9/26/2015

♪ ကြိုသုံးငွေပမာဏ ကျပ် ၈၀၀ ရယူအသုံးပြုနိုင်မည့် အူရီဒူးကြိုသုံး ၀န်ဆောင်မှုစတင် ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtqBp-NvZA8v6kNHKh28JDXioXc2kSYjHENbcMVX15Ny469omVO3gWHHTVC9XrVC0FNwSepwXxzkvaTLdtyZha5WbccIEzy_8FWIH0EnnazZSfGChmvlBPrtIDma0ReRahQzZ_9jJ49hB3/s1600/6.jpg

အူရီဒူးဆင်းကတ်အသုံးပြုသူများ အနေဖြင့်ဖုန်းဘေလ်ဖြည့်ရန်အခက် အခဲဖြစ်ပေါ်နေပါက အရေးပေါ် ဖြေရှင်းနိုင်ရန်အတွက် ကြိုသုံး ငွေထုတ်ပေးသောအူရီဒူးကြိုသုံးဝန်ဆောင်မှုအဖြစ် ကြိုသုံးငွေ ပမာဏ ကျပ် ၈၀၀ ကို စက်တင်ဘာလ ၂၄ ရက်နေ့ မှစတင်၍ ရယူအသုံးပြုနိုင်ကြောင်းသိရသည်။

အဆိုပါ အူရီဒူးဆင်းကတ်ကို အသုံးပြု၍ ကြိုသုံးငွေ ထုတ်ယူရန်အတွက် သုံးစွဲသူ၏ ဖုန်းလက်ကျန်ငွေ ထဲတွင် ငွေပမာဏ ကျပ်၂၀၀နှင့်အောက် သို့ ရောက်သည်အထိနည်းပါးလွန်းပြီး ၊ မည့်သည့် နည်းနှင့်မဆို တစ်ကြိမ် ငွေဖြည့်သွင်းပြီးသူ ဖြစ်ရမည်ဖြစ်ပြီး ယင်းအပြင်ဒုတိယအကြိမ်မြောက် ကြိုသုံးဝန်ဆောင်မှုကို ရယူချင်ပါကပထမကြိုတင်အသုံးပြုထားသောကြိုသုံးငွေကိုပြန်လည်ပေးပြီးသူဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။ယင်းအချက် များနှင့် ကိုက်ညီမှုရှိသည့် အူရီဒူးသုံးစွဲသူများ မှသာလျှင် ကြိုသုံးငွေ ၀န်ဆောင်မှုကို ဆက်လက် အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။
အူရီဒူးမြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်း မန်နေဂျာ ဒေါ်သီရိကြာညိုက “အရေးတကြီး အကြောင်းအရာတစ်ခုကို သေသေချာချာ ဖုန်းပြောဖို့ ရုတ်တရက် ပေါ်လာတဲ့အခါ၊ ဖုန်းငွေကလည်း ဖုန်းပြောဖို့ ၂၀၀ကျပ် (၁၀မိနစ်စာ) ပဲကျန်တဲ့အခါ ဒါမဟုတ် ဒါ့ထက်နည်းချင်လည်း နည်းနေမယ် ၊ အဲလို အခါမျိုးမှာ အရေးပေါ် အနေနဲ့ အင်မတန် အသုံးဝင်တဲ့ ၀န်ဆောင်မှုပါ။ အသုံးတည့်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပြောသည်။
အဆိုပါကြိုသုံးငွေကို *125# သို့ နှိပ်ပြီး ရယူနိုင်မည်ဖြစ်ပြီးအူရီဒူးသုံးစွဲသူများကြိုတင်အသုံးပြု နိုင်သည့် ကြိုသုံးငွေ ပမာဏမှယ ၈၀၀ကျပ် ဖြစ်ပြီး ၀န်ဆောင်ခ အဖြစ် ၅၀ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်းကြိုသုံးငွေ ပြန်လည်ပေးပါက ကြိုသုံးငွေ ၈၀၀ကျပ်+၀န်ဆောင်ခ ၅၀ကျပ် = စုစုပေါင်း ၈၅၀ကျပ်ကို ပေးရမည်ဖြစ်သည်ဟုသိရသည်။ကြိုသုံးငွေရရန် သတ်မှတ်ထားသည့်အချက်များ နှင့် ကိုက်ညီသည့် သုံးစွဲသူ ဖြစ်ပါက ကြိုသုံးငွေရရှိမည်ဖြစ်ပြီး မကိုက်ညီပါက ကြိုသုံးငွေရရန် ကိုက်ညီသူ မဟုတ်ကြောင်း ကိုလည်း အသိပေးသွားမည်ဖြစ်သည်ဟုသိရသည်။
ယင်းကြိုသုံးငွေပမာဏနှင့် ၀န်ဆောင်ခအား ဖုန်းငွေဖြည့်သည့်အခါ နှုတ်ယူသွားမည်ဖြစ်ကာ ဖုန်းငွေဖြည့်ပြီးနောက် ကြိုသုံး ငွေပမာဏနှင့် ၀န်ဆောင်ခ နှုတ်ယူရန် မလုံလောက်ပါက ဖုန်းငွေဖြည့်ထားသည့် ပမာဏကိုနှုတ်ယူပြီး လက်ကျန်ပမာဏနှင့် ၀န်ဆောင်မှုအား နောက်တစ်ကြိမ် ဖုန်းငွေဖြည့်လျှင် နှုတ်ယူသွားမည် ဖြစ်ကာကြိုသုံးငွေကို တစ်ကြိမ်သာ ထုတ်ယူ ခွင့်ရှိပြီး ကြိုသုံးငွေ ပြန်မဆပ်သေးပါက နောက်တစ်ကြိမ်ထပ်၍ ချေးယူနိုင်မည်မဟုတ်ကြောင်း ကြိုသုံးငွေအား အခြားသူထံ လွှဲပြောင်း ပေး၍လည်း မရနိုင်ဟုသိရသည်။
တယ်လီကွန်းအော်ပရေတာတစ်ခုဖြစ်သည့်အူရီဒူးအနေဖြင့်လက်ရှိတွင်သုံးစွဲသူပေါင်း၎.၆သန်းရှိပြီးအူရီဒူး ကွန်ယက်ဖြန့်ကြက်မှုကိုနေပြည်တော်အပါအ၀င်တိုင်းနှင့်ပြည်နယ် ၁၅ခုထဲမှ ၁၃ခုတို့တွင်ဖြန့်ကြက်ထားနိုင်ပြီဖြစ် ကြောင်းသိရသည်။

Credit to ==> Myanmar Mobile View


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com