9/23/2015

♪ HTC Desire 826 ရဲ့အားသာချက် ၊ အားနည်းချက် ၊ နည်းပညာနှင့်အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU အစရှိသော Hardware ပိုင်းများတွင် မြင့် မားကောင်းမွန်သည်။ Screen အရည်အသွေး ကောင်းမွန်ပြီး ကင်မရာအသုံးပြု စနစ်များနှင့် OS ပိုင်းတို့တွင် လည်း မြင့်မားသည်။ ကွန်ရက်ပိုင်းတွင် GSM ကွန်ရက်စနစ်အပြင် CDMA ကွန်ရက်စနစ်အတွက်လည်း အထောက်အပံ့ ပေးနိုင်မည်ဖြစ်သည်။

အားနည်းချက်
ဖုန်းတွင်ပါဝင်သော မှတ်ဉာဏ်မှာ မြင့်မားသော်လည်း OS ၏မှတ်ဉာဏ် အသုံးပြုမှုအပိုင်း မြင့်မားခြင်းနှင့် Sense Version မြင့်မားခြင်းကြောင့် မှတ်ဉာဏ်ထက်ဝက်ခန့်သာ အသုံးပြုနိုင်မည် ဖြစ်သည်။

ဒီဇီုင်း
ပုံစံဒီဇိုင်းမှာ ရှေ့မှထွက်ခဲ့သော 816 နှင့် ကွာခြားမည်ဖြစ်သည်။ ရှေ့ဘက်မျက်နှာပြင် ပုံစံပိုင်းသည် 816 နှင့်လုံးဝကွဲပြား နေမည်ဖြစ်ပြီး အနားထောင့်လေးဘက်သည် အနည်းငယ် ဝန်းဝိုင်းသော်လည်း တည်ငြိမ်သော ပုံစံဒီဇိုင်းမျိုး ရှိသည်။ စပီကာများအတွက် အသံထွက်ရန် စပီကာပေါက်များ သီးသန့်ပြုလုပ် ပေးထားသော ပုံစံမျိုးမဟုတ်ဘဲ Screen နှင့်ကိုယ်ထည်၏ ကြားလမ်းကြောင်းများထဲတွင် အသံထွက်ရန် ပြုလုပ်ပေးထားသော ပုံစံမျိုးဖြစ်ပြီး စပီကာပေါက်များ ဖျောက်ထားသော ပုံစံမျိုးဖြစ်သည်။ ကိုယ်ထည် တစ်ခုလုံးအား မာကျောသော ပလတ်စတစ် ကိုယ်ထည်ဖြင့် ဖွဲ့စည်းထားပြီး အထက်အောက်အမြင့် ၁၅.၈ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၇၅ စင်တီမီတာနှင့် ထုထည်မှာ ၀.၈ စင်တီမီတာ ရှိမည်ဖြစ်သည်။ အလေးချိန် ၁၈၃ ဂရမ်ရှိပြီး 816 ထက်အလေးချိန် အနည်းငယ်ပိုများသော ဖုန်းဖြစ်သည်။

မြင်ကွင်း
ရှေ့ Screen မျက်နှာပြင်မှာ Full HD ထောက်ပံ့ပေးနိုင်သော Super LCD 3 Screen အမျိုးအစားဖြစ်ပြီး 1080 x 1920 pixels (~401 ppi pixel density) ထိရရှိနိုင်မည် ဖြစ်သည်။

နည်းပညာ
နည်းပညာပိုင်းတွင် HTC ၏ Sense 7 တွင်ပါဝင်သော Themes Store ပါဝင်လာမည်ဖြစ်ပြီး ဖုန်း၏မြင်ကွင်းများနှင့် Application Icon များကို စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်သည်။ လက်ရှိအချိန်တွင် Sense 6 ကိုသာ အသုံးပြုခွင့် ပေးထားသော်လည်း နောက်ပိုင်းတွင် Sense 7 သို့ မြှင့်တင်ခွင့် ရရှိနိုင်မည်ဖြစ်သည်။ ကင်မရာပိုင်းတွင်လည်း အသုံးပြုစနစ်များအား စုံစုံလင်လင် ထည့်သွင်းပေးထားသည်။ အသံပိုင်းအတွက်လည်း HTC BoomSound စနစ်နှင့် Dolby Audio စနစ်နှစ်ခုကို ပေါင်းစပ်ပြုလုပ် ပေးထားပြီး HTC ဖုန်းများတွင် ပါဝင်သော အခြားဖုန်းများနှင့် အလွယ်တကူ ချိတ်ဆက်နိုင်သည့် Get content from another phone စနစ်၊ HTC Cover များနှင့် တွဲဖက်အသုံးပြုနိုင်သော Dot View စနစ် အစရှိသည်တို့ ပါဝင်မည်ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်
GSM 2G/ 3G ကွန်ရက်များတွင် အသုံးပြုနိုင်သည့်အပြင် CDMA ကွန်ရက်အတွက်လည်း CDMA 800 MHz EVDO စနစ်ကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ Nano Sim နှစ်ကတ်အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစားဖြစ်ပြီး Sim One မှာ CDMA 3G နှင့် GSM 3G စနစ်နှစ်မျိုးစလုံးကို ထောက်ပံ့ပေးနိုင်သောဖုန်းဖြစ်သည်။ Quad-core 1.7 GHz Cortex-A53 နှင့် quad-core 1.0 GHz Cortex-A53 CPU တို့ကိုအသုံးပြုထားသော Octa-core CPU ဖုန်းဖြစ်ပြီး ဂရပ်ဖစ်စနစ်အတွက်လည်း Adreno 405 GPU နှင့် Qualcomm MSM8939 Snapdragon 615 Chipset တို့ကို အသုံးပြုထားသည်။ Internal Memory 16GB နှင့် RAM 2GB ပါဝင်မည်ဖြစ်ပြီး Micro SD Card 128GB ထိထပ်တိုး အသုံးပြုနိုင်မည် ဖြစ်သည်။ 13Mega Pixel နောက်ဘက်ကင်မရာနှင့် 4Ultra Pixel ရှေ့ကင်မရာများ ပါဝင်မည်ဖြစ်သည်။ Android OS Version 5.0.2နှင့် Sense 6 ကိုအသုံးပြုထားပြီး ဘက်ထရီမှာ Li-Po 2600 mAh ဘက်ထရီဖြစ်သည်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါ 826 သည် ဖုန်း၏ Hardware ပိုင်းများတွင် ကောင်းမွန်သော ဖုန်းအမျိုးအစား တစ်ခုဖြစ်သည့်အပြင် ပြည်တွင်း၏ မိုဘိုင်းဖုန်း ကွန်ရက်စနစ်များဖြစ်သော GSM နှင့် CDMA 800MHz ကွန်ရက်နှစ်မျိုး စလုံးတွင် အသုံးပြုနိုင်ခြင်းကြောင့် ကွန်ရက်စနစ်ပိုင်းတွင်လည်း အားသာချက်ရှိသော ဖုန်းဖြစ်သည်။ OS Version မြင့်မားပြီး HTC Sense မှာလည်း မြင့်မားသောကြောင့် အသုံးပြုသူများအနေနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်ဖြစ်သည်။ OS နှင့် Sense တို့၏မှတ်ဉာဏ် အသုံးပြုနှုန်း မြင့်မားခြင်းကြောင့် မှတ်ဉာဏ် 16GB မှာ 8GB ခန့်သာအသုံးပြု နိုင်မည်ဖြစ်သည့်အတွက် မှတ်ဉာဏ်များများ အသုံးပြုလိုသူများအနေနှင့် SD Card ဖြင့်ထပ်တိုး အသုံးပြုရမည် ဖြစ်သည်။

Device Support -HTC
Price - 399,000 Ks

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com