9/18/2015

♪ Windows အတွက် Microsoft Office 2016 ကို ယခုလတွင် ဖြန့်ချီမည် ♫

၁

Microsoft က ၀င်းဒိုးအတွက် Microsoft Office 2016 ကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖြန့်ချီမည်ဟု အတည်ပြုပြောကြားပါသည်။ Microsoft က Office 2016 ၏ Public Preview ကို မေလ ကတည်းက ဖြန့်ချီပေးထားခဲ့ခြင်း ဖြစ်ပြီး ယခုမှသာ Stable Version ကို ဖြန့်ချီခြင်း ဖြစ်ပါသည်။

Office 2016 တွင် Cloud အခြေပြုစွမ်းဆောင်ချက်များနှင့် အခြား စွမ်းဆောင်ချက်များစွာလည်းပါရှိလာ မည် ဖြစ်သည်။ ထိုစွမ်းဆောင်ချက်များစွာတွင် Documents များကို အခြားလူများနှင့် တစ်ပြိုင်နက်တည်း Edit လုပ်နိုင်ခြင်း၊ OneDrive Cloud တွင် ဖိုင်များကို Sync ပြုလုပ်နိုင်ခြင်း၊ Themes အသစ်များပါရှိခြင်းတို့ ပါဝင်ပါသည်။ Documents များကို လူများစွာ Edit ပြုလုပ်နိုင်သည့် စွမ်းဆောင်ချက်ကို Office Online Users များက အရင်ကတည်းက အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။

Microsoft က Mac အတွက် Office 2016 ကို ဇူလိုင်လကတည်းက ဖြန့်ချီပေးခဲ့ခြင်း ဖြစ်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com