ချစ်ကြည်ရင်းနှီးခြင်းနှင့် ငြိမ်းချမ်းခြင်းဟာ ကောင်းမွန်သောအပေါင်း လက္ခဏာဖြစ်သော်လည်းကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများ၊အချို့သော လူမျိုးများဟာအမုန်းတရားများ၊ရန်လိုတိုက်ခိုက်မှုများဖြ င့်သာ နေ့စဉ်ဘ၀ ကို လျှောက်လှမ်းနေကြပါတယ်။ ရှေးယခင်နှစ်များကတော့ရန်စ ကျူးကျော်ခြင်း၊တိုက်ခိုက်ဖျက်ဆီးခြင်းဟာနိုင်ငံ တစ်ခုအ တွင်းသို့လက်နက်အင်အား၊လူအင်အားတို့ဖြင့်ကျူးကျော်ဝင်ေ ရာက်ခြင်းဖြစ်ပေမယ့်အခုအခါမှာေ တာ့သံရေးတမန်ရေးနည်းများ၊အဆ င့်မြင့်နည်းပညာများဖြင့်ရန်စခြင်းများကိုလုပ်ဆောင်နြေ ကပါတယ်။ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ဟာ သံတမန်များနှင်ထုတ်ခြင်း၊သံ ရုံးများကန့်သတ်ပိတ်ပင်ခြင်း၊ သံရုံးဝန်ထမ်းဦးရေလျှော့ ပေါ့ထားရှိခြင်းစသည်တို့ကို အပြန်အလှန်ပြုလုပ်၍နိုင်ငံအ ချင်း ချင်း ဆက်ဆံရေးတင်းမာအောင် ပြုလုပ်ကြသလိုအချို့ကတော့နှ စ်နိုင်ငံ ကြားဆက်သွယ်မှုများ၊ကုန်သွယ် မှုများကိုပိတ်ပင်ခြင်းဆောင် ရွက်ကြပါ တယ်။သက်ဆိုင်ရာနိုင်ငံအသီးသီး ဟာနည်းပညာစနစ်များနှင့်လည်း လွတ်ကင်း၍မရတာကြောင့်နည်းပညာစနစ်များဖြင့်တိုက်ခိုက်ခြ င်းကို လည်းကြုံတွေ့ကြရပါတယ်။သတင်း များလျင်မြန်စွာပျံ့နှံ့မှုကိုလုပ်ဆောင် ပေးနိုင်သောစနစ်ကတော့မျက်မှောက်ခေတ်တွင်လူသုံးများနေသော လူမှုကွန်ရက်စနစ်များဖြစ်ပါတ ယ်။အဆိုပါလူမှုကွန်ရက်စနစ်များကို လူကောင်းရောလူဆိုးပါအသုံးပြုနေ ကြခြင်းကြောင့်အချို့သော အချက် အလက်များဟာမှန်ကန်တိကျမှုမရှိ ပါဘူး။ထိုသို့မှန်ကန်တိကျမှုမရှိသော သတင်းအချက်အလက်များကိုကိုးကားခြင်း၊ ဖြန့်ဝေခြင်းတို့မှတစ်ဆင့် မလိုလားအပ်သော ကောလာဟလများ၊အမုန်းတရားများ ၊ဆန့်ကျင် ကန့်ကွက်မှုများပိုမိုဖြစ်ပွားကြရပါတယ်။ထို့ကြောင့်မှန် ကန်သော အချက်အလက်များပျံ့နှံ့စေရေး အတွက်သက်ဆိုင်သည့်နိုင်ငံများ၊အဖွဲ့ အစည်းများကလုပ်ဆောင်နေသလိုပ င်မလူမှုကွန်ရက်စနစ်များမှ စောင့်ကြည့်လေ့လာသောဌာနများ ၊အင်အားကြီးသောသတင်းဌာနများ ကလည်းပူးပေါင်းပါဝင်လုပ်ဆော င်ရန်လိုအပ်လှပါတယ်။
လူမှုကွန်ရက်စနစ်များမှနေ၍တိုက်ခိုက်ခြင်းများရှိသလိုသက်ဆိုင်ရာနိုင်ငံများရဲ့နည်း ပညာစနစ်များကို နှေးကွေးပျက်စီးစေရန်တိုက်ခိုက်ခြင်း များလည်းရှိပါတယ်။အချို့ဟက် ကာများဟာနိုင်ငံတစ်ခုကိုရည် ရွယ် သတ်မှတ်၍တိုက်ခိုက်ခြင်းမဟု တ်ဘဲသူတို့၏စွမ်းရည်ကိုပြသလိုသည့် အနေဖြင့်သာကြုံကြိုက်သောနို င်ငံများ ရဲ့လုပ်ငန်းခွင်များ၊website များကို တိုက်ခိုက်မှုလုပ်ဆောင်ကြပါတ ယ်။အချို့သောဟက်ကာများကတော့ ရည်ရွယ်ချက်ရှိရှိဖြင့်နိုင်ငံတစ်ခုတည်းရဲ့website များကိုတိုက်ခိုက်မှု လုပ်ဆောင်ကြပါတယ်။ထိုအခါတို က်ခိုက်ခံရသောနိုင်ငံဘက်မှဟ က်ကာများကလည်းအဆိုပါနိုင်ငံ ကို ပြန်လည်တိုက်ခိုက်မှုလုပ်ဆော င်ကြ ပါတယ်။ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင် ခြင်း၊စတင်တိုက်ခိုက်ခြင်းများဟာနှစ်ဦး နှစ်ဖက်စလုံးအတွက်ထိခိုက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။၂၀၁၇ခုနှစ်နှစ် လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သောWannaCry Ransomware Virus တိုက်ခိုက်မှုဟာတစ်ကမ္ဘာလုံးအ တွက်အံ့သြထိတ်လန့်စရာဖြစ်ခဲ့ ပြီး အချို့သောလုပ်ငန်းခွင်များဟာဆုံးရှုံးမှုကြီးမားခဲ့ကြပါတ ယ်။စီးပွားရေး လုပ်ငန်းခွင်များအတွက်သာမကကျန်းမာရေးဆိုင်ရာကုသစောင့်ေ ရှာက်မှုများအတွက်လည်းအထိအခိုက်ရှိခဲ့ ပါတယ်။ဗြိတိန်ရှိအ မျိုးသားကျန်းမာရေးဝန်ဆောင် မှုဌာနသို့လည်းအဆိုပါ Ransomware Virus ဟာဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
ငွေရေးကြေးရေးနှင့်ပတ်သက်သောလုပ်ငန်းခွင်များကိုတိုက်ခိုက်ခြင်း ထက်ကျန်းမာရေးဆိုင်ရာဌာနများကို တိုက်ခိုက်ခြင်းဟာပိုက် ဆံသာမက ကုသမှုအပိုင်းနှင့်လူတစ်ယောက်၏အချက်အလက်များပါဆုံးရှုံြး ကရပါ တယ်။အချို့သောလူနာများဟာသူတို့၏ ရောဂါလက္ခဏာအချက် အလက်များ ကိုလူသိမခံလိုကြပါဘူး။ထို့ေ ကြာင့်သက်ဆိုင်ရာဆရာဝန်များ ၊ ဆေးရုံများဟာအချက်အလက်များကို သေချာထိန်းသိမ်းထားကြရပါတယ် ။ ထိုကဲ့သို့virus တိုက်ခိုက်ခံရမှုများဟာသက်ဆိုင်ရာဆေးရုံရဲ့ယုံကြည်မှုကို သာမကလူနာတစ်ယောက်ရဲ့စိတ်အြေ ခအနေကိုလည်းထိခိုက်ပျက်စီးေ စပါတယ်။
ဆိုက်ဘာလုံခြုံရေးတိုက်ခိုက်ခံရဆုံးသော နေရာတစ်ခုကတော့ဘဏ်များ ဖြစ်ပါတယ်။ဘဏ်များဟာ ငွေစက္ကူများနဲ့သာမကဒစ်ဂျစ်တ ယ်ပိုက်ဆံ များနှင့် ပါလည်ပတ်နေသောကြောင့်ဟက်ကာများ အတွက်မျက်စိကျစရာ နေရာတစ်ခုဖြစ်ပါတယ်။ဒစ်ဂျစ် တယ်နဲ့လှုပ်ရှားလည်ပတ်နေသော ဘဏ်လုပ်ငန်းခွင်များတွင်ဘဏ် ရဲ့ပိုက်ဆံသာမကသုံးစွဲသူများရဲ့ပိုက်ဆံများပါဟက်ကာများ ၏လက်အတွင်းသို့သက်ဆင်းကြရပါ တယ်။ပြီးခဲ့ သည့်သြဂုတ်လကုန်တွင်ထွက်ရှိ ခဲ့သောMicrosoft ၏ဆိုက်ဘာလုံခြုံရေး အစီရင်ခံစာအသစ်အရအရှေ့တောင် အာရှကဲ့သို့သောဖွံ့ဖြိုးတိုးတက်ဆဲ ဈေးကွက်များတွင်Malware များနှင့်ကြုံတွေ့ရမှုနှုန်းဟာကမ္ဘာ့အမြင့်ဆုံး ဖြစ်နေပါတယ်။Software များမှတိုက်ခိုက်မှုကိုခုခံနိုင်စွမ်းအနိမ့်ဆုံးနိုင်ငံ များထဲတွင် မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့်ဗီ ယက်နမ် တို့ပါဝင်ကာMalware တိုက်ခိုက်မှုကြောင့်ထိခိုက် နိုင်မှုအမြင့်မားဆုံး အာရှပစိဖိတ်နိုင်ငံများကတော့ အထက်ဖော်ပြပါ၅နိုင်ငံအပြင် နီပေါ၊ထိုင်း၊ ဖိလစ်ပိုင်၊သီရိလင်္ကာ၊မလေးရှား၊ကိုရီးယား၊စင်ကာပူနှင့်န ယူးဇီလန်နိုင်ငံတို့ပါဝင်ပါ တယ်။ကိုရီးယားနိုင်ငံဟာကမ္ဘာ တစ်ဝန်းတွင်Ransomware တိုက်ခိုက်ခံရမှုဒုတိယအမြင့် ဆုံးဖြစ်ခဲ့ပါတယ်။ပြီးခဲ့သည့်စက်တင်ဘာလ ဆန်းပိုင်းကလည်း မြန်မာနိုင်ငံရှိwebsite အချို့Defacement Attack ပြုလုပ်ခြင်းခံခဲ့ရပါတယ်။ထိုသို့ပြုလုပ် ခံရခြင်းမှနေ၍ပုံမှန်အခြေအနေသို့ ပြန်လည်ရရှိအောင်လုပ်ဆောင်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စောင့်ကြည့်ကာကွယ်မှုများဆက် လက်ဆောင်ရွက်ရန်လိုအပ်လှပါတ ယ်။
လေဆိပ်ဌာနများတွင်ဆိုက်ဘာတိုက်ခိုက်မှုကြုံတွေ့ရပါကအခက် အခဲများကိုအချိန်နှင့်အမျြှ ကုံတွေ့ခံစား ရနိုင်ပါတယ်။မိ နစ်ပိုင်းအတွင်း လေယာဉ် ပေါင်းများစွာပျံသန်းဆင်းသက်နေသောနိုင်ငံတကာလေဆိပ်များ တွင်ဆိုက်ဘာတိုက်ခိုက်မှုကြုံရသည့်အခါ လေဆိပ်လုပ်ငန်းခွင်ဟာလည်ပတ် ခြင်း မပြုနိုင်တော့ဘဲရပ်ဆိုင်းသွားရကာထိုသို့ရပ်ဆိုင်းရခြင်းဟာအချိန်ကြာ သည်နှင့်အမျှခရီးသည်ရာပေါင်းများစွာအတွက်စောင့်စားခြင်းဒုက္ခကိုခံစားရစေပါတယ်။ယူကရိန်းနိုင်ငံရှိKIEV
Airport ဟာပြီးခဲ့သည့်ဇွန်လက ဆိုက်ဘာ တိုက်ခိုက်မှုခံစားရပြီး
လေယာဉ်ပျံသန်းမှုများ နှောင့်နှေး ကြန့်ကြာစေခဲ့ပါတယ်။“ပုံမှန်မဟုတ်သောအခြေအနေများဖြစ်ပျ က်တဲ့ အခါမှာ လေကြောင်းခရီးစဉ်များဟာကြန့် ကြာရစမြဲပါ”ဟု ဒါရိုက်တာ ဖြစ်သူYevhen Dykhne ကသူရဲ့Facebook မှာ ရေးသားထားခဲ့ပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုကိုမခံရ စေရန်အတွက်ကြိုတင်ကာကွယ်ခြင်းဟာ အထိရောက်ဆုံးနည်းလမ်းတစ်ခြု ဖစ်ပါတယ်။Log In ၀င်ရောက်မှုများနှင့် Password များကိုဖမ်းယူထားနိုင်သော၊ကိုယ်ရေး အချက်အလက်များကို ၀င်ရောက်ကြည့်ရှုနိုင်သောအများသုံးWifi များဖြင့်အလုပ်လုပ်ခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ရပါမယ်။အချို့သော သူများဟာ အရေးကြီး လုပ်စရာ မရှိသော်လည်းWifi ရရှိသောနေရာများတွင်အင်တာနက်စနစ် များကို ၀င်ရောက်ကြည့်ရှုအသုံးပြုလေ့ ရှိကြပါတယ်။အထူးသဖြင့် ဘူတာနှင့် လေဆိပ်များတွင်အသုံးပြုတတ်ြ ကပြီးထိုသို့အသုံးပြုခြင်းဟာ ဟက်ကာများ၏တိုက်ခိုက်မှုကြို ကုံတွေ့ရဖို့ရာခိုင်နှုန်းများပါတယ်။အချို့ သောသူများကတော့မိမိတို့၏ဖုန်းဘေ သက်သာစေရန်အတွက်အင်တာနက်လိုင်းအခမဲ့ရရှိသော နေရာများတွင်မိမိလိုချင်သည် များကိုအားပါးတရ Download ဆွဲခြင်းပြုလုပ်ကြပါတယ်။ထို အခါမိမိတို့ရဲ့Device များကို ထိခိုက်ပျက်စီးစေနိုင်သည့်V irus များလည်းပါရှိလာနိုင်ပါတယ်။ ရိုးရှင်း သော Password များကိုထားရှိခြင်းဟာလည်းမိ မိတို့ရဲ့အကောင့်များကို အခြားသူများအလွယ်တကူရရှိသွားနိုင်ခြင်းကြောင့်အထူးသတြိ ပုသင့် ကြောင်းကျွမ်းကျင်သူများကမှ တ်ချက်ပြုထားကြပါတယ်။လုံခြုံရေးဆိုင်ရာ မူဝါဒများ၊စနစ်များကိုအခါအားလျော်စွာအဆင့်မြှင့်တင်ထား ရန်လိုအပ်ပြီးလူမှုကွန်ရက်ဆိုင်ရာလုံခြုံရေးစနစ်များကို လည်းဗဟုသုတအနေဖြင့်သိရှိထား ရန်လိုအပ်ပါတယ်။အချို့သောအချက်အလက်များဟာCloud မှာ သိမ်းဆည်းထားပါကလုံခြုံစေနိုင်သော် လည်းCloud မှအချက်အလက် များကိုဖောက်ထွင်းရယူနေသောဟ က်ကာများလည်းရှိနေပါတယ်။“ဒစ်ဂျစ် တယ်စနစ်သို့ ပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာCloud စနစ်ဟာစိုးမိုး ပျံ့နှံ့မှုပိုများလာခဲ့ပြီး ကျွန်တော်တို့ဟာမဆုံးနိုင်တ့ဲ အခွင့်အလမ်းတွေကို လိုက်လံရှာဖွေနိုင်ဖို့အတွက်နည်းပညာ စွမ်းအားတွေရရှိနြေ ပီ ဖြစ်ပါ တယ်”ဟုMicrosoft Asia Pacific, Japan & Australia မှAssociate General Counsel ဖြစ်သူAntony Cookက ပြောပါတယ်။
နည်းပညာနဲ့တိုက်ခိုက်မှုဟာသက်ဆိုင်ရာနိုင်ငံရဲ့မူဝါဒများ၊သတ်မှတ်စံနှုန်းများကိုထိခိုက်ခြင်း တစ်မျိုးလည်းဖြစ်ပါတယ်။ ခေတ်ကာလ ပြောင်းလဲ လာမှုကြောင့်နိုင်ငံနှင့်လူမျိုးကိုချစ်သောသူများကိုလူမှု ကွန်ရက် များတွင် တွေ့မြင်လာရသလိုနိုင်ငံနှင့် လူမျိုးကိုနစ်မွန်းစေသည့်လူများလည်းလူမှု ကွန်ရက်ပေါ်မှာ မြင်တွေ့နိုင်ပါတယ်။ မြေပြင်တိုက်ခိုက်မှုထက် နည်းပညာနှင့်တိုက်ခိုက်ခြင်းကိုလည်းသက်ဆိုင်ရာနိုင်ငံများ ဟာခုခံ ကာကွယ်တန်ပြန်တိုက်ခိုက်နြေ ကရပါတယ်။
ငြိမ်းချမ်းတိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
လူမှုကွန်ရက်စနစ်များမှနေ၍တိ
ငွေရေးကြေးရေးနှင့်ပတ်သက်သေ
ဆိုက်ဘာလုံခြုံရေးတိုက်ခိုက
လေဆိပ်ဌာနများတွင်ဆိုက်ဘာတိ
ဆိုက်ဘာတိုက်ခိုက်မှုကိုမခံရ
နည်းပညာနဲ့တိုက်ခိုက်မှုဟာသက
ငြိမ်းချမ်းတိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/