9/02/2017

♪ Meizu ထဲမှအမြင့်ဖုန်းဖြစ်တဲ့ တန်ဖိုးမှာ ၅၅၉,၀၀၀/- ကျပ်ဝန်းကျင်ရှိ “Meizu Pro 7” ♫

Image may contain: 1 person, smiling, text

တရုတ်နိုင်ငံအခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူ Meizu ဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွက် ထူးခြားကောင်းမွန်သော စွမ်းရည်မြင့် စမတ်ဖုန်း နှစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ ထိုဖုန်းများကတော့ Meizu Pro 7 နဲ့ Pro 7 Plus တို့ဖြစ်ပါတယ်။ ထိုဖုန်း များရဲ့ထူးခြားချက်မှာ နောက်ကျောဘက်တွင် Dual Camera နှင့် ဒုတိယမျက်နှာပြင်ငယ်ပါရှိခြင်းဖြစ်ပါတယ်။ အခြား သော ဖုန်းများထက် ပိုမိုသာလွန်ကောင်းမွန်သောဒီဇိုင်း ရှိပြီး အဆိုပါ ဒုတိယမျက်နှာပြင်ငယ်တွင် အချိန်နှင့် ရာသီဥတုအခြေအနေများ ကိုလည်း ဖော်ပြပေးမှာဖြစ်ပါတယ်။ အဆိုပါမျက်နှာပြင်အကျယ်အ၀န်းကတော့ 2 inches ရှိပြီး၊ ထောက်ပံ့ပေးထားသော pixels ပမာဏမှာ 240x536 ဖြစ်ပါတယ်။ 2G/3G/4G Network များကိုထောက်ပံ့ပေးနိုင်မယ့် Pro 7 ရဲ့ ကိုယ်ထည်အရွယ်အစား ပမာဏကတော့ 147.6x70.7x7.3 mmရှိကာ အလေးချိန်မှာ 163g ရှိပါတယ်။

ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ကာ၊ အသုံးပြုနိုင်မယ့် ဆင်းကတ်အရွယ်အစားကတော့ Nano SIM ပါ။ Pro 7 ရဲ့ မျက်နှာပြင်တွင် Super AMOLED capacitive touchscreen ကို အသုံးပြုပေးထားပြီး မျက်နှာပြင်အကျယ်အ၀န်းပမာဏကတော့ 5.2 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏမှာ 1080x1920 ပါ။ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 423ppi ဖြစ်ပါတယ်။ Multitouch စနစ်တွင် Flyme 6 ကို အသုံးပြုရမှာဖြစ်ပါတယ်။ Dual LED (Dual Tone) Flash စနစ်နဲ့ တွဲဖက်အသုံးပြုရမယ့် အဓိက,ကင်မရာမှာ Dual 12MP, f/2.0 စွမ်းရည် ဖြစ်ပါတယ်။ ရှေ့ကင်မရာငယ်မှာ 16MP, f/2.0 စွမ်းရည်ရှိသောကြောင့် လှပကောင်းမွန်သော Selfie ပုံများကို ပေးစွမ်းမယ့်ဖုန်းဖြစ်ပါတယ်။ 2160p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို 30frames နှုန်းရရှိပါမယ်။ လုံခြုံရေးစနစ်ပိုင်းအတွက်လည်း လက်ဗွေရာစနစ်ကို ထည့်သွင်းပေးထားပြီး လက်ဗွေရာစနစ်ဟာ စက္ကန့်ပိုင်းအတွင်းဖုန်းကို စတင်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ CPU ထည့် သွင်းပေးမှုအပိုင်းဟာလည်း အဆင့်မြင့်လာပြီး ထုတ်လုပ်ရောင်းချရာ ဈေးကွက်ပေါ်မူတည်၍ CPU နှင့် GPU မှာ အနည်းငယ် ကွဲပြားမှုရှိ ပါတယ်။ Deca Core စွမ်းရည်ရှိသော CPU ဟာ ဖုန်းကိုအသုံးပြုတဲ့ အခါတွင် အလွန်လျင်မြန်သော တုံ့ပြန်မှုကိုပေးစွမ်း မှာဖြစ်ပါတယ်။

အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Android 7.0 (Nougat) ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် Internal Storage မှာ 64 (သို့) 128GB ရှိပါမယ်။ RAM ကိုတော့ 4GB ထည့်သွင်းပေးထား ပါတယ်။ ဖုန်းတွင်းမှတ်ဥာဏ် ပမာဏများပြားခြင်းကြောင့် Card Slot စနစ် အသုံးပြုနိုင်အောင် ဆောင်ရွက်မပေးထားပါဘူး။

Pro 7 တွင် တပ်ဆင်ထားသော Chip အစွမ်းကြောင့် Audio ပိုင်းတွင် ပိုမိုသာလွန်ကောင်းမွန်ပါတယ်။ အသံတွေဟာ ကြည်လင်ပြတ်သားတဲ့ အပြင် ဖုန်းကနေ တစ်ဆင့်ထုတ်လွှင့်သော အသံတွေရဲ့လှိုင်းနှုန်းဟာ လည်း ပိုမိုကျယ်ပြန့်လာပါတယ်။ Hi-Fi လှိုင်းနှုန်းဟာလည်း ၇၅% ပိုမို တိုးတက်လာပါတယ်။ ဓာတ်ပုံရိုက်ကူးတဲ့အခါတွင် ပုံထွက်ကောင်းမွန်နေ စေရန်အတွက် ကင်မရာဆက်စပ်ပတ်သက်စနစ်များဟာလည်း စွမ်းရည်ပြည့်ဝ လှပါတယ်။ ရှေ့ကင်မရာငယ်ဟာ အလိုအလျောက် အလင်းထုတ်ပေးနိုင်မှု စနစ်နှင့်ပေါင်းစပ်သည့်အခါ တောက်ပကောင်းမွန် သောဓာတ်ပုံများကို ဖြစ်ပေါ်စေပါတယ်။ Blurring Mode လည်းပါရှိ တာကြောင့် နောက်ခံနဲ့ ရိုက်ကူးလိုသောပုံရိပ်ကို ခွဲခြား၍မှတ်တမ်း တင်နိုင်မှာဖြစ်ပါတယ်။ Music Player လုပ်ဆောင်ချက်ဟာ နောက်ကျော ဘက်မျက်နှာပြင်တွင် လာရောက်ပြသပေးနေမှာဖြစ်ပြီး၊ မည်သည့် အခြေအနေမှာပင်ဖြစ်ဖြစ် သီချင်းနားထောင်တဲ့အခါမှာအဆင်ပြေစေ မှာဖြစ်ပါတယ်။ အချက်အလက် လွှဲပြောင်းပေးပို့နိုင်မှုစနစ်တွင် Bluetooth Version ဟာ 4.2, A2DP, LE ဖြစ်ပြီး၊ USB ကတော့ Type C 1.0 Reversible Connector ဖြစ်ပါတယ်။ GPS နှင့် NFC စနစ်များလည်း ထောက်ပံ့ပေးထားပါသေးတယ်။ အချက်အလက်များကို လွှဲပြောင်းပေးပို့ တဲ့အခါ 1GB ဖိုင်ကို စက္ကန့်ပိုင်းအတွင်းမှာ အပြီးပေးပို့နိုင်မှာဖြစ်ပါတယ်။

အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 3000mAh ဖြစ်ပါတယ်။ ထိုဘက်ထရီဟာ ဖုန်းကို အသုံးပြုတဲ့အခါတွင် အချိန်ကြာမြင့်စွာခံနိုင်စွမ်းရှိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဖုန်းအားကုန် သွားသည့်အခါတွင်လည်း အချိန်တိုအတွင်း ဖုန်းအားပြည့် စေရန် အားသွင်း မြန်ဆန်သောစနစ်ကိုထည့်သွင်းပေးထားပါသေးတယ်။ အဆိုပါစနစ်ကတော့ mCharge 3.0 ဖြစ်ပြီး၊ ၁၀ မိနစ်ကြာ အားသွင်း ပါက ၂၆% အားပြည့်စေမှာဖြစ်ပါတယ်။ အရောင်ရွေးချယ်နိုင်မှုအပိုင်းတွင် Meizu Pro 7 ၌ လှပသော အရောင် ၃ ရောင်ရှိပါတယ်။ အနက်၊ ရွှေနှင့် အနီတို့ဖြစ်ပြီး အနီရောင်ဟာ ထင်ရှား၍ စတိုင်ကျစေသော အသွင်အပြင် ရှိပါတယ်။ မျက်နှာပြင် ကျယ်ပြန့်သောဖုန်းကို အသုံးပြုချင်သူများအနေဖြင့် Pro 7 Plus ကို ရွေးချယ်သင့်ပါတယ်။ Pro 7 Plus ဟာ 5.7 inches အကျယ်အ၀န်း ရှိပြီး Li-Ion 3500mAh စွမ်းရည်ရှိသော ဘက်ထရီပါရှိ ပါတယ်။ Pro 7 ကို ဈေးကွက်အတွင်း မကြာမီဝယ်ယူရရှိနိုင်မှာဖြစ်ကာ တန်ဖိုးမှာ ၅၅၉,၀၀၀/- ကျပ်ဝန်းကျင်ရှိပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com