9/24/2015

♪ ဈေးနှုန်းချိုသာပြီးစွမ်းဆောင်ရည်ကောင်းမွန်သော - “Gionee F103” ♫


တရုတ်နိုင်ငံထုတ် ဟန်းဆက်များစွာကို ပြည်တွင်း၌ ၀ယ်ယူရရှိနိုင်ပြီး ဟန်းဆက်အသစ်များကိုလည်း သက်ဆိုင်ရာကုမ္ပဏီများမှ စဉ်ဆက်မပြတ် ထုတ်လုပ်ပေးနေပါတယ်။ Gioneeတံဆိပ်ထဲမှ ဟန်းဆက်များကို ၀ယ်ယူ ချင်သူများအတွက်လည်း တန်ဖိုးမျိုးစုံရှိသောဖုန်းများရှိပါတယ်။ အချို့သော Gionee ဟန်းဆက်များ ဟာ အရည်အသွေးပိုင်းကောင်းမွန်ပြီးဈေးနှုန်းလည်း မြင့်မားပါတယ်။ တန်ဖိုးကြီးဟန်းဆက်အကုန်လုံး ကို ပြည်တွင်းဈေးကွက် မှာရောင်းချပေးထားခြင်းမရှိပါဘူး။

အချို့ဟန်းဆက်များကိုတရုတ်ပြည် ဈေးကွက်မှာသာရောင်းချပေးထားပါတယ်။ အခုဟန်းဆက် ကတော့ ဈေးနှုန်း တန်ဖိုးအလယ်အလတ်ရှိပါတယ်။ Mirror ဒီဇိုင်းလို့လည်းခေါ်ဆိုထားပါတယ်။ သုံးစွဲနိုင်မယ့် Network အထောက်အပံ့ကတော့ 2G, 3G ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ကိုခန့်ညား လှပစွာသုံးစွဲနိုင်စေဖို့အတွက်လည်းဖုန်းရဲ့ဘေး ဘောင်တွင် ငွေရောင်အနားသတ်လိုင်းကိုထည့်သွင်းပေးထားပါတယ်။ ဖုန်းရဲ့အဓိကကင်မရာသည် နောက်ကျောဘက်တွင် Flash မီးနဲ့ အထက် အောက်တည်ရှိပါမယ်။

ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 143 x 70.3 x 7.95mmဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင် အကျယ် အ၀န်းဟာ 5" ရှိပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏကတော့ 720 x 1280 ဖြစ်ပါတယ်။ အဓိကကင်မရာသည် 8MP စွမ်းရည်ရှိပြီး ရိုက်ကူးလိုက်သော ပုံရိပ်များကို 3264 x 2448 Pixels ပမာဏနဲ့ ဖော်ပြပေးပါမယ်။ ရှေ့ကင်မရာ ငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM က 1GB ပါရှိပါမယ်။ ဖုန်းတွင်းမှတ်ဥာဏ် ပမာဏအပိုင်းမှာတော့ 16GB အထိ သိမ်းဆည်းနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။

အသုံးပြုလို့ရမယ့် OS အမျိုးအစားကတော့ Android ဖြစ်ပြီးVersion မှာ5.0 ဖြစ်ပါတယ်။ CPU ရဲ့ စွမ်းရည် ကတော့ Quad Core 1.3GHz ဖြစ်ပါတယ်။ အားသွင်းအသုံးပြုနိုင် မယ့် Battery အမျိုးအစားမှာ2400 mAhဖြစ်ခြင်းကြောင့် အချိန်ကြာမြင့်စွာ သုံးစွဲနိုင်ပါမယ်။

<Specification>
Network - GSM/HSPA
Screen - 5 inches
CPU - Quad Core 1.3GHz
OS - Android OS,v5.0
Memory - 16GB
Bluetooth - Yes
Contact - 09-31389999
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com