9/23/2015

♪ Qualcomm ၏ နည်းပညာအသစ်က ၃၅ မိနစ်အတွင်း ဖုန်းများကို ၈၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင် ♫

1

စမတ်ဖုန်းအတွက် Chip များကို ထုတ်လုပ်နေသော Qualcomm က ၂၀၁၆ တွင် အသုံးပြုနိုင်မည့် သူ၏ နည်းပညာအသစ်သည် ၃၅ မိနစ်အတွင်း စမတ်ဖုန်းများကို ၈၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်သည် ဟု ကြေညာပါသည်။

သာမာန်ဖုန်းနှင့် တက်ဘလက်များတွင် အဆိုပါ အားပမာဏကို ဖြည့်တင်းရန် တစ်နာရီနှင့် မိနစ် သုံးဆယ် ကြာမြင့်ပါသည်။ Qualcomm က လက်ရှိတွင် Google Nexus 6, Sony Xperia Z4, Moto X Style, Samsung Galaxy S6, Samsung Galaxy S6 Edge တို့တွင်ထည့်သွင်းပေးထားသော ယခင်မျိုး ဆက်ထက် Quick Charge 3.0 သည် ၂၇ ရာခိုင်နှုန်း ပိုမို မြန်ဆန်စွာ အားသွင်းပေးနိုင်သည်ဟု ပြော ပါသည်။

Quick Charge 3.0 တွင် Intelligent Negotiation of Optimum Voltage ( INOV ) ဟုအမည်ပေး ထားသော Algorithm အသစ်ကို အသုံးပြုထားပါသည်။ နည်းပညာအသစ်ကို လာမည့်နှစ်တွင် ထုတ်လုပ်ပေးရန် ရည်ရွယ်ထားသော Snapdragon 820 , 620 , 618 , 617 , 430 Processors များတွင် ထည့်သွင်းပေးမည် ဖြစ်ပြီး USB –C Connectors များကိုလည်း ထောက်ပံ့ပေးမည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com