9/15/2017

♪ iPhone X နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အကြောင်းအရာ အားလုံး ♫


Apple က iPhone ထုတ်လုပ်မှု ၁၀ နှစ်ပြည့် အထူးထုတ် စမတ်ဖုန်း ဖြစ်တဲ့ iPhone X ကို မိတ်ဆက်လိုက်ပါပြီ။ iPhone X နဲ့အတူ iPhone 8 နဲ့ iPhone 8 Plus တို့ကို Apple ရဲ့ ရုံးအသစ်မှ Steve Jobs Theater မှာ ပြသလိုက်ပါတယ်။ အဲဒီ ဖုန်းအသစ်သုံးလုံးထဲမှာ iPhone X က စွမ်းရည် အမြင့်မားဆုံး ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းမှာလည်း သူက အထူးခြားဆုံးဖြစ်ပါတယ်။ 



ရောင်းချမယ့် အချိန်
iPhone X ကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။ iPhone 8 နဲ့ iPhone 8 Plus တို့ကိုတော့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရောင်းချမှာပါ။ iPhone X ကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကြိုတင်မှာယူခွင့်ပေးမှာ ဖြစ်ပါတယ်။ အခြား ဖုန်း ၂ လုံးကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာပါ။ 

ဈေးနှုန်း
iPhone X ဟာ ဖုန်း ၃ လုံးထဲမှာ ဈေးအကြီးဆုံး ဖြစ်ပြီး 64GB iPhone X ကို ၉၉၉ ဒေါ်လာနဲ့ 256GB Model ကို ၁၁၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် ၁ ၃၅၀ ၀၀၀ နဲ့ ၁ ၅၅၀ ၀၀၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။

မျက်နှာပြင်
သူ့မှာ Bezelless Display တပ်ဆင်ထားပြီး မျက်နှာပြင်အောက်ခြေမှ Physical Buttons များကို ဖယ်ရှားထားပါတယ်။ AMOLED Display တပ်ဆင်ထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ကို Super Retina Display လို့ အမည်ပေးထားပြီး ၅.၈ လက်မ အရွယ် ဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၅၈ ဖြစ်တဲ့အတွက် ထွက်ဖူးသမျှ iPhone အားလုံးထဲမှာ အကောင်းဆုံး မျက်နှာပြင်ပါ။ သူ့ရဲ့ Resolution မှာ 1125x2436p ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ HDR10 နဲ့ Dolby Vision တို့ကို ထောက်ပံ့ပါတယ်။ 3D Touch ကိုလည်း အသုံးပြုနိုင်ပါတယ်။ မျက်နှာပြင်ရဲ့ ထိပ်ပိုင်းအနည်းငယ်ကို Selfie Camera, Earpiece နဲ့ Sensors များအတွက် နေရာပေးထားပါတယ်။ 

FaceID
လက်ဗွေရာ အာရုံခံ ကိရိယာ မပါတော့တဲ့အတွက် TouchID ကို အသုံးပြုလို့ မရတော့ဘဲ အဲဒီအစား FaceID ကို ထည့်သွင်းပေးထားပါတယ်။ FaceID ဟာ မျက်နှာကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အမှောင်ထဲမှာတောင် အလုပ်လုပ်ပါတယ်။ သူက မျက်နှာမှ ဧရိယာပေါင်း ၃၀ ၀၀၀ ကို အာရုံခံတွက်ချက်နိုင်တဲ့အတွက် လက်ဗွေရာ အာရုံခံ ကိရိယာထက် ပိုမို လုံခြုံစိတ်ချရပါတယ်။ သူ့ရဲ့ Failure Rate ဟာ အကြိမ်ပေါင်း ၁ ၀၀၀ ၀၀၀ မှ ၁ ကြိမ် ဖြစ်ပြီး လက်ဗွေရာ အာရုံခံ စနစ်ရဲ့ Failure Rate ကတော့ အကြိမ်ပေါင်း ၅၀ ၀၀၀ မှာ ၁ ကြိမ် ဖြစ်ပါတယ်။ ဒါပေမယ့် အမွှာများကတော့ FaceID ကို လှည့်စားသွားနိုင်တယ်လို့ ကုမ္ပဏီက သတိပေးထားပါတယ်။ 

TouchID နဲ့ အလုပ်လုပ်တဲ့ App အားလုံးဟာ FaceID နဲ့ အလုပ်လုပ်ပါတယ်။ အဲဒီအထဲမှာ Apple Pay လည်း ပါဝင်ပါတယ်။ မျက်နှာဖြင့် ဖုန်းကို Unlock လုပ်နိုင်ပါတယ်။ ဖုန်းကို Unlock လုပ်ဖို့ Tap to Wake စွမ်းဆောင်ချက်ကိုလည်း သုံးနိုင်ပါတယ်။ 

Specifications
iPhone X ကို Apple A11 Chipset က မောင်းနှင်ပြီး သူ့မှာ စွမ်းဆောင်ရည်မြင့် Cores ၂ လုံး နဲ့ စွမ်းအင်ချွေတာပေးတဲ့ Core ၄ လုံး တပ်ဆင်ထားပါတယ်။ Chipset က အလွန် လျှင်မြန်ပြီး 3D Games , AR နည်းပညာများ အားလုံးကို ကောင်းစွာ ကိုင်တွယ်နိုင်ပါတယ်။ 

Apple က iPhone X မှာ ပါတဲ့ RAM ပမာဏကို ပြောကြားခြင်း မရှိပါဘူး။ iPhone 7 Plus မှာလိုပဲ iPhone X မှာ 3GB RAM ထည့်သွင်းထားနိုင်ပါတယ်။ 

ကင်မရာ
Apple က ၂၀၁၇ ခုနှစ်ထုတ် iPhone Series များမှာ 12MP Cameras များကို အသုံးပြုထားပါတယ်။ Telephoto နဲ့ Wide Lens ၂ ခုစလုံးမှာ Optical Image Stabilization ကို အလိုရှိရင် iPhone X ကို ရွေးချယ်သင့်ပါတယ်။ iPhone X ရဲ့ Sensors များဟာ ပိုမိုကြီးမားပြီး မြန်ဆန်လာပါတယ်။ Apple က Deep Pixels များကို ဖမ်းယူပေးနိုင်တယ်လို့ ပြောပါတယ်။ မြင်ကွင်းကျယ် ကင်မရာရဲ့ အလင်းဝင်ပေါက်ဟာ f/1.8 ဖြစ်ပြီး Telephoto ရဲ့ အလင်းဝင်ပေါက်ဟာ f/2.4 ဖြစ်ပါတယ်။ Portrait Lighting လို့ခေါ်တဲ့ Portrait Mode အတွက် စွမ်းဆောင်ချက် အသစ်တစ်ခုပါလာပါတယ်။ သူက Portrait Photos များအတွက် Subject များကို သင့်တော်စွာ အလင်းပေးနိုင်ပါတယ်။ 

အနောက်ကင်မရာ ၂ လုံးက တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် 4K 2160p Video များကို ရိုက်ကူးနိုင်တဲ့ ပထမဆုံး မိုဘိုင်း ကင်မရာများ ဖြစ်လာပါတယ်။ Selfie Camera ကလည်း FaceID က ထောက်ပံ့တဲ့ အသေးစိတ် သတင်းအချက်အလက်များကြောင့် Portrait Lighting အပါအ၀င် Portrait Mode ကို ထောက်ပံ့လာပါတယ်။ 

ကြိုးမဲ့ အားသွင်းစနစ်


iPhone X မှာ ကြိုးမဲ့အားသွင်းစနစ်ပါလာပြီး AirPower အမည်ရ Charging Pad နဲ့ တွဲဖက် အသုံးပြုရမှာပါ။ ဖုန်းကို AirPower Pad ပေါ်တင်လိုက်တာနဲ့ အိုကေပါပြီ။ AirPower က Apple Watch, AirPods တို့ကိုလည်း တစ်ပြိုင်နက် ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။ လာမယ့်နှစ်မှာ ရောင်းချမယ့် AirPower ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ 

Augmented Reality Features


Apple က AR နည်းပညာကို iPhone X မှာ ထည့်သွင်းပေးထားပါတယ်။ iOS 11 Beta မှာ သင့် ပတ်ဝန်းကျင်ကို Virtual Playground အဖြစ် ဖန်တီးနိုင်ပါပြီ။ သင့်ရဲ့ ပတ်ဝန်းကျင်မှာ ဒစ်ဂျစ်တယ် အရာဝတ္ထုများကို ဖန်တီးခြင်းဖြင့် ဂိမ်းများ ကစားနိုင်ပါတယ်။




Credit to ==>> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com