခြိုက်တဲ့ ဝါသနာရှင်ပရိတ်သတ်တွေက သူတို့လက်လွတ်မခံချင်တဲ့ ဘောလုံးပွဲစဉ်တွေကို တီဗီသတင်းကနေဖြစ်စေ၊ သတင်းစာဂျာနယ်တွေကနေဖြစ်စေ အချိန်ပေးပြီး စောင့်ကြည့်ခဲ့ကြရတာပါ။ အခု ဘောလုံးစတားအက်ပလီကေးရှင်းနဲ့ဆိုရင်တော့ ဘောလုံးအားကစား ကြိုက်နှစ်သက်သူများအတွက် အဆင်အပြေဆုံး နည်းလမ်းကောင်းတစ်ခု ရှာဖွေတွေ့ရှိစေမှာဖြစ်ပြီး မလွတ်တမ်းစောင့်ကြည့်ချင်တဲ့ ဘောလုံးပွဲစဉ်တွေအတွက် ဂိုးရလဒ်တွေ၊ ဘောလုံးလောက ပညာရှင်တွေရဲ့ ပွဲကြိုခန့်မှန်းသုံးသပ်ချက်တွေ ကို သိရှိနိုင်ပါလိမ့်မယ် ” ဟု ပြောသည်။

ဘောလုံးစတားဝန်ဆောင်မှုကို ရယူရန် စာရင်းသွင်းရမည့်ပုံစံမှာ ရိုးရှင်းပြီး အက်ပလီကေးရှင်းကို မိမိတို့၏ မိုဘိုင်းဖုန်းအင်တာနက်ဖြင့် အသုံးပြုရမည်ဖြစ်သည်။ ဘောလုံးစတားအက်ပလီကေးရှင်းကို လိုတရဝက်ဘ်ဆိုက် (http://bs.lotayamm.com/) ပေါ်မှတစ်ဆင့် အခမဲ့ဒေါင်းလုတ်ပြုလုပ်နိုင်ကာ 8118 သို့ “ DL ” ဟု စာတိုပေးပို့ကာ အက်ပလီကေးရှင်း ဒေါင်းလုတ်လုပ်ရန်လင့်ခ်ကို SMS မှတစ်ဆင့်လည်း ရယူနိုင်သည်။ စာရင်းသွင်းခြင်းပြီးဆုံးပါက ဝန်ဆောင်မှုကို သင့်တင့်သောနှုန်းထားဖြင့် စတင်အသုံးပြုနိုင်ပြီဖြစ်ကာ အသုံးပြုသူစိတ်ကြိုက် တစ်ရက်တာနှင့် တစ်ပတ်စာ စနစ်ဟူ၍ ရွေးချယ်ရယူနိုင်သည်။ တစ်ရက်တာ အသုံးပြုသူများအတွက် ဝန်ဆောင်ခ (105) ကျပ်၊ တစ်ပတ်တာ အသုံးပြုသူများအတွက် ဝန်ဆောင်ခ (525) ကျပ် ကျသင့်မည်ဖြစ်ပြီး ဝန်ဆောင်ခများကို ၄င်းတို့၏ မိုဘိုင်းဖုန်းဘေလ်အတွင်းမှ ဖြတ်တောက်သွားမည်။


တစ်ရက်တာရယူရန် 8118 သို့ “ DD ” ဟုလည်းကောင်း၊ တစ်ပတ်စာရယူရန် “ ww ” ဟုလည်းကောင်း စာတိုပေးပို့ရမည်ဖြစ်သည်။ ဘောလုံးစတားအက်ပလီကေးရှင်းကို ပထမဆုံးအကြိမ် စာရင်းသွင်းအသုံးပြုသူများအတွက် MPT မှ စတင်အသုံးပြုခြင်း အထိမ်းအမှတ်အဖြစ် တစ်ပတ်တိတိ အခမဲ့ အသုံးပြုခွင့်ကို ပေးအပ်ထားကာ အခမဲ့အသုံးပြုခွင့် အချိန်အတိုင်းအတာပြီးဆုံးလျင်မူ သုံးစွဲသူများ ရယူထားသည့် ဝန်ဆောင်မှုစနစ်အတိုင်း နှုန်းထားများကို စတင်ကောက်ခံသွားမည်ဖြစ်သည်။ ဘောလုံးစတား အယ်ပလီကေးရှင်း မိတ်ဆက်ခြင်းအထိမ်းအမှတ်အဖြစ် ထပ်ဆင့်ကျေးဇူးတုန့်ပြန်သည့် အနေနှင့် MPT မှ ကံစမ်းမဲအစီအစဉ်များကို အပတ်စဉ်ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အယ်ပလီကေးရှင်း အသုံးပြုသူများအနေနှင့် MPT ၏ 4G စနစ်သုံး M-50A စမတ်ဖုန်းများကို ပါဝင်ကံစမ်းရယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com