9/18/2015

♪ MECTel သုံးစွဲသူများအနေဖြင့်စက်တင်ဘာ၁၈ရက်နေ့မှစတင်၍ ဖြည့်သွင်းပါကအပိုထပ်ဆောင်း Bonus များရရှိမည် ♫

https://fbcdn-photos-c-a.akamaihd.net/hphotos-ak-xfp1/v/t1.0-0/s228x119/11066073_369314449941656_1094181309717811701_n.jpg?oh=0cd12ea52f0c308ea3fe8de8eb4e94fa&oe=566F87F8&__gda__=1449401544_1f88468162eb0bae09f678fe239e4d88

MECTel CDMA 800 MHz မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် စက်တင်ဘာ၁၈ရက်နေ့မှ စတင်၍ ငွေဖြည့် ကတ်ဖြည့်သွင်းပါက အပိုထပ်ဆောင်း Bonus များပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ယခုနှစ် သီတင်းကျွတ်အကြို (၀ါကျွတ်) လက်ဆောင်အဖြစ်ကျပ်၁၀၀၀၀ တန်ငွေဖြည့်ကတ်ဖြည့်သွင်းပါက Bonus အနေဖြင့် ၇၀ရာခိုင်နှုန်း၊ ကျပ်၅၀၀၀တန်ငွေဖြည့်ကတ်ဖြည့်သွင်းပါက Bonus အနေဖြင့် ၅၀ ရာခိုင်နှုန်း နှင့် ကျပ် ၃၀၀၀တန် ငွေဖြည့်ကတ်ဖြည့်သွင်းပါက Bonusအနေဖြင့် ၃၀ရာခိုင်နှုန်းအပို ထပ်ဆောင်းငွေများပေး သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ MECTel ငွေဖြည့်ကတ်သုံးစွဲသူများအနေဖြင့် အဆိုပါ Bonus ငွေအား ငွေဖြည့်ကတ်စတင်ဖြည့်သွင်း သည့်ရက်မှစ၍ရက်ပေါင်း၆၀အတွင်းသုံးစွဲနိုင်မည်ဖြစ်ပြီး ယင်း Bonus ငွေဖြင့် Voice, SMS, Data များအားသုံးစွဲနိုင် မည်ဖြစ်ကြောင်းသိသည်။

MECTel မှဖုန်းခေါ်ဆိုခနှုန်းထားများသည် MECTel ဖုန်းအချင်းချင်းတစ်မိနစ်လျှင် ၂၂ကျပ်နှုန်းဖြင့် လည်းကောင်း MECTel ဖုန်းမှအခြားဖုန်းများသို့တစ်မိနစ်လျှင် ၂၃ကျပ်ဖြင့် လည်းကောင်း သြဂုတ်လ ၁၀ရက်နေ့မှ စတင်၍ အသီးသီးလျှော့ချပေးခဲ့ခြင်းဖြစ်ပြီး အင်တာနက် သုံးစွဲခကို တစ်မိနစ်လျှင် ၃ကျပ် နှုန်းဖြင့်လည်းကောင်း SMS တစ်စောင် လျှင် ၁၅ကျပ် နှုန်းဖြင့်အသုံးပြုနိုင်ကြောင်းသိရ သည်။

ထို့ပြင် ရေဘေးသင့်ဒေသများဖြစ်သော ကလေး၊ ဟားခါး၊ ဟင်္သာတ၊ ညောင်တုန်း၊ သာပေါင်း၊ အင်္ဂပူနှင့် ဇလွန်မြို့နယ်တို့တွင် သဘာဝဘေးသင့်ပြည်သူများ၊ ကယ်ဆယ် ရေးနှင့် ထောက်ပံ့ရေး သွားရောက်ဆောင် ရွက်သူများ ဆက်သွယ်ရေးအဆင်ပြေစေ ရေးအတွက် MecTel ဖုန်းအချင်းချင်း ခေါ်ဆိုပါက အခမဲ့ခေါ်ဆိုနိုင်မည့်ဝန်ဆောင် မှုကိုလည်း ဆက် လက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

MECTel သုံးစွဲသူများအနေဖြင့်ရွှေမေတ္တာအစီအစဉ်(SHWEMYITTA Package)ကို အမျိုးအစား၃မျိုးခွဲ၍ အထူးဝန် ဆောင်မှုပေးထားကြောင်းသိရ သည်။အဆိုပါဝန်ဆောင်မှုမှာ MECTel အားသုံးစွဲသူများမှသြဂုတ် ၁၈ရက်မှစတင်၍ ရွှေမေတ္တာအစီအစဉ် (SHWEMYITTA Package)ကို Sliver,Gold,Diamond Package များဖြင့် အထူးဝန်ဆောင်မှုပေးထား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Credit to ==> Myanmar Mobile View

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com