9/02/2017

♪ “3GB RAM ပါတဲ့ Xiaomi Redmi 4A ကိုရောင်းချ” ♫

No automatic alt text available.

ရှောင်မီကအိန္ဒိယမှာ Redmi 4a မော်ဒယ် အသစ်ကိုရောင်းချပေးလိုက်ပါ တယ်။ မော်ဒယ် အသစ်မှာ 3GB RAM ထည့်သွင်းထားပြီး 2GB RAM ထည့်သွင်းထားတဲ့ ယခင်မော်ဒယ်ထက် စွမ်းရည် အနည်းငယ် ပိုမိုကောင်း လာပါတယ်။

အခြား Specification များကတော့ မော်ဒယ် အသစ်နဲ့ အဟောင်းမှာ တူညီကြပါတယ်။ Xiaomi Redmi 4A မှာ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ Qualcomm Quad-Core Snapdragon 425 Chipset ထည့်သွင်းထားပါတယ်။ 32GB Storage အပြင် 256GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Hybrid SIM Slot ဖြစ်တဲ့အတွက် SIM Card ၂ ခုတစ်ပြိုင်နက် အသုံးပြုရင် microSD Card စိုက်လို့ မရပါဘူး။ 13MP Rear Camera, 5MP Front Camera များတပ်ဆင်ထားပါတယ်။ 3120mAh Battery ကိုအသေတပ်ဆင်ထား ပါတယ်။ ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များရွေးချယ်နိုင်ပါတယ်။

မော်ဒယ် အသစ်ကို သြဂုတ်လ ၃၁ ရက်နေ့မှာအိန္ဒိယတွင်စတင် ရောင်းချ မှာ ဖြစ်ပြီးအိန္ဒိယရူပီး ၇၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် ၁၅၀ ၀၀၀ ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ မူလမော်ဒယ်ရဲ့ ဈေးနှုန်း ကတော့ ဒေါ်လာ ၆၀၀၀ ဖြစ်ပါတယ်။ မော်ဒယ် အသစ်ကိုတော့ Mi.com , Flipkart, PayTM, TataCLIQ, Amazon India တို့ ကနေရောင်းချပေးမှာ ဖြစ်ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com