9/01/2017

♪ ဟက်ကာတွေက Facebook Messenger သုံးပြီး အဆင့်မြင့် malware code များ ဖြန့်ဝေနေ ♫


ဟက်ကာတွေဟာ Facebook Messenger ကိုအသုံးပြုပြီး adware ပုံစံအမျိုးမျိုးနဲ့ အန္တရာယ်ရှိတဲ့ link တွေကို ပျံ့နှံ့အောင် ပြုလုပ်နေတယ်လို့ သိရပါတယ်။


အဲဒီ အန္တရာယ်ရှိ malware တွေက ဘယ်လောက်အထိ ပျံ့နှံ့နေတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ malware ကြောင့် password တွေအခိုးခံရနိုင်သလို web browser တွေအပိုင်စီးခံရခြင်း ဒါမှမဟုတ် clickjacking ပြုလုပ်ခံရခြင်းတို့နဲ့ ကြုံတွေ့ရနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောခဲ့ပါတယ်။

“Platform မျိုးစုံမှာရှိတဲ့ malware/adware တွေက Facebook Messenger ကတစ်ဆင့် ပျံ့နှံ့နေပါတယ်။ ခြေရာမခံနိုင်အောင် domain တွေအများကြီးသုံးထားပြီး click နှိပ်ခိုင်းပါတယ်။ အဲဒီ code ဟာ အဆင့်မြင့်ပြီး ရှုပ်ထွေးပါတယ်” လို့ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ Kaspersky Lab က ပညာရှင်ဖြစ်သူ ဒေးဗစ်ဂျာကော့ဖ်ဘီက ပြောခဲ့ပါတယ်။

ဟက်ကာတွေသုံးတဲ့ Facebook message မှာ သုံးစွဲသူတွေက link ကို နှိပ်အောင် သမားရိုးကျ social engineering နည်းဗျူဟာကို အသုံးပြုထားပါတယ်။ ဟက်ကာတွေက သုံးစွဲသူအပေါ်မူတည်ပြီး content တွေကို ဒီဇိုင်းဆွဲထားတဲ့သဘောပဲ ဖြစ်ပါတယ်။

ဥပမာဆိုရင် အဲဒီ message အတိုတွေက ပစ်မှတ်ထားခံရသူအမည်နဲ့ ဝင်လာတတ်ပြီး အံ့အားသင့်နေတဲ့ မျက်နှာ emoji နဲ့ ဗီဒီယိုကို ညွှန်းထားတဲ့ Bit.ly link လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီ link ကကြည့်နိုင်တဲ့ ရုပ်ရှင်ကားပုံစံအတိုင်း dynamic Google Doc စာမျက်နှာကို ရည်ညွှန်းထားပါ တယ်။ အဲဒါကို နှိပ်လိုက်ရင် malware ဟာ ပစ်မှတ်ထားခံရသူရဲ့ ဝက်ဘ်ဆိုက်တွေထဲဝင်ရောက်ပြီး ကွန်ပျူတာရဲ့ operating system နဲ့ internet browser တို့ကို ဆန်းစစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
စိုးထက်
Credit to ==> Internet Journal
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com