9/12/2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: 2 people, phone

မေး - iPhone 4 လက်ရှိ iOS 7.1.2 ကို iOS 8 ရအောင် မြှင့်လို့ရပါသလား။
ဖြေ - မရပါဘူးခင်ဗျာ။ Apple Company က သူတို့ Apple Devices တွေကို Model အလိုက် iOS Version ကို ထပ်မမြှင့်တော့ဘဲ ချန်ထားခဲ့တဲ့ နောက်ဆုံးရေးခွင့်ပြုတဲ့ iOS Version တွေကို ပြောပြပေးပါမယ်။ iPhone 4 ရဲ့ iOS Version 7.1.2 ၊ iPhone 4S ရဲ့ iOS Version 9.3.5 ဖြစ်ပါတယ်။ ယခုအချိန်ထိတော့ iPhone 5 ကနေ ပြီးတော့ နောက်ဆုံးထွက် iOS Version 10.3.3 ကို တင်လို့ရပါသေးတယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Battery ကြီးပဲဖြုတ်ပြီး အားသွင်းသုံးရင်ရတယ်။ ဖုန်းနဲ့အားသွင်းရင် အားသွင်းကြိုးထိုးလိုက်ရင် Power သေသွားတယ်။ ဘာဖြစ်တာလဲဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက USB ခေါင်းမှာပါတဲ့ အလယ် Data ပင်လေးတွေ ပူးနေတာမျိုး၊ ရေဂျိုးစားနေတာမျိုးတွေ ဖြစ်နေလို့ပါ။ USB ခေါင်းကို အသစ်လဲကြည့်ပါ။ မရသေးရင်တော့ လမ်းကြောင်းပိုင်းကို ဆက်ကြည့်ရမှာပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းကလေ တခြားသူဆီက ဖုန်းဝင်လာတာနဲ့ အလင်းမရတော့ဘူး။ ပါဝါသေသွားတာလည်း မဟုတ်ဘူး။ ဘာဖြစ်တာလဲမသိဘူး။ ဖြေပေးပါဦး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက Sensor Error ဖြစ်နေတာပါ။ ဖုန်းဝင်လာတာနဲ့ နားနဲ့ကပ်မှ အလင်းပိတ်ရမှာကို ဖုန်းဝင်ဝင်ခြင်း အလင်းမရတော့တာက Sensor မကောင်းတာကြောင့်ပါ။ နီးစပ်ရာ Service ဆိုင်ကို ပြပေးပါအစ်ကို။

မေး - လိုင်းဖွင့်ရင် ဂိမ်းပုံတွေက သူ့အလိုလို တက်လာတယ်။ ဘာဖြစ်တာလဲအစ်ကို။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ လိုင်းဖွင့်ရင်ဂိမ်းပုံတွေ သူ့အလိုလိုတက်လာတဲ့ Error ကတော့ Virus ကိုက်တာပါ။ အဲ့ဒီ Error လေးကိုတော့ နီးစပ်ရာ Service ဆိုင်သွားပြီး Firmware ပြန်တင်မှ အဆင်ပြေပါမယ်။

မေး - Mi Note 3 Pro ပါ။ TZ သတင်းတွေ ဖတ်လို့မရဘူး။ ဘာလုပ်ရင် အဆင်ပြေမလဲအစ်ကို။
ဖြေ - ဟုတ်ကဲ့။ Mi Note 3 Pro က TZ သတင်းဖတ်ချင်ရင်တော့ အစ်ကိုရေ Phone ကို Root ဖောက်ပြီး မြန်မာစာပြန်ချိန်းလိုက်ရင် အဆင်ပြေပါတယ်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က Battery ထည့်လိုက်တာနှင့် Vibrator တောက်လျှောက်တုန်နေတယ်။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - Power IC Short ဖြစ်နေတာပါအစ်ကို။ Power IC လဲပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

မေး - ကျွန်တော့်ဖုန်းလေးက iPhone 5S ပါ။ ကျွန်တော့် iPhone မှာ Wi-Fi Hotspot Button မပေါ်ဘူးဖြစ်နေတယ်။ Wi-Fi ပြန်လွှတ်လို့မရဘူး ဖြစ်နေတယ်။ ဘယ်လိုလုပ်ရင် Wi-Fi Hotspot ပေါ်မလဲ။
ဖြေ - အဲ့ဒီ Error ကတော့ Internet Setting ချိန်တုန်းက Personal Hotspot နေရာမှာ ဘာမှမထည့်ထားလို့ပါ။ Setting ထဲက Cellular ထဲက Cellular Data Network ထဲက Personal Hotspot ရဲ့ APN နေရာမှာ mptnet လို့ရိုက်လိုက်ပါ။ ပြီးရင် အင်တာနက်ဖွင့်ကြည့်ပါ။ Personal Hotspot ပေါ်လာပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဖုန်းခေါ်ပြီးရင် မီးမှိတ်သွားတယ်။ ဖုန်းလည်းပြန်ချလို့မရဘူး။ တစ်ဖက်က ချမှရတယ်။ ဘယ်လိုကြောင့်လဲ။ ကူညီပေးပါဦး။
ဖြေ - ဒါဆိုရင်တော့ ညီလေးရဲ့ဖုန်းမှာ ကပ်ထားတဲ့ မှန်ကပ်ကို တစ်ချက်လောက်ပြန်ကြည့်ပါဦး။ Sensor အပေါက်လေးမှာ ပိတ်နေသလားလို့။ Sensor အပေါက်မှာ ပိတ်နေတယ်ဆိုရင်လည်း ဒီ Error ဖြစ်တတ်ပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ Circuit Board ပေါ်မှာရှိတဲ့ Sensor ပိုင်းကို စစ်ရမှာပါ။ နီးစပ်ရာ Service ဆိုင်ကိုသာ ပြကြည့်လိုက်ပါနော်။

မေး - ညီလေးရေ အစ်ကို့ဖုန်းက ဖုန်းလိုင်းမိလိုက်၊ မမိလိုက် ဖြစ်နေလို့ပါ။ ဘယ်လိုလုပ်ရမလဲ။ ပြောပြပေးပါလား။
ဖြေ - ဟုတ်ကဲ့ပါအစ်ကိုရေ။ အရင်ဆုံး Data Factory Reset ချကြည့်ပါ။ မရဘူးဆိုရင်တော့ 112 ဖုန်းခေါ်ကြည့်ပြီးတော့ Setting ထဲကိုသွားပြီး Clear Filter Network လုပ်ကြည့်ပါလား။ တကယ်လို့ အဲ့ဒါတွေလုပ်လို့မှ အဆင်မပြေဘူးဆိုရင်တော့ နီးစပ်ရာဆိုင်ကို ပြကြည့်သင့်ပါတယ်။ Network ပိုင်းက IC တွေ စစ်ကြည့်ရမှာမို့လို့ပါ။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com