9/28/2015

♪ Android User တိုင်းလေ့လာမှတ်သားထားသင့်တဲ့ - “Mobile User Guide” ♫


Android Apps များဟာ လူတွေရဲ့ နေ့စဉ်လူနေမှုဘ၀များကို များစွာ အကျိုးဖြစ်ထွန်းစေပါတယ်။ မှတ်စုများမှတ်သားခြင်း၊ အင်တာနက်မှ ဆောင်းပါးများကို သိမ်းဆည်းခြင်း၊ လုပ်ဖော်ကိုင်ဖက်များနဲ့ Documents များကို အတူတကွ ဖန်တီးခြင်း၊ ကျောင်းစာများကို မှတ်သားခြင်း စတဲ့ အလုပ်များကို လွယ်ကူစွာ ပြုလုပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒီတစ်ပတ် Mobile User Guide ကဏ္ဍမှာ နာမည်ကြီး မှတ်စှုရေးသားတဲ့ Evernote ၊ ဓါတ်ပုံနှစ်ခုကို လွယ်ကူစွာ ဆက်ပေးနိုင်တဲ့ Photocon ၊ Virus များကို ကာကွယ်ပေးမယ့် iObit AMC Security-Protector , Booster ၊ အကောင်းဆုံး WiFi Network များကို ရှာဖွေပေးမယ့် Rotten WiFi နဲ့ ဖုန်းရဲ့ ဘက်ထရီသက်တမ်းကို မြှင့်တင်ပေးမယ့် DU Battery Saver တို့ကို ဖော်ပြ ပေးလိုက်ပါတယ်။
<Photocon>
Photocon က ဓါတ်ပုံနှစ်ပုံကို ပေါင်းစပ်ပေးတဲ့ Android App ဖြစ်ပါတယ်။ Photoshop လို ခက်ခဲတဲ့ Tools များ အသုံးပြုစရာမလိုဘဲ လွယ်ကူစွာ အလုပ်လုပ်ပေးနိုင်ပါတယ်။ Sergei Solovyev က တီထွင်တာဖြစ်ပါတယ်။ နှစ်သက်ရာ ဓါတ်ပုံတစ်ပုံကို ရိုက်ကူးပြီး ပုံနှစ်ခုရဲ့ အလယ်မျဉ်းကို သတ်မှတ် ပေးရမှာပါ။ အဲဒီနောက်မှာ နောက်ဓါတ်ပုံတစ်ခုကို ရိုက်ကူးရမှာ ဖြစ်ပါတယ်။ App ရဲ့ Interface မှာ စွမ်းဆောင်ချက်များစွာ ပါရှိပါတယ်။ ဘယ်နဲ့ ညာ အတွက် Shutter Button နှစ်ခုကို ပြုလုပ်ပေးထားတာက ဓါတ်ပုံနှစ်ခုရဲ့ တည်နေရာကို ရွေးချယ်ရာမှာ အဆင်ပြေစေပါတယ်။ Flash ကို အဖွင့်၊ အပိတ်လုပ်နိုင်တဲ့ ခလုတ်နဲ့ Timer စွမ်းဆောင်ချက်လည်းပါရှိပါတယ်။ Timer ကတော့ အချိန်သတ်မှတ်ပေးပြီး အလိုအလျောက် ဓါတ်ပုံရိုက်ကူးစေတာ ဖြစ်ပါတယ်။ Night Mode နဲ့ Distant Objects လို Photo Shooting Modes များစွာ ပါရှိပါတယ်။ Photocon ကို Google Play Store မှာ အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ အခမဲ့ ဆိုပေမယ့် အခြား Apps များမှာလို ကြော်ငြာနဲ့ In-App Purchases များမပါရှိပါဘူး။ Photocon ဟာ ဓါတ်ပုံနှစ်ခု ကို ဆက်ဖို့အတွက် ကောင်းမွန်ပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
<iObit AMC Security-Protector, Booster>
iObit က တီထွင်တဲ့ App ဖြစ်ပြီး Antivirus App တစ်ခုဖြစ်ပါတယ်။ ဖုန်းပျောက်သွားရင်လည်း တည်နေရာကို ခြေရာခံနိုင်တဲ့ စွမ်းဆောင်ချက် လည်း ပါရှိပါတယ်။ iObit က Advanced Mobile Care ကို AMC အနေနဲ့ တဖန် အသက်သွင်းတာဖြစ်ပါတယ်။ App ကို အခမဲ့ အသုံးပြုရင် သူ့ရဲ့ အဓိကစွမ်းဆောင်ချက်များကို အသုံးပြုနိုင်ပေမယ့် တစ်နှစ်လျှင် ၉.၉၉ ဒေါ်လာ ပေးဆောင်ရင်တော့ အချိန်သတ်မှတ်ပြီး အလိုအလျောက် Scan ပြုလုပ်ခြင်း၊ Virus Definition ကို အလိုအလျောက် Update ပြုလုပ်ခြင်း၊ ဖုန်းကို သူခိုးများလက်မှ ကာကွယ်ဖို့အတွက် အပို စွမ်းဆောင်ချက်များ ပါရှိခြင်း၊ ဖိုင်များကို ဖွက်ထားနိုင်တဲ့ Vault ပါခြင်းနဲ့ Phishing Sites များမှ ကာကွယ်ခြင်း စတဲ့ စွမ်းဆောင်ချက်များကို အသုံးပြုနိုင်မှာပါ။ App မှာ Fast Scan နဲ့ Deep Scan ဆိုတဲ့ Scan Mode နှစ်မျိုးပါရှိပါတယ်။ Deep Scan ကို အသုံးပြုရင် ဖုန်းမှ ဖိုင်အားလုံးကို စစ်ဆေးပေးမှာဖြစ်ပြီး Fast Scan ကတော့ အရေးကြီးတာတွေကိုပဲ စစ်ဆေးပေးတာပါ။ ဖုန်းမှာ ဂိမ်းဆော့သူများ အတွက်လည်း AMC က နှေးကွေးလေးလံခြင်းမရှိပါဘူး။ AMC မှာ ဖုန်းပျောက်သွားရင် အဝေးကနေ တည်နေရာကို ခြေရာခံနိုင်ခြင်း၊ ဒေတာများကို ဖျက်ဆီးခြင်း၊ Lock ပြုလုပ်ခြင်း စတဲ့ Anti-Theft Features များလည်း ပါရှိပါတယ်။ AMC မှာ Anti-Phishing နဲ့ Surfing Guard Tools များလည်းပါရှိပါတယ်။ အင်တာနက် ၀က်ဆိုက်များ ကြည့်ရှုတဲ့အခါမှာ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
<Rotten WiFi>
Rotten WiFi ဟာ ကမ္ဘာပေါ်မှာရှိတဲ့ WiFi Hotspot များရဲ့ အမြန်နှုန်းကို တိုင်းတာပေးပြီး အဆင့်သတ်မှတ်ချက်များကို ပြုလုပ်ပေးပါတယ်။ WiFi Hotspot များရဲ့ ဒေတာများကို စုဆောင်းပေးထားတဲ့ Crowdsourced Wireless Network Reviews လည်းဖြစ်ပါတယ်။ လစ်သူရေးနီးယား ကုမ္ပဏီ UAB က တီထွင်တာဖြစ်ပြီး App ကိုဖွင့်တာနဲ့ ချိတ်ဆက်နေတဲ့ WiFi Network ရဲ့ Name, IP Address နဲ့ ISP ရဲ့တည်နေရာတို့ကို ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စမ်းသပ်မှုကို ပြုလုပ်နိုင်ပါတယ်။ ပထမဆုံး သင့်ရဲ့ ၀ိုင်ဖိုင်ဟာ Free, Paid, Private စတဲ့ အမျိုးအစားကို ရွေးချယ်ပေးရမှာပါ။ အမြန်နှုန်းကို စမ်းသပ်တဲ့အခါမှာ Upload, Download Speed များကိုသာမကဘဲ သင့်ရဲ့ ၀ိုင်ဖိုင်ကို အဆင့် တစ်ကနေ တစ်ဆယ် အတွင်း အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သင့်ရဲ့ ၀ိုင်ဖိုင်ကို Rotten, Fair, Good, Excellent စသဖြင့် သတ်မှတ်ပေးမှာပါ။ Rotten အဆင့်ကတော့ အလွန်ညံ့တဲ့ ၀ိုင်ဖိုင်ဖြစ်ပါတယ်။ App ကို အသုံးပြုရင် သင့်ရဲ့ ISP နဲ့ Carrier များက ကြေညာထားတဲ့ အမြန်နှုန်းကို တကယ်ပေးလားဆိုတာကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ စမ်းသပ်မှုများကို သိမ်းဆည်းထားချင်ရင်တော့ Rotten WiFi အကောင့်တစ်ခုကို ပြုလုပ်ရမှာပါ။ သင့်ရဲ့ အီးမေးကို အသုံးပြုနိုင်သလို Facebook, Foursquare, Google Plus အကောင့်များကို အသုံးပြုနိုင်ပါတယ်။
<DU Battery Saver>
DU Apps Studio က တီထွင်ထားတဲ့ DU Battery Saver က သင့်စမတ်ဖုန်း ရဲ့ ဘက်ထရီသက်တမ်းကို ကြာရှည်စေမှာ ဖြစ်ပါတယ်။ App က သင့်ဖုန်းမှ ဘက်ထရီ ကုန်စေတဲ့ အရာများကို ပိတ်ပေးနိုင်ပြီး သင် အလိုရှိတဲ့ Processes များကိုသာ Optimize လုပ်ပေးမှာ ဖြစ်ပါတယ်။ App မှာ ကြိုတင်သတ်မှတ် ထားတဲ့ Battery Power Management Modes များပါရှိသလို သင့်ရဲ့ ကိုယ်ပိုင် Mode ကိုလည်း ဖန်တီးနိုင်ပါတယ်။ သင့်ရဲ့ ဘက်ထရီသက်တမ်း ကြာရှည်စေဖို့ နဲ့ အားသွင်းရာမှာ လျင်မြန်စေတဲ့ စွမ်းဆောင်ချက်လည်း ပါရှိပါတယ်။ Home Screen မှာ ထားရှိ အသုံးပြုနိုင်တဲ့ Optimize Widget က တစ်ချက်နှိပ်လိုက်တာနဲ့ နောက်ကွယ်မှာ Run နေတဲ့ Apps များနဲ့ Processes များကို ပိတ်ပေးနိုင်ပါတယ်။ App က သင့်ရဲ့ ဘက်ထရီသက်တမ်းကို အားမသွင်းဘဲနဲ့ ငါးဆယ် ရာခိုင်နှုန်း တိုးတက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ Pro Version ကို ၀ယ်ယူအသုံးပြုရင်တော့ သင့်တော်တဲ့အချိန်မှာ Modes များကို အလိုအလျောက်ပြောင်းလဲပေးနိုင်တဲ့ စွမ်းဆောင်ချက်၊ Apps များကို အလိုအလျောက် ရှင်းလင်းပေးတဲ့ စွမ်းဆောင်ချက်နဲ့ Root လုပ်ထားတဲ့ Device များအတွက် CPU Frequency စတဲ့ စွမ်းဆောင်ချက်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Free Version ကို အောက်ပါ လင့်မှာ ရယူနိုင် ပါတယ်။
<Evernote>
နာမည်ကြီး မှတ်စုမှတ်သားတဲ့ Evernote ဟာ အခြား Note Taking Apps များထက် စွမ်းဆောင်ချက်များစွာပါရှိပါတယ်။ Audio, Video Notes များကိုလည်း မှတ်သားနိုင်ပြီး အလုပ်ကိစ္စများမှာလည်း အသုံးပြုနိုင်တဲ့ အတွက် Productivity အပိုင်းကို များစွာ အထောက်အကူပြုပါတယ်။ ကျောင်းသားများအတွက်လည်း အလွန်အသုံးဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။ Android အပြင် iOS, Mac, Windows, Ubuntu, Linux , Windows Phone စတဲ့ ပလက်ဖောင်းများစွာအတွက် Evernote Apps များကို ဖြန့်ချိပေးထား ပါတယ်။ ပလက်ဖောင်းမတူညီတဲ့ Device များမှာ မှတ်စုများကို Sync ပြုလုပ် နိုင်ပါတယ်။ Evernote Web App ကနေလည်း အသုံးပြုနိုင်ပြီး ဘရောက်စာ များကနေ အင်တာနက်မှ ဆောင်းပါးများ၊ ဗီဒီယိုများကို သိမ်းဆည်း နိုင်ဖို့ အတွက် Evernote Web Clipper ဆိုတဲ့ Extension ကိုလည်း ဖြန့်ချိ ပေးထားပါတယ်။ ဖုန်းကင်မရာကနေ ဓါတ်ပုံများရိုက်ကူးပြီး မှတ်စုမှတ်သား နိုင်ပါတယ်။ သတင်းစာ၊ ကျောင်းစာအုပ်များမှ စာသားများကို ဓါတ်ပုံရိုက်ကူး ပြီး Edit ပြုလုပ်နိုင်တဲ့ မှတ်စုအဖြစ် သိမ်းဆည်းပေးနိုင်တာက အလွန် အသုံးဝင် ပါတယ်။
Evernote မှာ Document တစ်ခုကို လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများ နဲ့ အတူတကွ Edit ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်လည်းပါရှိပြီး Work Chat ဖြင့် Chat နိုင်တာက အလုပ်တွင်ကျယ်စေပါတယ်။ ဒါ့အပြင် Notebook တစ်ခုကို အခြား သူငယ်ချင်းများနဲ့ မျှဝေနိုင်ပါတယ်။ Evernote မှာ အလွန် စွမ်းဆောင်ရည်ပြည့်ဝတဲ့ Search Feature ပါရှိပြီး မှတ်စု ခေါင်းစီးများ သာမက မှတ်စု စာသားများနဲ့ ဓါတ်ပုံများမှ စာသားများကိုတောင် ရှာဖွေ ပေးနိုင်ပါတယ်။ Evernote မှာ ကဏ္ဍအလိုက် Notebook များစွာကို ဖန်တီး နိုင်ပါတယ်။ ဒါ့အပြင် Notes များမှာ Tags များကို ထည့်သွင်းမှတ်သား နိုင်ပါတယ်။ Evernote ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် တစ်လအတွင်း သိမ်းဆည်းနိုင်တဲ့ Storage ပမာဏ အကန့်အသတ်ရှိပါတယ်။ ဒါပေမယ့် သာမန်အသုံးပြုသူများအတွက် အဲဒီ အခမဲ့ ပမာဏဟာ လုံလောက်ပါတယ်။ အခပေး အသုံးပြုသူများအတွက်တော့ တစ်လအတွင်း မှတ်စုများ အကန့် အသတ်မရှိ သိမ်းဆည်းနိုင်သလို အင်တာနက်မလိုဘဲ မှတ်စု၊ ဆောင်းပါး များကို ကြည့်ရှုနိုင်တဲ့ Offline Notebooks များကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
သူရနောင်
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com