HTCရဲ့ဖုန်းများဟာနဂိုတုန်း ကတော့ ပြည်တွင်းဈေးကွက်အတွင်းလူသိများ ထင်ရှားခဲ့ပြီးအခုအခါမှာတော့ သုံးစွဲသူများနဲ့အနည်းငယ်ေ ၀းကွာမှုဖြစ်နေပါတယ်။သို့သော် HTC ရဲ့ဖုန်းများဟာအရည်အသွေးကော င်းမွန်နေဆဲဖြစ် ပါတယ်။ HTC ရဲ့ယခုဖုန်းကိုအမေရိကားတွင် HTC Bolt လို့ ခေါ်ဆိုပါ တယ်။ဖုန်းရဲ့ကိုယ်ထည်ဟာကိုင်ဆောင်အသုံးပြုသည့်အခါတွင်ကျစ်ကျစ်လျစ်လျစ်ရှိပြီးအလေး ချိန်လည်းမများပါဘူး။ဖုန်းရဲ့ဒီဇိုင်းဟာအနောက်ဘက်တွင် ဒေါင့်စွန်းများ၌ လျောစောက်ပုံစံအနားသတ်များပါရှိပါတယ်။ဖုန်းရဲ့ ဘေးဘက်အနားနှင့်အနောက်ဘက်ဒေါင့်စွန်းအနားတို့ဟာတောက်ြေ ပာင်တဲ့အသွင်ဒီဇိုင်းရှိပြီးအခြားဖုန်းများနဲ့ကွဲပြားပါတယ်။ဖုန်း၏အနောက်ဘက်တွင် Dual LED Flash ဟာဖုန်းကိုယ်ထည်အလယ်တည့်တည့် ၌ ဆလင်ဒါပုံစံတည်ရှိပါ တယ်။ဖုန်း၏အနောက်ဘက်ကာဗာရဲ့ အပေါ် ဘက်နှင့်အောက် ဘက်တွင်မျဉ်းနှစ်ကြောင်းဖြင့်လည်းဒီဇိုင်းဖော်ထား ပါသေးတယ်။အပေါ်ဘက်မျဉ်းကြောင်းဟာDual LED Flash နဲ့အဓိက ကင်မရာကိုပိုင်းခြားပေးထားပါတယ်။အဓိကကင်မရာဟာအ၀ိုင်းပုံစံတည်ရှိပြီးအလယ်တည့်တည့်တွင်သိသာထင်ရှားသောပုံသဏ္ဌာန် ရှိပါတယ်။ ဖုန်း၏ ဘေးဘက်တစ်ဖက်၌ဆင်းကတ်ထည့်ရန်နေရာများကိုဖန်တီးပေး ထားပြီးအခြားဘေးဘက်တစ်ဖက်တွ င်ပါဝါခလုတ်နှင့်အသံတိုးချဲ့ ခလုတ်တို့ကိုအထက်အောက်ထည့် သွင်းပေးထားပါတယ်။ဖုန်းကိုယ်ထည်ရဲ့ အောက်ဖက်မှာတော့စပီကာနှင့်U SB Port တို့ပါရှိပါတယ်။ဖုန်းရဲ့Hom e Button ဟာဆလင်ဒါပုံစံတည်ရှိပြီးလက် နဲ့တို့ထိတဲ့အခါတွင်စက္ကန့်ပိုင်း အတွင်း လျင်မြန်စွာတုံ့ပြန်မှုကို ပေးစွမ်းပါတယ်။Home Button ရဲ့ ဘေးဘက်တစ်ချက်စီတွင်ပါရှိသောအခြားခလုတ်နှစ်ခုကိုတော့ဖု န်းကိုယ်ထည်အတွင်းနစ်မြှုပ် ပေးထားပါတယ်။
ဖုန်းမျက်နှာပြင်ဟာ ဘေးဘောင်များနဲ့ထိစပ်လုနီးပါးဖြစ်နေတာကြောင့် မြင်ကွင်းကျယ်ကိုခံစားကြည့် ရှုနိုင်အောင်အကောင်းဆုံးထော က်ပံ့ပေးထားပါတယ်။HTC
10 evo ရဲ့ကိုယ်ထည်ပမာဏကတော့153.6 x 77.3 x 8.1mm ဖြစ်ကာအလေးချိန်မှာ174g
ရှိပါတယ်။Nano Sim ထည့်သွင်း အသုံးပြုရမှာဖြစ်ပြီး ထောက်ပံ့ပေးမယ့်Network
အမျိုးအစားကတော့2G, 3G, 4G ဖြစ်ပါတယ်။HTC ရဲ့ယခုဖုန်းဟာထူးခြားသောစွမ်းဆောင်ရည် တစ်မျိုး လည်းပါရှိပါသေးတယ်။ဒါကတော့ ရေစိမ်ခံနိုင်မှုစွမ်းရည်ဖြစ်ပါ တယ်။ ရေစိမ်ခံနိုင်သောဖုန်းများကိုSony တံဆိပ်နှင့်Samsung ရဲ့ တန်ဖိုးကြီးဖုန်းများတွင်သာ တွေ့ရှိရပေမယ့်HTC ရဲ့ယခုဖုန်းမှာလည်း အဆိုပါ စွမ်းရည်ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။IP 57 အသိအမှတ်ပြု ထားခြင်းကြောင့် ရေအနက်တစ်မီတာတွင်မိနစ်၃၀နီးပါး ရေစိမ်ခံနိုင်စွမ်း ရှိမှာဖြစ်ပါတယ်။ဖုန်းမျက်နှာပြင်အတွက်Super LCD 3 Capacitive touchscreen ကိုအသုံးပြုပေးထားပြီးမျက်နှာပြင်အကျယ်အ၀န်း ကတော့ 5.5inches ဖြစ်ပါတယ်။ပုံရိပ်များကိုကြ ည်လင်စွာကြည့်ရှုခံစားနိုင်ေ စဖို့ အတွက်ထောက်ပံ့ပေးထားသောPixe ls ပမာဏကတော့1440 x 2560 ဖြစ်ပါတယ်။၁လက်မမှာရှိမယ့်P ixel ပမာဏသိပ်သည်းဆဟာ534ppi ပါ။အကြမ်းအတမ်းခံသောဖုန်းမျ က်နှာပြင်ဖြစ်စေဖို့အတွက်လည်းGorilla glass 5တပ်ဆင်ပေးထားပါသေးတယ်။
ကင်မရာနှစ်မျိုးနှစ်စားတပ်ဆ င်ပေးထားပြီးအဓိကကင်မရာဟာ16 MP, f/ 2.0စွမ်းရည်ရှိပြီးOIS, Auto HDR, Panorama စသောကင်မရာ ဆက်စပ်ပတ်သက်စနစ်များကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။Au to HDR စနစ်အသုံးပြုနိုင်မယ့် ရှေ့ကင်မရာငယ်ရဲ့စွမ်းရည်ကေ တာ့ 8MP,f/ 2.4 ဖြစ်ပါတယ်။2160p စွမ်းရည်ဖြင့်ဗီဒီယိုရိုက်ကူးပါက ၁စက္ကန့်ကို30frames နှုန်းရရှိပါမယ်။အသံပိုင်းတွ င်Active noise cancellation with dedicated mic နှင့်24-bit/ 192kHz audio စနစ်တို့ပါရှိပါတယ်။3.5mm Jack တော့မပါရှိပါဘူး။မှတ်ဥာဏ်ပမာဏ အပိုင်းတွင်RAM ကို3GB ထည့်သွင်းပေးထားပြီးInterna l Storage တွင်32GBပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။အဆိုပါပမာဏဟာ အချက်အလက်အများအပြားသိမ်းဆည်းဖို့လုံလောက်သော်လည်း မှတ်ဥာဏ်ပမာဏကိုချဲ့ထွင်သုံးစွဲချင်သူများအနေဖြင့်Card slot စနစ် ကိုအသုံးပြု၍256GB အထိတိုးချဲ့သုံးစွဲနိုင်ပါတ ယ်။
အသုံးပြုနိုင်မယ့်OS အမျိုးအစားကတော့Android 7.0 ဖြစ်ပြီး ထည့်သွင်းပေးထားသောChipset မှာQualcomm Snap dragon 810 ဖြစ်ကာCPU စွမ်းရည်မှာOcta-core (4 x1.5GHz Cortex A53 & 4 x 2GHz Cortex A57) ဖြစ်ပြီးGPU ကတော့Adreno 430 ဖြစ်ပါတယ်။ ထိုသို့သောဖုန်းတွင်းစွမ်းရ ည်များကြောင့်ဖုန်းကိုအသုံး ပြုတဲ့အခါတွင်တုံ့ပြန်မှုများဟာလျင်မြန်ကောင်းမွန်နေပါတ ယ်။ဖုန်းတွင်းအချက်အလက်များ ကိုအဆင့်မြင့်သောလုံခြုံရေး စနစ်ဖြင့်ကာကွယ်နိုင်စေရန်အ တွက်လည်း လက်ဗွေရာစနစ်ကိုအသုံးပြုနို င်အောင် ဆောင်ရွက်ပေးထားပါသေးတယ်။ အခြားသောSensor စနစ်များလည်းပါရှိပြီးBluet ooth
version မှာ4.1 ဖြစ်ပါတယ်။NFC, GPS စနစ်တို့လည်းပါရှိကာUSB ကတော့2.0, Type
C 1.0 reversible connector ဖြစ်ပါတယ်။အားသွင်းအသုံးပြု ရမယ့် Battery အမျိုးအစားကတော့Li-Ion 3200mAh ဖြစ်ပြီ3းG Network တွင်အသင့်အနေအထား၌၄၈၀နာရီနီးပါးနှင့်စကားပြောဆိုဖို့၂၃ နာရီနီးပါးခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ဖုန်းအားသွင်းသ ည့်အခါတွင်လည်းအချိန်တို အတွင်းအားပြည့်စေရန်Quick Charge 2.0စနစ်ပါရှိပါတယ်။ HTC 10 evo ရဲ့ တန်ဖိုးမှာ၃၇၉,၀၀၀ကျပ်ဝန်းကျင်ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
ဖုန်းမျက်နှာပြင်ဟာ ဘေးဘောင်များနဲ့ထိစပ်လုနီးပ
ကင်မရာနှစ်မျိုးနှစ်စားတပ်ဆ
အသုံးပြုနိုင်မယ့်OS အမျိုးအစားကတော့Android 7.0 ဖြစ်ပြီး ထည့်သွင်းပေးထားသောChipset မှာQualcomm Snap dragon 810 ဖြစ်ကာCPU စွမ်းရည်မှာOcta-core (4 x1.5GHz Cortex A53 & 4 x 2GHz Cortex A57) ဖြစ်ပြီးGPU ကတော့Adreno 430 ဖြစ်ပါတယ်။ ထိုသို့သောဖုန်းတွင်းစွမ်းရ
Mobile Guide Journal (Every Monday)
https://www.facebook.com/