9/24/2015

♪ “HTC One A9 ရဲ့ ဈေးနှုန်းမှာယူရို ၇၀၀ ကျော်မည်” ♫


HTC One A9 စမတ်ဖုန်းရဲ့ သတင်းတွေကတော့ အင်တာနက်စာမျက်နှာများ ပေါ်မှာထွက်ရှိနေခဲ့တာ ကြာပြီဖြစ်ပါတယ်။ လျှို့ဝှက်အမည် Hima Aeroo လို့ အစောပိုင်းကအမည်ပေးထားပေမယ့် နောက်ပိုင်းမှာ Aero လို့ အမည် ပြောင်းလိုက်ပါတယ်။ HTC One A9 ဟာစွမ်းဆောင်ရည်သင့် စမတ်ဖုန်း တစ်လုံးဖြစ်ပြီး Qualcomm Snapdragon 617 Chipset မောင်းနှင်မယ်လို့ HTC က အတည်ပြုထားပါတယ်။

Snapdragon 617 Chipset မှာ 1.5GHz Octa-Core Cortex-A53 CPU များပါရှိမှာ ဖြစ်ပါတယ်။ Adreno 405 GPU, Hexagon 546 DSP, Qualcomm X8 LTE Modem များပါရှိမှာ ဖြစ်ပြီး Cat.7 TE ကိုအထောက်အပံ့ပေးပါတယ်။ အဲဒီအတွက် သီအိုရီအရ Download Speed မှာ 300Mbps ရနိုင်ပြီး Upload Speed မှာ 100Mbps အထိရရှိနိုင်ပါတယ်။ စွမ်းဆောင်ရည်သင့်ဖြစ်သော်လည်း HTC One A9 ရဲ့ ဈေးနှုန်းဟာသေးငယ်မှာမဟုတ်ပါဘူ:။ နယ်သာလန် အခြေစိုက် အရောင်း ဆိုင်တစ်ခုရဲ့ စာရင်းအရ HTC One A9 ကိုယူရို ၇၀၆.၆၄ သတ်မှတ်ထားပြီး ကြိုတင်မှာယူခွင့်ပြုထားပြီးပါပြီ။ ရွှေ၊ အနီ၊ ငွေနဲ့ အညိုရောင် လေးမျိုး ထုတ်လုပ်ပေးထားပါတယ်။

HTC One A9 ကို မ၀ယ်ယူမီ ဈေးနှုန်းကို အရင်ဆုံးမေးမြန်းသင့်ကြောင်း ကျွမ်းကျင်သူများကအကြံပေး ထားပါတယ်။ အရောင်းဆိုင်များဟာ စမတ်ဖုန်းများရဲ့ ဈေးနှုန်းကိုသေချာမသိဘဲမှန်းဆပြီးရေးသားထားတဲ့ အမူအကျင့်တွေလည်းရှိတတ်လို့ ဖြစ်တယ်ဟု ထောက်ပြပါတယ်။ HTC One A9 မှာအောက်ပါ Specification များထည့်သွင်းထားမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။

Snapdragon 617 SoC , 5” 1080p Display, 2GB RAM, 16GB Storage, 13MP Rear Camera, 4MP UltraPixelSelfie Camera, 2150mAh Battery တို့ပါရှိမှာ ဖြစ်ပါတယ်။ Android 6.0 Marshmallow မောင်းနှင်မှာဖြစ်ပြီးလက်ဗွေရာလုံခြုံရေးစနစ်များလည်း ပါရှိမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့မှာ HTC က တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com