
Apple မှ iPhone 8,iPhone 8 Plus,iPhone X
တို့ကလွဲရင် အရင်က ထွက်ရှိထားတဲ့ Models တွေ ကို
ဈေးချပေးလိုက်တယ်လို့သိရပါတယ်။ဒီလိုဈေးချပေးထားတဲ့ဖုန်းအမျိုးအစားနဲ့
လက်ရှိထွက်တဲ့ ဖုန်းတွေ ရဲ့ ဈေးနှုန်းကို အစဉ်လိုက်ဖော်ပြပေးခဲ့ပါတယ်။
4-inch
ဆိုဒ်ရှိတဲ့ iPhone SE ရဲ့ လျှော့ချတဲ့ ဈေးနှုန်းအသစ်က ဝယ်ယူသူတွေအနေနဲ့
ထိုက်တန်မှု ရှိတယ်လို့ဆိုရမှာပါ။iPhone SE ရဲ့ 32GB version ကို $349
ရောင်းချသလို 128GB ကို $ 449 နဲ့ စတင်ရောင်းချလိုက်ပါတယ်။
iPhone 6s နဲ့ iPhone 6s Plus တို့ဟာ
အလယ်အလတ်တန်းစားထက်အနည်းငယ်ပိုမြင့်တဲ့ Device တွေဖြစ်ပြီး 32 နဲ့ 128 GB
ဆိုပြီး ထွက်ရှိတာဖြစ်ပါတယ်။iPhone 6s ကို $449 နဲ့ ရောင်းချပြီး iPhone 6s
Plus ကို $ 549 နဲ့ ရောင်းချလိုက်ပြီဖြစ်ပါတယ်။
iPhone 7 နဲ့ iPhone 7 Plus မှာလည်း 32 နဲ့ 128 GB
ရှိပြီး iPhone 7 ကို $ 549 နဲ့ရောင်းချပြီး 7 Plus ကို $669
နဲ့ရောင်းချတာဖြစ်ပါတယ်။ iPhone 8 ရဲ့ ဈေးနှုန်းက 64 GB အတွက် $699 ဖြစ်ပြီး
256 GB က $ 849 ဖြစ်ပါတယ်။iPhone ရဲ့ Upgrade Program အတွက် တစ်လကို 34.50
ဒေါ်လာကျသင့် မှာဖြစ်မှာဖြစ်ပါတယ်။
iPhone X ကို ပြည်ပရောင်းဈေးအနေနဲ့ 64GB $999
နဲ့ရောင်းချပြီး 256GB ကို $1149 ရောင်းချတာဖြစ်ပါတယ်။64 GB အတွက် upgrade
program ဟာ တစ်လကို $ 49.91 ဖြစ်ပါတယ်။ 256 GB အတွက် upgrade program က $ 56.16 ဖြစ်ပါတယ်။