9/16/2015

♪ OPPO Mirror 5 ရဲ့အားသာချက် ၊ အားနည်းချက် နည်းပညာနှင့်အသေးစိတ်ဖော်ပြချက်များ ♫


Device Support - OPPO
Price - 279,000 Ks

အားသာချက်
ဒီဇိုင်းပိုင်း အသားပေး ထုတ်လုပ်ထားသော ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်း၏ပုံစံဒီဇိုင်းနှင့် နောက်ဘက် ကာဗာပိုင်းများတွင် လှပသေသပ်သည့် ပုံစံမျိုးရှိသည်။ တန်ဖိုးသင့် အလယ်အလတ်တန်းစား ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU စနစ်များ ကောင်းမွန်သည့်အပြင် ဖုန်းအားအလွယ်တကူ ဖွင့်ပိတ်ပြုလုပ် အသုံးပြုနိုင်သော Gesture Sensor စနစ်များနှင့် ကင်မရာအသုံးပြု စနစ်များတွင်လည်း ကောင်းမွန်သည်။

အားနည်းချက်
လှပသေသပ်သော ဖွဲ့စည်းမှုမျိုးနှင့် နောက်ဘက်ကာဗာမှာ လှပမှုရှိနေသော်လည်း ပြောင်လက်ချောမွေ့သောကြောင့် လက်ရာများ၊ ဆီများ အလွယ်တကူ ထင်ကျန်နိုင်မည် ဖြစ်သည်။

ဒီဇိုင်း
လေးထောင့်ဆန်သော ပုံစံဒီဇိုင်းမျိုး ပြုလုပ်ထားပြီး ဖုန်းကိုယ်ထည်၏ ဘေးဘောင်အား သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ကာ နောက်ဘက်ကာဗာမှာ ပလတ်စတစ်ကာဗာ ဖြစ်သည်။ နောက်ဘက်ကာဗာမှာ စိန်များတွင်ပါဝင်သော အကွက်ပုံစံဒီဇိုင်းကဲ့သို့ ဖန်တီးထားသောကြောင့် လှပသောကာဗာ ပုံစံမျိုးဖြစ်ပြီး ပြောင်လက်ချောမွေ့သော ပလတ်စတစ်သားဖြင့် ပြုလုပ်ထားသည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၄.၃၄ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်မှာ ၇.၁၂ စင်တီမီတာရှိသည်။ ထုထည်မှာ ၀.၇၇ စင်တီမီတာ ဖြစ်သော်လည်း ကိုယ်တွယ်အသုံးပြုချိန်တွင် အနည်းငယ်ထူသည်ဟု ခံစားရနိုင်ပြီး အလေးချိန်မှာလည်း ၁၆၀ ဂရမ်ဖြစ်သောကြောင့် အလေးချိန် အနည်းငယ်ရှိသော ဖုန်းဖြစ်သည်။ ကျစ်လျစ်သော ဖွဲ့စည်းတည်ဆောက်မှု ပုံစံမျိုးရှိပြီး အရွယ်အစား ကောင်းမွန်သည်။

မြင်ကွင်း
ရှေ့ဘက် Screen မျက်နှာပြင်မှာ IPS LCD ကို အသုံးပြုထားသည်။ မျက်နှာပြင်အကျယ် ၅.၀ လက်မရှိပြီး 540 x 960 Pixels (~220 ppi pixel density) ထိရှိနိုင်မည် ဖြစ်သည်။

နည်းပညာ
နည်းပညာပိုင်းတွင် Gesture Sensor ပိုင်းများ၌ ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်မည်ဖြစ်သည်။ Screen ဖွင့်ပိတ်အလွယ်တကူ ပြုလုပ်ခြင်း၊ Screen ပိတ်ထားချိန်တွင် သင်္ကေတများရေးဆွဲကာ စနစ်များအတွင်း ဝင်ရောက်ခြင်း၊ အစရှိသော အသုံးပြုစနစ်များအတွက် Screen On Gesture စနစ်နှင့် Screen Off Gesture စနစ်များ ပြည့်ပြည့်စုံစုံ ပါဝင်လာမည်ဖြစ်သည်။ Color OS Version မြင့်မားလာခြင်းကြောင့်  ကင်မရာ အသုံးပြုစနစ်များတွင် ပုံစံများပြောင်းလဲ လာမည်ဖြစ်သည့်အပြင် ဖုန်း၏ Setting ပိုင်းတွင်လည်း Color Icon များဖြင့် ပုံစံများ ပြောင်းလဲလာမည် ဖြစ်သည်။ ဓာတ်ပုံအား စိတ်ကြိုက်အရောင်ပုံစံဖြင ရိုက်ကူးနိုင်မည့် Various Filter စနစ်၊ မှောင်နေသော နေရာများတွင် အလိုအလျောက် အလင်းနှုန်းကို မြှင့်တင်ပေးနိုင်မည့် Colorful Night စနစ်၊ စိတ်ကြိုက် Shutter နှုန်းထားများဖြင့် ချိန်ညှိရိုက်ကူးနိုင်မည့် Slow Shutter စနစ်များအပြင် Double Exposure, Expert Mode, Time-lapse, Audio Photo အစရှိသော ကင်မရာ နည်းပညာများကိုလည်း ထိတွေ့နိုင်မည်ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်
GSM 2G/ 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Nano Sim တစ်ကတ်နှင့် Micro Sim တစ်ကတ် နှစ်ကတ်ပြိုင်တူ ထည့်သွင်းအသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစား ဖြစ်သည်။ Quad-core 1.2 GHz Cortex-A53 CPU ကို အသုံးပြုထားပြီး ဂရပ်ဖစ်စနစ် အတွက်လည်း Adreno 306 GPU ကိုအသုံးပြုထား သည်။ Internal Memory 16GB နှင့် RAM 2GB ပါဝင်မည်ဖြစ်ပြီး Micro SD Card ဖြင့် မှတ်ဉာဏ်ထပ်တိုး အသုံးပြုနိုင်မည်ဖြစ်သည်။ Qualcomm MSM8916 Snapdragon 410 Chipset ကို အသုံးပြုထားပြီး 8 Mega Pixel နောက်ဘက်ကင်မရာနှင့် 5 Mega Pixel ရှေ့ကင်မရာများ ပါဝင်မည်ဖြစ်သည်။ Android OS Version 5.1.1 ကို အသုံးပြုထားပြီး Bluetooth v4.0, USB 2.0 စနစ်များပါဝင်သည်။ ဘက်ထရီမှာ Li-Po 2420 mAh ဘက်ထရီ ဖြစ်သည်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက Mirror 5 သည် ဖုန်း၏ CPU, GPU အစရှိသော Hardware ပိုင်းများ ကောင်းမွန်သည့်အပြင် ကင်မရာအသုံးပြု စနစ်များနှင့် ဖုန်း၏ Gesture Sensor ပိုင်းများတွင် ကောင်းမွန်သော ဖုန်းဖြစ်သည်။ OPPO ၏ Color OS ဗားရှင်း မြင့်မားခြင်းကြောင့် ဖုန်း၏ Setting ပိုင်းမြင်ကွင်း ပုံစံများလှပသည့်အပြင် ပုံစံဒီဇိုင်းလှပသေသပ်ပြီး ကျစ်လျစ်သော သတ္တုကိုယ်ထည် ဖွဲ့စည်းတည်ဆောက်မှုမျိုး ရှိနေသော်လည်း အလေးချိန် အနည်းငယ်ရှိသော ဖုန်းဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com