9/24/2015

♪ Android One စမတ်ဖုန်း Aquaris A4.5 ကို စပိန်နှင့် ပေါ်တူဂီတွင် ရောင်းချ ♫

1

Google က သူ၏ စပိန် Twitter အကောင့်မှနေ၍ Android One စမတ်ဖုန်း Aquaris A4.5 ကို BQ အရောင်းဆိုင်မှ တစ်ဆင့် စပိန်နှင့် ပေါ်တူဂီတွင် ရောင်းချမည်ဟု ပြောပါသည်။ အဆိုပါ ရောင်းချမှုသည် ဥရောပတွင် Android One Smartphone ကို ပထမဆုံး မိတ်ဆက်ခြင်းလည်း ဖြစ်ပါသည်။

Aquaris A4.5 တွင် ၄.၅ လက်မ 540×960 IPS Display တပ်ဆင်ထားပြီး 1GHz MediaTek Quad-Core Processor မောင်းနှင်မည် ဖြစ်သည်။ 16GB Storage အပြင် microSD Card ထည့်သွင်းနိုင်ပါသည်။ 1GB RAM, 2470mAh Battery များပါရှိပါသည်။ Dual-SIM Smartphone ဖြစ်ပြီး 8MP Rear Camera တပ်ဆင်ထားပါသည်။ Android 5.1.1 Lollipop မောင်းနှင်မည် ဖြစ်ပြီး Android OS Update များကို Google ထံမှ တိုက်ရိုက် ရရှိမည် ဖြစ်သည်။ 4G LTE ကို ထောက်ပံ့ပေးပြီး စပိန်တွင် ယူရို ၁၆၉.၉၀ နှင့် ပေါ်တူဂီတွင် ယူရို ၁၇၉.၉၀ သတ်မှတ်ထားပါသည်။

Android One ကို အာရှနှင့် အာဖရိကရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စတင်ရောင်းချပေးခဲ့ခြင်း ဖြစ်ပါသည်။

Credit to ==> MyanmarDigital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com