9/16/2015

♪ HTC Desire 826 ဖုန်းအမျိုးအစားသစ် ပြည်တွင်းဈေးကွက်ဝင် ♫


Screen, CPU နှင့် ကင်မရာစနစ်များ မြင့်မားကောင်းမွန်သည့် HTC ဖုန်းအမျိုးအစား သစ်တစ်ခုဖြစ်သော Desire 826 ဈေးကွက် သို့ဝင်ရောက် လာပြီဖြစ်ကြောင်း သိရသည်။

၎င်းဖုန်းသည် GSM  နှင့် CDMA ကွန်ရက်နှစ်မျိုးတွင် အသုံးပြုနိုင်သော ဖုန်းအမျိုးအစားဖြစ်ပြီး ယခင်ထွက်ခဲ့သော Desire 816 ကဲ့သို့ပင် GSM 2G/3G နှင့် CDMA 800MHz စနစ်နှစ်မျိုး အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ Screen မှာ Super LCD3 Screen အမျိုးအစားဖြစ်ပြီး မြင်ကွင်း အရွယ်အစား ၅.၅ လက်မ၊ နောက်ကင်မရာ 13 Mega Pixel နှင့် ရှေ့ကင်မရာ 4 Ultra Pixel တို့ပါဝင်မည် ဖြစ်သည်။

''မှတ်ဉာဏ်ကတော့ Internal 16GB နဲ့ RAM 2GB ပါဝင်ပါ တယ်။ CPU ကလည်းလုပ်ဆောင် ချက်မြင့်မားကောင်းမွန်တဲ့ Octa core CPU ကိုအသုံးပြုထားတာပါ။ တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး လုပ်ဆောင်ချက် ပိုင်းတွေမှာလည်း ကောင်းမွန်ပါတယ်''  ဟု HTC မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

826 တွင်ပါဝင်သော OS မှာ Android 5.0.1 ဖြစ်ပြီး Sense မှာလည်း 7 ဖြစ်သောကြောင့် HTC ၏အသစ်ထွက် OS နှင့် UI များဖြစ်ပြီး One M9 ကဲ့သို့ပင် အသုံးပြုစနစ်များ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းအား တန်ဖိုး ၃၉၉,၀၀၀ ကျပ်ဖြင့် HTC Showroom နှင့်မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com