9/16/2015

ဒီည ၁၁:၃၀ မှာ Apple ကနေ တရားဝင် update ပေးမယ့် iOS 9 နှင့်အတူပါဝင်လာမယ့် features အသစ်တွေပါ ....


=>> Battery Saving mode 
ဖုန်းအားကုန်ခါနီးကျရင် ဘက်ထရီကို ပိုအသုံးခံနိုင်အောင်လုပ်ပေးမယ့် feature ဖြစ်ပါတယ် ( တစ်ချို့ဆျုဒ်တွေမှာတော့ battery 20% ကျန်တဲ့အခါ battery saving mode ဖွင့်သုံးရင် နောင်ထပ် ၃နာရီ ပို အသုံးခံနိုင်ကြောင်းပြောထားဖူးပါတယ် ) အဲ့လိုဖွင့်ထားလိုက်ရင် အင်တာနက် နှေးသွားမယ် background App refresh and download အလုပ်မလုပ်တော့ဘူး နောက်ပီး battery logo color က အဝါရောင် ဖြစ်နေပါလိမ့်မယ်။

=>>iCloud Drive App 
Home screen ပေါ်ကနေ iCloud ထဲတန်းသွားနိုင်မှာ ဖြစ်ပါတယ် ( Setting >> iCloud >> iCloud Drive >> Show on Home Screen လုပ်ပေးဖို့ လို့ပါတယ်) 

=>> Search in Settings App 
Setting ထဲမှာကို search box ပါလာပြီဖြစ်ပါတယ် .... setting ထဲဝင်တာနဲ့ အပေါ်ဆုံးမှာ တွေ့ရပါလိမ့်မယ်

=>> Scrubber in Photos App ဓါတ်ပုံကြည့်တဲ့ အခါ အောက်နားကနေ တခြားပုံတွေကို ပြထားပေးမှာ ဖြစ်ပြီး အရင်လို back button နိုပ်ပြီး ကြည့်နေတဲ့ ပုံကနေ ထွက်တဲ့ စနစ်အစား (slide down on the pic ) ဓါတ်ပုံကို အောက်ဆွဲချလိုက်ယုံနဲ့ ထွက်သွားမှာပါ ။ ( Photos App ကနေထွက်တာ ဟုတ်ဘူးနော် ...)

=>> Back together Search/ Back to App 
Spotlight Search ကနေ App ကိုဖွင့်တဲ့ အခါ ဘယ်ဖက် အပေါ်ဒေါင့်မှာ“back to Search”ဆိုပြီး ပြနေပါလိမ့်မယ်။ထို့နည်းတူ Facebook ကနေ Safari ကို link နဲ့ သွားလိုက်ရင်လည်း “back to Facebook” ဆိုပြီး ပြထားပါလိမ့်မယ်.... 

=>> Add Mail Attachment 
Mail နဲ့အတူ iCloud Drive ထဲက ဖိုင်တွေ ပို့လို့ရပါပြီ။ body setting မှာ နည်းနည်း ကြာကြာဖိထားပြီး “Add Attachment” ကို ရွေးပြီး ပို့နိုင်ပါပြီ။ 

=>> Redesigned App Switcher 
multitasking ကို ဒီဇိုင်းပြောင်းထားတာ ဖြစ်ပါတယ်။ ပိုလန်းပြီး အထာပိုကျလာပါတယ်

=>> Redesigned Siri 
Siri design ပြောင်းပြီး လုပ်ဆောင်ချက်တွေ ပို အဆင့်မြင့်လာပါတယ် ( အားတဲ့ အခါ Siri လုပ်ဆောင်နိုင်ချက်တွေ အကြောင်း ပို့စ် အသစ်တင်ပေးပါမယ် )

=>> Passcode are now 6 digits 
iOS 9 မှာ passcode 4 လုံးအစား 6 လုံးအသုံးပြုနိုင်ပါပြီ ( Passcode option ထဲဝင်ပြီး ပြောင်းနိုင်ပါတယ်)

=>> Select multiple photos 
google photos app လိုပဲ ဓါတ်ပုံတွေကို တစ်ပုံချင်း selecte လုပ်စရာမလိုပဲ slide လုပ်ပြီး ပုံတွေ အများကြီးကိုရွေးနိုင်ပါပြီ 

=>> New Font 
Helvetica font အစား San Francisco font ( Apple Watch မှာပါတဲ့font) သုံးထားပါတယ်။

=>>Hide Multiple Photos 
iOS 8 တုန်းက ဓါတ်ပုံတွေကို hide ချင်တဲ့ အခါ တစ်ပုံခြင်းဆီ hide ရပေမယ့် iOS 9 မှာတော့ Multiple hide နိုင်ပါပြီ ( ဒီ feature လေး တော် တော် အသုံးဝင်မှာ သေချာတယ်)

=>> Save Attachment 
mail နဲ့ ရောက်လာတဲ့ ဖိုင်ကို iCloud Drive ထဲသို့ တန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ် 

=>> Email more than 5 photos at once 
အရင်တုန်းက photos ၅ပုံသာ mail ထဲထည့် ပို့ခွင့်ရှိပေမယ့် အခု ၅ပုံထက် ပိုပြီး ပို့လို့ ရသွားပါပြီ ( အကန့်အသတ် တော့ မကြေငြာထားဘူးဗျ

=>> Battery Usage details 
last 22 hrs မှာဘယ် App တွေက battery စားသွားလည်း ကြည့်နိုင်မှာ ဖြစ်ပါတယ်

=>> Battery Widget 
Notifications center မှာ built in battery widget ထားသုံးနိုင်မှာ ဖြစ်ပါတယ် ( Apple Watch အတွက်ပါ အတူဖေါ်ပြပေးမှာ ဖြစ်ပါတယ်)

=>> New Options for Reader Mode in Safari 
Safari က reader mode ကို background color နဲ့ font ပြောင်းသုံးနိုင်မှာ ဖြစ်ပါတယ် ( အရောင် ၄ရောင် ပေးထားပါတယ်) 

=>> Quick Access to Wallet from lock screen 
( US တို့ တခြား Europe မှာပဲ အသုံးဝင်ပါတယ် ) Wallet ကို lock screen ကနေ တိုက်ရိုက်သုံးနိုင်မှာ ဖြစ်တဲ့ အတွက် ပိုက်ဆံရှင်းတဲ့ အခါ wallet app ထဲ ဝင်နေစရာ မလိုတော့ပါဘူး

=>> Disable Shake to Undo 
Setting >> General >> Accessibility >> Shake to Undo ထဲသွားပြီး Shake to Undo feature ကို on/off လုပ်နိုင်ပါပြီ။

=>> Customize menu in Assistive touch 
Assistive touch မှာ ကြိုက်သလိုပြင်နိုင်ပါပြီိ။ လုပ်ဆောင်ချက် ၈ခု ထည့်ခွင့်ရှိပါတယ်

=>>New Auto Lock Option 
30seconds ဖြင့် Auto-Lock လုပ်နိုင်ပြီ ဖြစ်ပါတယ်

=>> Disable All Vibrations 
Setting >> General >> Accessibility >> Vibrations ထဲသွားပြီး vibration အားလုံးကိုဂတစ်နေရာထဲကနေ on/off လုပ်နိုင်ပါပြီ

=>> Wallpaper Setting 
Still နဲ့ Perspective ဆိုတဲ့ option ဖြစ်သွားပါပြီ ( Zoom: on/off အစား )

=>> Change video recording resolution 
Setting >> Photos & Camera >> Record Video ထဲကနေ 720p HD at 30fps, 1080p HD at 30 or 60fps အပြင် Slo-mo video မှာလည်း 720p HD at 120fps or 240fps ကြိုက်တာ ရွေးနိုင်မှာ ဖြစ်ပါတယ်။

=>> Apple News 
သတင်းတွေ ဖတ်ဖို့ အဆင်ပြေဆုံး App တစ်ခုဖြစ်ပါတယ်။ 

ကဲ .... iOS 9 features မှာ ကျနော်သိတွေ အကုန်ပါပဲ .... ကျနော် မသိတေးတဲ့ features တွေ ရှိမှာပါ။( ရေးထားတဲ့ ထဲမှာ ipad အတွက် သီးသန့်ပေးထားတဲ့ features တွေ မပါပါဘူး )

© Apple ref:Wai Kwan > iOSသုံးသူများအဖွဲ့အစည်း





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download