9/24/2015

♪ Samsung က ဈေးသက်သာသော Galaxy J2 ကို ရောင်းချ ♫

၁

Samsung က အိန္ဒိယတွင် တန်ဖိုးနည်း Galaxy J2 စမတ်ဖုန်းအသစ်ကို ရောင်းချခြင်းဖြင့် တန်ဖိုးနည်း Galaxy J Series ကို အားဖြည့်လိုက်ပါသည်။ အဆိုပါ ဖုန်းကို Samsung ၏ အိန္ဒိယရှိ R&D စက်ရုံမှထုတ်လုပ်ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်တွင် ရူပီး ၈၄၉၀ ( ဒေါ်လာ ၁၂၇) ဖြင့် ရောင်းချ မည် ဖြစ်သည်။

သတ္တု ဖရိမ်တပ်ဆင်ထားပြီး အနောက်ဘက်တွင် သားရေနှင့် ဆင်တူသော ပလတ်စတစ် အခွံဖြင့် ဖုံးအုပ်ထားပါသည်။ အနက်၊ အဖြူနှင့် ရွှေရောင်များ ရွေးချယ်နိုင်ပါသည်။ Samsung က နောက်ကွယ်တွင် ဒေတာစားသုံးသော Apps များကို Block ပြုလုပ်သည့် Opera Max ၏ နည်းပညာကို အသုံးပြုထားသော Data Saving Mode ကို ထည့်သွင်းပေးထားပါသည်။ ဒေတာချုံ့ပေးသော အင်ဂျင်က Video Apps များတွင် ၅၀ ရာခိုင်နှုန်းနှင့် လူမှုကွန်ရက်များတွင် ၄၀ ရာခိုင်နှုန်း သက်သာစေရန် ပြုလုပ်ပေးထားပါသည်။

Galaxy J2 တွင် ၄.၇ လက်မ qHD (960×540) Super AMOLED Display , 1GB RAM, 8GB Storage, 1.3GHz Quad-Core Exynos 3475 SoC, 5MP Main Camera, 2MP Front Camera , 2000mAh Battery ပါရှိပါသည်။ 4G LTE ကို ထောက်ပံ့ပေးပြီး Android 5.1.1 Lollipop မောင်းနှင်မည် ဖြစ်သည်။

Credit to ==> MyanmarDigital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com