မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ
၎င်း၏ဆွေသဟာအစီအစဉ်သုံးစွဲသူအားလုံးအတွက် ရည်ရွယ် ၍စီစဉ် ပေးထားသော
"နာရီတိုင်းမှာ ၅ မိနစ်စာ” အစီအစဉ်ကိုမူလကြေညာထားသော နောက်ဆုံးရက်ဖြစ် သည့်
စက်တင်ဘာလ ၃၀ ရက်နေ့အစား အောက်တိုဘာလ ၃၁ ရက်အထိ နောက်ထပ်တစ်လ တိုးမြှင့်
ပြုလုပ်လိုက်ကြောင်းသိရသည်။
"ကျွန်တော်တို့ MPT ကို အသုံးပြုသူတွေအနေနဲ့ ဒီအထူးအစီအစဉ်ကြောင့် တစ်နာရီအချိန်အတွင်းမှာ မိတ်ဆွေတွေ မိသားစုတွေဆီကို မိနစ်အပိုများများ ဖုန်းခေါ်ဆိုနိုင်ကြပါပြီ။ သုံးစွဲသူတွေဆီက နှစ်ခြိုက် မှုနဲ့ တောင်းဆိုမှုတွေကြောင့် ဒီ "နာရီတိုင်းမှာ ၅ မိနစ်စာ" အထူးအစီအစဉ်ကို နောက်ထပ် အချိန်ကာလတစ်လ တိုးမြှင့်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတာပါ။ ကျွန်တော်တို့ MPT အနေနဲ့ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုနဲ့ လိုအပ်ချက်တွေကို အမြဲနားစွင့်နေပြီး အကောင်းဆုံးဝန်ဆောင် မှုတွေ ပေးအပ်သွားမှာပါ" ဟု MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr. Takashi Nagashima က ပြောသည်။
Credit to ==> Myanmar Mobile View

ယင်းအစီအစဉ်၏စည်းကမ်းသတ်မှတ်ချက်များမှာ ယခင်အတိုင်းပင်ဖြစ်ပြီးဆွေသဟာအသုံးပြုသူများအား
လုံးအတွက် ဖြစ်ကာမိနစ် ၆၀ ဆက်တိုက် ဖုန်းခေါ်ဆိုသူများသည် ပထမဆုံး ၅
မိနစ်အတွက်သာ တစ်မိနစ် ၂၃
ကျပ်နှုန်းဖြင့်ပေးဆောင်ရမည်ဖြစ်ပြီး ကျန်ခေါ်ဆိုချိန်(အများဆုံး၅၅မိနစ်အထိ) ကိုအခမဲ့ပြောဆိုနိုင် မည်ဖြစ်
ကြောင်းသိရသည်။
ဥပမာအနေဖြင့်သုံးစွဲသူတစ်ဦးသည် ၂၅မိနစ် ကြာဖုန်းခေါ်ဆိုလျှင်ပထမဆုံး၅ မိနစ်အတွက်သာကုန်ကျ မည်ဖြစ်ပြီး ကျန် ၂၀ မိနစ်ကို အခမဲ့ပြောဆိုနိုင်မည်ဖြစ်သည်။ မိနစ် ၆၀ ထက်ကျော်လွန်သော ဖုန်းခေါ်ဆိုမှု များအတွက်ကိုမူ မူလသတ်မှတ်ဈေးနှုန်းဖြစ်သော တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် ကောက်ခံသွားမည်ဖြစ်သည်။
အဆိုပါအထူးအစီအစဉ်သည် GSM/WCDMA ဆွေသဟာအစီအစဉ်အသုံးပြုသူတိုင်းအတွက် အလိုအလျောက် အကျုံးဝင်မည်ဖြစ်သည်။ ဖုန်းအ၀င်လက်ခံပြောဆိုသူသည် ဆွေသဟာသုံးစွဲသူမဟုတ်ဘဲ ပုံမှန် MPT သုံးစွဲသူဖြစ်ပါကလည်း အ၀င်လက်ခံခြင်းကိုအသုံးပြုနိုင်မည်ဖြစ်ကာ ယင်းအစီအစဉ်ကိုညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်းအသုံးပြုနိုင်မည်မဟုတ်ကြောင်းသိရသည်။
အခမဲ့စကားပြောဆိုချိန်များအတွက်တစ်ရက်လျှင် ဖုန်းခေါ်ဆိုမှုကိုအကြိမ်အရေအတွက်ကန့်သတ်ထားခြင်း မရှိဘဲသုံးစွဲသူစိတ်ကြိုက်ဖုန်းခေါ်ဆိုမှုများစွာပြုလုပ် နိုင်မည်ဖြစ်သည်။ GSM/WCDMA အသုံးပြုသူများ အနေဖြင့် ဆွေသဟာအစီအစဉ်ကို ရယူလိုပါက ၁၃၃၂ သို့ “SWE” သို့မဟုတ် “POSTSWE”ဟု စာတိုပေးပို့ကာ အခမဲ့ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
#2692015