9/16/2015

♪ iPhone 6S အလေးချိန်တိုးလာခြင်းမှာ 7000-series အလူမီနီယံသတ္တုစပ်ကြောင့် မဟုတ်ဟုဆို ♫


iPhone 6S နှင့် 6S Plus သည် ယခင် iPhone 6 နှင့် 6 Plus ထက် အလေးချိန် ပိုမိုလာခဲ့သော်လည်း ထိုကဲ့သို့ အလေးချိန်တိုးလာခြင်းမှာ 7000-series အလူမီနီယံသတ္တုစပ်ကြောင့် မဟုတ်ကြောင်း သိရသည်။
6S Plus တွင် အသုံးပြုထားသည့် အလူမီနီယံသည် ယခင်အမျိုးအစားတွင် အသုံးပြုထားသော အလူမီနီယံထက် ၂ ဂရမ်သာ ပိုမိုကြောင်းနှင့် 6S တွင် အသုံးပြုထားသည့် အလူမီနီယံ၏ အလေးချိန်သည် iPhone 6 ထက် ၁ ဂရမ် လျော့နည်းကြောင်း Apple မှ ပြောကြားခဲ့သောကြောင့် အလူမီနီယံသတ္တုစပ်သစ် က iPhone အသစ်များ အလေးချိန် တိုးလာခြင်း၏ အဓိက အကြောင်းအရင်း မဟုတ်ပေ။


iPhone အသစ်များ၏ အလေးချိန်တိုးလာခြင်းသည် ယခင်ထက် အလေးချိန် နှစ်ဆကျော်ပိုမိုလာသည့် 3D Touch display သစ်ကြောင့် ဖြစ်ကြောင်း ဆိုသည်။ iPhone 6 တွင် display အလေးချိန်သည် ၁၂ ဂရမ်သာ ရှိသော်လည်း 6S တွင် ၂၉ ဂရမ်အထိ ရှိလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် Apple သည် ဖိအားကို တိုင်းတာသိရှိနိုင်ရန်အတွက် display တွင် layer သစ်တစ်ခုကို ထည့်သွင်း ခဲ့ခြင်းကြောင့် ဖြစ်သည်။ အဆိုပါ capacitive pressure sensor သစ်တစ်ခုကို display ၏ backlight တွင် ထည့်သွင်းထားသောကြောင့် screen က အနည်းငယ် ထူပြီး လေးလံလာခြင်း ဖြစ်သည်။

Ref: TheVerge
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com