9/18/2015

“Xiaomi Redmi 1S အကြောင်းရှင်းလင်းဖော်ပြချက်များ ”


စက်တင်ဘာလတွင်နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သော Apple မှသူ၏ နောက်ဆုံးပေါ်ဟန်းဆက်နှင့် တက်ဘလက်အမျိုးအစားသစ်ကို မိတ်ဆက်ပြသလိုက်ပါတယ်။ ထို့ကြောင့်ကမ္ဘာ့တစ်ဝှမ်းမှနည်းပညာ ပစ္စည်းများကိုခုံမင်နှစ်သက်သူများစိတ်ဝင်စားမှု တွေဖြစ်ပေါ်ခဲ့ကြပါတယ်။ Apple ရဲ့ဟန်းဆက် အသစ်ဟာ နည်းပညာဈေးကွက်အတွက် ထိုးဖောက်မှုအသစ်ဖြစ်လာခဲ့ပြီး ဈေးနှုန်းတန်ဖိုးအားဖြင့်လည်း မြင့်မား မှာဖြစ်ပါတယ်။ Apple ရဲ့ ရောင်းဝယ်မှု ပုံစံ အတိုင်းသုံးစွဲသူများအနေဖြင့် ညမိုးချုပ်ကတည်းကတန်းစီ ၀ယ်ယူရမှာ ဖြစ်ပါတယ်။

Apple ထုတ်ကုန်များဟာကမ္ဘာနှင့်အ၀န်းလူကြိုက်များပြီး မကြာခဏ လည်းအသစ်ထွက်ရှိလေ့မရှိပါဘူး။ ဒါကြောင့်Apple ပစ္စည်း သုံးစွဲသူ များအနေဖြင့်အချိန်ကာလတစ်ခုအထိကြာမြင့်စွာ ပစ္စည်းအသစ် ကိုစိတ်ကျေနပ်စွာဖြင့်သုံးစွဲလို့ရမှာ ဖြစ်ပါတယ်။ Apple ဟာပစ္စည်းအသစ်များ ထုတ်လုပ်တဲ့အခါတွင်လည်း ပစ္စည်းအဟောင်းများကိုရပ်တန့်ခြင်း၊သိမ်းဆည်းခြင်းများ ပြုလုပ်တတ်ပါတယ်။ ပြည်တွင်းဈေးကွက်၌Apple စက်ရုံမှ ထုတ်လုပ်ရောင်းချပေးထားသော iPhone 5s စမတ်ဖုန်းများကို ဘော်ဒီ အသစ်၊Screen အသစ်တို့ အပြင်စက်ပိုင်းဆိုင်ရာတိကျသေချာသော မွမ်းမံ မှုများပြုလုပ်၍ Packing ဘူးအသစ်၊Original Accessories အသစ်တို့ဖြင့် ၀ယ်ယူရရှိနိုင်ပါတယ်။ ထိုဖုန်းများဟာမူလကနဦးထွက်ရှိထားသောပုံစံ အတိုင်းမဟုတ် ဘဲ ပြန်လည်ပြုပြင်ရောင်းချပေးထားသည့်သဘော ဖြစ်ပါတယ်။

Apple ပစ္စည်းများဟာSecond Hand ဈေးကွက်တွင်လည်း ရောင်းဝယ်မှု မျက်နှာပန်းလှပါတယ်။ Apple နဲ့ယှဉ်ပြိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်သည့် Samsung သည်လည်းပြီးခဲ့သောလက ဟန်းဆက်အသစ် နှစ်မျိုးကိုခမ်းနားစွာ မိတ်ဆက်ပေးထားပါတယ်။ ပြည်တွင်းဈေးကွက်တွင်လည်းPromotion အစီအစဉ်များ နဲ့ရောင်းချပေး သွားပါတယ်။ သုံးစွဲသူများနှင့်ရင်းနှီးမှုရှိစေဖို့ အတွက်လည်း မီဒီယာများတွင် ခပ်စိတ်စိတ်ကြော်ငြာခြင်းများပြုလုပ်ထားပါတယ်။ Apple နှင့်နောက်ထပ်ယှဉ်ပြိုင်နေသောကုမ္ပဏီတစ်ခု ကတော့ Xiaomi ဖြစ်ပါတယ်။ Xiaomi ရဲ့ဖုန်းများဟာ iPhone နဲ့အလားသဏ္ဌာန်တူပြီး ဈေးနှုန်းတန်ဖိုး အားဖြင့်လည်းအရမ်းကြီးမမြင့်မားပါဘူး။

ဒါကြောင့်Xiaomiသုံးစွဲသူများပေါများလာခဲ့ပါတယ်။ Xiaomi ရဲ့ဟန်းဆက်များထဲတွင်Note Pro, Note 2 နှင့်Mi 4i တို့ဟာအရည်အသွေးမြင့်မားပြီးဈေးနှုန်းတန်ဖိုးအားဖြင့် လည်းiPhone ထက်နည်းပါးပါတယ်။ Xiaomiဟန်းဆက်များထဲတွင် အချို့သောဖုန်းတွေဟာလူတန်းစားမျိုးစုံသုံးစွဲဖို့အတွက်အဆင်ပြေစေပါ တယ်။Redmi 1S ကတော့ဈေးနှုန်း တန်ဖိုးအားဖြင့်လည်းသိပ်မမြင့်မားဘဲ ပါရှိသောစွမ်းရည်တွေဟာ လည်းကောင်းမွန်ပါတယ်။ ဖုန်းရဲ့ပုံပန်းသဏ္ဌာန်ကတော့လေးထောင့်ကျသောပုံစံရှိပါတယ်။ ဖုန်းရဲ့အဓိက ကင်မရာဟာနောက် ကျောဘက်တွင်လေးထောင့်ပုံစံတည်ရှိပြီး Flashမီးနဲ့အထက်အောက်တည်ရှိပါတယ်။ ဖုန်းရဲ့အမှတ်တံဆိပ်တွေဟာ များသောအားဖြင့်အနောက်ဘက် အလယ်တည့်တည့်မှာရှိတတ်ပေမယ့် Redmi 1S ရဲ့ Mi တံဆိပ်ဟာ အနောက်ဘက်အောက်နားတွင်တည်ရှိပါတယ်။

ထောက်ပံ့သုံးစွဲနိုင်မယ့်Network အမျိုးအစားကတော့2G, 3G ဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏ ဟာ 137×69×9.9 mm ရှိကာအလေးချိန်သည် 158 g ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့်ဆင်းကတ် အရေအတွက်ကတော့ နှစ်ကတ်ဖြစ်ပါတယ်။ ထည့်သွင်းသုံးစွဲရမယ့်ဆင်းကတ်အမျိုးအစားကတော့ Mini SIM ပါ။ IPS LCD Capacitive touchscreen ရဲ့အကျယ်အ၀န်းပမာဏ ကတော့4.7 inches ဖြစ်ပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ ပေးထားသောPixels ပမာဏမှာ720×1280 ပါ။တစ်လက်မမှာရှိမယ့် Pixelပမာဏသိပ်သည်းဆကတော့312 ppiဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင် ကာကွယ်မှုအပိုင်းတွင်AGC Dragontrail Glass တပ်ဆင်ပေးထားပါတယ်။ Multitouchအပိုင်း၌MIUI 6.0 ကိုသုံးစွဲနိုင်ပါမယ်။ သုံးစွဲနိုင်မယ့် OS အမျိုးအစားဟာAndroid ဖြစ်ပြီးVersion ကတော့Jelly Bean ပါ။KitKat Version ကိုလည်းအဆင့်မြှင့်ပြီးသုံးစွဲလို့ရပါမယ်။

ထည့်သွင်းအသုံးပြု ပေးထားသော Chipset အမျိုးအစားကတော့Qualcomm Snapdragon 400 ဖြစ် ပါတယ်။CPU ရဲ့စွမ်းရည်ဟာQuad-core 1.6 GHz ဖြစ်ခြင်းကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် တုံ့ပြန်မှု ကောင်းမွန်ပါတယ်။GPU အမျိုးအစားကတော့Adreno 305 ပါ။မှတ်ဥာဏ်ပမာဏအပိုင်းအတွက် RAM ကို1GBထည့်သွင်းပေးထားပြီး Internal Storageမှာ8GBပါရှိပါတယ်။ မှတ်ဥာဏ်ပမာဏကို ချဲ့ထွင် သုံးစွဲချင်သူများအတွက် Card Slot စနစ်ကို အသုံးပြုနိုင်ပါတယ်။ အများဆုံးချဲ့ထွင်နိုင်မယ့် မှတ်ဥာဏ်ပမာဏမှာ64GB အထိဖြစ်ပါတယ်။LED Flash အသုံးပြု၍ဓာတ်ပုံရိုက်ကူးနိုင်မယ့်အဓိက ကင်မရာရဲ့စွမ်းရည်ဟာ8MP ဖြစ်ပါတယ်။ရှေ့ကင်မရာငယ်ရဲ့စွမ်းရည်ကတော့1.6MP ဖြစ်ပါတယ်။ဗွီဒီယို ရိုက်ကူးနိုင်မယ့်စွမ်းရည်မှာ1080p ဖြစ်ကာနှုန်းမှာ1 Secondကို30 Frames ပါ။အားသွင်းအသုံးပြုနိုင်မယ့် ဘက်ထရီအမျိုးအစားကတော့ Li-lon 2000 mAhဖြစ်ပါတယ်။ အရောင် များစွာ ဖြင့်လည်း ထုတ်လုပ်ပေးထားခြင်းကြောင့် အရောင်ဆန်းများဖြင့် အသုံးပြုချင်သူများအဆင်ပြေစေပါလိမ့်မယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com