9/30/2015

♪ Oculus နှင့် Samsung က ၉၉ ဒေါ်လာတန် Gear VR ကို ပြသ ♫

1

Samsung ၏ မိုဘိုင်းဌာနမှ ဒုတိယ ဥက္ကဌဖြစ်သူ Peter Koo က က Hollywood တွင် ပြုလုပ်သော Oculus Connect 2 ပွဲတွင် ၉၉ ဒေါ်လာတန် Gear VR Headset ကို ကြေညာလိုက်ပါသည်။ Gear VR Headset ကို Note 5, S6 Edge+, S6, S6 Edge စမတ်ဖုန်းများအပါအ၀င် Samsung ၏ Gear Products များဖြင့် တွဲဖက် အသုံးပြုနိုင်ပါသည်။ Koo က Black Friday တွင် ရောင်းချမည်ဟု ပြောပါသည်။

Samsung က Hardware အသစ်ကို ပြသသည်သာမက Content အသစ်များကိုလည်း ပံ့ပိုးပေးမည် ဖြစ်သည်။ Gear VR အသစ်သည် Netflix ကို ကြည့်ရှုနိုင်မည်ဟု စင်ပေါ်တွင် ကြေညာခဲ့ ပါသည်။ Samsung က Facebook မှ ၃၆၀ ဒီဂရီ ဗီဒီယိုများကို ကြည့်ရှုနိုင်သော Oculus Video ကိုလည်း ကြေညာပါသည်။ ဂိမ်းကစားမှုများကို တိုက်ရိုက်ထုတ်လွှင့်ပေးသော Twitch ကိုလည်း ထောက် ပံ့ပေးပါသည်။

Oculus နှင့် Samsung သည် တန်ဖိုးနည်း Google Cardboard ကို အားမရသူများအတွက် တန်ဖိုးအနည်းငယ် ထပ်မံ ဖြည့်တင်းရုံဖြင့် စွမ်းဆောင်ရည်မြင့်မားသော Hardware ကို ပံ့ပိုးပေးခြင်းဖြင့် စားသုံးသူများကို VR အတွေ့အကြုံကို ခံစားနိုင်ရန် စွဲဆောင်ခြင်းဖြစ်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com