9/24/2015

♪ အများနှင့်မတူသောမိုဘိုင်းဂိမ်းကုမ္ပဏီ (သို့) COC ဖန်တီးရှင် Supercell ♫



မိုဘိုင်းဂိမ်းအမျိုးအစား ၃ မျိုးဖြင့် ပြီးခဲ့သော ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွ င်းSupercell ကုမ္ပဏီမှ ရှာဖွေနိုင်ခဲ့သောစုစုပေါင်းဝင်ငွေပမာဏမှာ ယူရိုငွေ ၁ ဒသမ ၅၅ ဘီလီယံအထိပင်ရှိခဲ့သည်။Supercell ဆိုသည်မှာ အခြားမဟုတ်။ ယနေ့မြန်မာ့မိုဘိုင်းဂိမ်းနယ်ပယ်နှင့် ကမ္ဘာတွင်ခေတ်အစားဆုံးဖြစ်နေသည့် COC(Clash of Clans) ကို ထုတ်လုပ်ဖန်တီးခဲ့သော ဖင်လန်အခြေစိုက်မိုဘိုင်းနှင့်ဗီဒီယိုဂိမ်း ကုမ္ပဏီပင်ဖြစ်၏ ။Supercell သည် လက်ရှိအချိန်တွင် နာမည်ကျော် Clash of Clans ဂိမ်းအပြင် Hay Day နှင့် Boom Beach ဂိမ်းများကို iOSနှင့် Android စနစ်သုံးမိုဘိုင်းပစ္စည်းများတွင် ဆော့ ကစားနိုင်ရန်ဖန်တီးထုတ်လုပ်ပေးထားပြီး ဆော့ဖ်ဝဲလ် ရောင်းချခြင်းနှင့် ကြော်ငြာများမှတဆင့် အခွန် မဆောင်မီအမြတ်ငွေယူရို ၅၁၅ သန်းအထိ ရရှိခဲ့ခြင်းဖြစ်သည်။

Supercell အနေဖြင့် လွန်ခဲ့သော ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကပင် စုစုပေါင်းဝင်ငွေ ယူရို ၅၁၉ သန်း၊ အမြတ်ငွေအဖြစ် ယူရို ၂၄၂ ဒသမ ၂ သန်းသာရရှိခဲ့ ရာ တစ်နှစ်အတွင်း ၀င်ငွေ ၃ ဆအထိပိုမိုရှာဖွေနိုင်ခဲ့ သည်ကိုတွေ့ရသည်။ ကမ္ဘာကျော်Forbesမဂ္ဂဇင်းကြီးကမူ မထင်မရှားဂိမ်းကုမ္ပဏီငယ်လေးဘ၀မှ ကမ္ဘာ့ အအောင်မြင်ဆုံး မိုဘိုင်းဂိမ်းဖန်တီးသူဘ၀သို့ တက်ရောက်လာနိုင်ခဲ့သောSupercell အား သမိုင်းတစ်လျှောက် တိုးတက်မှုအမြန်ဆုံးဂိမ်းကုမ္ပဏီဟု တင်စားဖော်ပြခဲ့သလို Wall Street ဂျာနယ်မှဖော်ပြခဲ့သောဆောင်းပါး တစ်ပုဒ်တွင်လည်း သုညဘ၀မှစတင်ခဲ့ကာ ၃ နှစ်အတော အတွင်း ဒေါ်လာ ၃ ဘီလီယံအထိ ရှာဖွေနိုင်ခဲ့သောစွန့်ဦးတီထွင် နည်းပညာအဖွဲ့အစည်းတစ်ခု အဖြစ် ခေါင်းစဉ်တပ်ခဲ့သေးသည်။ COC မိုဘိုင်းဂိမ်းနှင့်အတူ ဈေးကွက်အတွင်းပေါက်သွားခဲ့သည့် Supercell ၏ထူးခြားချက်တစ်ခုလည်းရှိထားသေးသည်။ ယင်းထူး ခြားချက်ကတော့ စီးပွားရေး အရအောင်မြင်သလောက် ၀န်ထမ်းအင်အားကို များပြားစွာမတိုးချဲ့ခဲ့ခြင်းပင်။ ၂၀၁၃ ခုနှစ်က အရည် အသွေးပြည့်ဝန်ထမ်း ၁၃၈ ဦးရှိထားခဲ့ရာမှ တဟုန်ထိုးအောင်မြင်လာခဲ့သော ၂၀၁၄ ခုနှစ်အရောက်တွင် လည်း ၀န်ထမ်းဦးရေတစ်ဒါဇင်မျှသာ ထပ်မံခေါ်ယူခဲ့သည့်အချက်က အံ့သြစရာဖြစ်ခဲ့ရသည်။

ယုံကြည်ချက်များဖြင့် Supercell မွေးဖွားခြင်း
=============================
Supercell ကုမ္ပဏီကို ၂၀၁၀ ပြည့်နှစ်၊ ဇွန်လတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဖင်လန်နိုင်ငံ၊ နစ်တီကမ်ပူမြို့လေးရှိ သားသားနားနားမရှိလှသောတိုက် ခန်းလေးထဲတွင် စတင်မွေးဖွားခဲ့သော Supercell သည် တကယ့်ကိုသုညဘ၀ဖြင့်စတင်ခဲ့ရခြင်းဖြစ်သည်။ အမေရိကန်ရှိနည်းပညာကုမ္ပဏီတို့စုဝေးရာ ဆီလွန်ကွန်တောင်ကြား နှင့်တော့ မိုးနှင့်မြေပမာအဆင့်အတန်းချင်း ကွာခြားလွန်းလှသည်။ သို့သော် ပူးတွဲတည်ထောင်သူများဖြစ်ကြသော Petteri Kopenen နှင့် Ilkka Paananen တို့၏ ရင်ထဲမှာတော့ ပြင်းထန်ခိုင်မာသောယုံကြည်ချက်နှင့်အတူ ဗီဒီယိုဂိမ်းကိုချစ်မြတ်နိုးစိတ်များ အပြည့်အ၀ရှိ ထားခဲ့ကြလေသည်။ ထိုစဉ်ကအခြေအနေနှင့်ပတ်သက်၍ တည်ထောင်သူ Petteri Koponen က ““ပြူတင်းပေါက်နည်းနည်းသာရှိတဲ့ အခန်းကျဉ်းလေးထဲမှာ ကျွန်တော်တို့ရဲ့အိပ်မက်တွေကို စတင်ခဲ့ကြ တာပါ။ အလုပ်လုပ်မယ့်လူတိုင်းအတွက် ထိုင်စရာခုံတောင် အလုံအလောက်မရှိခဲ့ပါဘူး”” ဟု ပြန်ပြောင်းပြောပြခဲ့သည်။ အလားတူပင် လက်ရှိ Supercell စီအီးအိုအဖြစ်တာဝန်ယူနေသည့် အသက် ၃၄ နှစ်အရွယ် Ilkka Paananen သည်လည်း အလုပ်လုပ်စရာစားပွဲခုံမရှိသဖြင့် ကတ်ထူစက္ကူပုံးခွံတစ်ခုပေါ်တွင် ကွန်ပျူတာကိုတင်ပြီး ကုမ္ပဏီအတွက် စီမံကိန်းများရေးဆွဲခဲ့ရသည်ဟုဆို သည်။ ကုမ်္ပဏီအတွက် မတည်ငွေများမှာလည်း ဖင်လန်အစိုးရက နည်းပညာလုပ်ငန်းများအားငွေချေးရန် ဖွဲ့စည်းပေးထားသည့် Tekes အဖွဲ့ထံမှရရှိသည့်ချေးငွေများသာ ဖြစ်ခဲ့လေသည်။


Supercell ၏လက်ရှိစီအီးအိုအဖြစ် တာဝန်ယူနေသော Ilkka Paananen ကတော့ နှစ်ပေါင်းများစွာအထိ စွဲစွဲမြဲမြဲကစားကြမည့် အကောင်းဆုံးဂိမ်းများကိုဖန်တီးရန်သာ ၎င်းင်းတို့ အဖွဲ့ဆန်္ဒရှိခဲ့ကြောင်း၊ ငွေကြေး အကျိုးအမြတ်ကိုမမျှော်ကိုးဘဲ ၀ါသနာကိုအရင်းခံ၍တည်ထောင်ခဲ့သော ဂိမ်းကုမ်္ပဏီတစ်ခုပင်ဖြစ်ကြောင်း ဆိုခဲ့သည်။ ““ဗီဒီယိုဂိမ်း၊ ဒါမှမဟုတ် မိုဘိုင်းဂိမ်းနယ်ပယ်မှာအောင်မြင်ချင်တယ်ဆိုရင် ငွေကို ဘယ်လိုရအောင်ရှာမလဲဆိုတဲ့အတွေးကို ရပ်တန့်ပစ်ဖို့လိုပါတယ်””ဟူသော မှတ်ချက်မှာ မီဒီယာ များနှင့်တွေ့ဆုံတိုင့်းIlkka Paananen ပြောလေ့ရှိသောစကားတစ်ခွန်းပင်။

ဂိမ်း ၃ မျိုးဖြင့် ထိပ်တန်းရောက်လာခဲ့သောSupercell
===================================
လက်ရှိတွင် ကမ္ဘာ့အအောင်မြင်ဆုံးမိုဘိုင်းဂိမ်းကုမ္ပဏီအဖြစ် ရပ်တည်နေသောSupercell ၏စီးပွားရေး လမ်းကြောင်းကလည်း ပြိုင်ဘက်များကဲ့သို့ပင် ရိုးရှင်းပါသည်။ ၎င်းင်းတို့အနေဖြင့် ဂိမ်းကစားရန်လိုအပ်သည့် မိုဘိုင်းဆော့ဖ်ဝဲလ်များကို အခမခဲ့ဖြန့်ဝေပေးထားသည်။ တစ်နည်းအားဖြင့်တော့ Supercell သည် ဂိမ်းဆော့ဖ်ဝဲရောင်းချခြင်းဖြင့် အကျိုးအမြတ်မျှော်မှန်းသောကုမ္ပဏီမဟုတ်ပေ။ ၎င်းင်းတို့၏အဓိက၀င်ငွေမှာ ဂိမ်မာများအတွက် ဂိမ်းတိုးတက်မှုဆိုင်ရာအထောက်အကူပြုအခွင့် အလမ်းများကို နည်းလမ်း အမျိုးမျိုး ဖြင့် ရောင်းချရာမှရရှိလာသောအကျိုးအမြတ်နှင့် အခြားကြော်ငြာဝင်ငွေများပင်ဖြစ်သည်။ သက်တမ်း ၅ နှစ်ခန့်ရှိပြီဖြစ်သောSupercell ၏သမိုင်းတစ်လျှောက်တွင် ဗီဒီယိုဂိမ်းနှင့်မိုဘိုင်းများစွာကို ထုတ်လုပ်ခဲ့ ဖူးသော်လည်း လက်ရှိဈေးကွက်နှင့်ဂိမ်မာများအကြား အအောင်မြင်ဆုံးဟုခေါ်ရမည့် ဂိမ်း ၃ မျိုးကိုသာ ထိန်းချုပ်ထားနိုင်ခဲ့သည်။ အားလုံးသိရှိရင်းနှီးပြီးသား Clash of Clans အပြင် Hay Day နှင့်Boom Beach ဂိမ်းများဖြင့်လည်း Supercellတို့အောင်မြင်နေခြင်းဖြစ်သည်။ Clash of Clans နှင့် Hay Dayတို့ကို ၂၀၁၂ ခုနှစ်က စတင်ဖြန့်ချိခဲ့ပြီး Boom Beach ဂိမ်းကိုမူ ၂၀၁၄ ခုနှစ်၊ မတ်လမှသာစတင်မိတ်ဆက်နိုင်ခဲ့ခြင်းဖြစ် သည်။


Supercell ၏နောက်ထပ်ထူးခြားချက်တစ်ခုက မထင်မရှားဘ၀မှအောင်မြင်လာခဲ့ ချိန်တွင်လည်း နာမည်ကျော်ဗီဒီယိုဂိမ်းကုမ္ပဏီကြီးအဖြစ်သို့ အဆင့်မြှင့်တင်ခြင်း မရှိဘဲ Tablet ကဲ့သို့မိုဘိုင်းပစ္စည်းများ အပေါ်သာ အဓိကပစ်မှတ်ထားနေခဲ့ခြင်းဖြစ်သည်။ ပထမဆုံးထုတ်လုပ် ခဲ့ပြီး အောင်မြင်မှုမရခဲ့သော Gunshine ဂိမ်းမှစ၍ှSupercell သည်iPad နှင့် အခြား Tablet များတွင်ကစားနိုင်သည့် မိုဘိုင်းဂိမ်းများထုတ်လုပ်ဖန်တီးနိုင်ရန်သာ ပိုမိုအားသန်လာခဲ့တော့သည်။ မိုဘိုင်းဂိမ်းပလက်ဖောင်းတစ်ခု ဖန်တီးနိုင်ရေး မှာ ထင်မှတ်ထားသည်များစွာရှုပ်ထွေးခဲ့ပြီး သာမန်ဂိမ်း အမျိုးအစားများဖန်တီးမှုနှင့်လည်း လုံးဝကွာခြားခဲ့သည်။ နောက်ဆုံးတွင် Supercell ကိုပူးပေါင်းဖန်တီးခဲ့သူများအနေဖြင့် ၀က်ဘ်ဆိုက် အခြေပြုဂိမ်းများနှင့် ဗီဒီယိုဂိမ်းများ၏လမ်းစဉ်ကိုစွန့်လွှတ်ခဲ့ပြီး Mobile First ဟုခေါ်သောနည်းဗျူဟာနောက် ကိုသာ တစိုက်မတ်မတ်လိုက်ရန် ဆုံးဖြတ်ခဲ့လေသည်။

Softbank သို့ ရှယ်ယာများရောင်းချခြင်း
==========================
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလသို့အရောက်တွင် အောင်မြင်စပြုလာသော Supercell မိုဘိုင်းဂိမ်းကုမ္ပဏီ အတွက် အပြောင်းအလဲများစတင်ဖြစ်ပေါ်လာခဲ့သည်။ အကြောင်းကတော့ ဂျပန်အခြေစိုက်နည်းပညာနှင့် တယ်လီကွန်ကုမ္ပဏီအုပ်စုကSoftBank ရှယ်ယာများလွှဲပြောင်းဝယ်ယူရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ SoftBank သည် ၎င်းတို့၏လက်အောက်ခံကုမ္ပဏီခွဲဖြစ်သည့် GungHo Online Entertainiment ကုမ္ပဏီ၏အမည်နှင့် Supercell ၏ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို လွှဲပြောင်းဝယ်ယူရန် ကမ်းလှမ်း လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းင်းတို့မျှော်လင့်သည့်အတိုင်း ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဒေါ်လာ ၂ .၁ ဘီလီယံဖြင့်ဝယ်ယူနိုင်ခဲ့သည်။ ယခု ၂၀၁၅ ခုနှစ်၏ပြီးခဲ့သော ဇွန်လအတွင်းကလည်း SoftBankသည် Supercell ၏ရှယ်ယာ ၂၂ .၇ ရာခိုင်နှုန်းကို ထပ်မံဝယ်ယူနိုင်ခဲ့ရာ စုစုပေါင်း ၇၃ .၂ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သည်။

ဥရောပ၏ထုံးစံနှင့် စည်းမျဉ်းသတ်မှတ်မှုအရ Supercell ၏အဓိကရင်းနှီးမြှုပ်နှံသူနှင့် ထိန်းချုပ်ခွင့် ရပိုင်ဆိုင်သူမှာ SoftBankဖြစ်လာခဲ့ပြီဆိုလျင် လည်း မမှားပေ။ ဖင်လန်မှဂိမ်းဝါသနာအိုးများ စုစည်း တည်ထောင်လိုက်သည့် Supercell အနေဖြင့် ကမ်္ဘာကျော်မိုဘိုင်းဂိမ်းထုတ်လုပ်သူအဖြစ် ရပ်တည် လာနိုင်ခဲ့သလို တစ်နှစ် အတွင်း ၀င်ငွေ ၁ . ၅ ဘီလီယံကျော်ရှာဖွေနိုင်ခဲ့သော်လည်း အခြား နာမည်ကြီး နည်းပညာကုမ္ပဏီများကဲ့သို့ IPO ပြုလုပ်ကာ အများပိုင်ဘ၀မပြောင်းလဲသေးသည်က ထူးခြားမှု ဟုဆိုရမည်ဖြစ်သည်။ စီအီးအိုဖြစ်သူ Ilkka Paananen ကတော့ မဝေးတော့သည့် အနာဂတ်နေ့ရက်များ၌ သင့်တော်သည့်စတော့ဈေးကွက်တစ်ခုခု၌ စာရင်းတင်ကာ အများပိုင် ကုမ္ပဏီအဖြစ်ပြောင်းလဲမည်ဖြစ်သလို အာရှဈေးကွက်ချဲ့ထွင်မှုများ လည်း ပြုလုပ်သွားမည်ဟု ဖွင့်ဟသွားခဲ့သည်။ Supercell နှင့်ပတ်သက်၍ ပူးတွဲတည်ထောင် များဖြစ်သည့် Ilkka Paananen နှင့် Patteri Koponen တို့က ““မိုဘိုင်းဂိမ်းနဲ့ သာမန်ဗီဒီယိုဂိမ်းအကြားက ထူးခြားမှုတွေကို လူတွေသိအောင် ကျွန်တော်တို့လုပ်ပြနိုင်ခဲ့ပါတယ်။Supercell ဟာ ကျွန်တော်တို့စိတ်ကူးယဉ်အိပ်မက်ခဲ့ရတဲ့ဂိမ်းကုမ်္ပဏီတစ်ခု တကယ်ပဲဖြစ်လာခဲ့ပါပြီ”ဟု ဆိုခဲ့ကြသည်။

Ref( Is This The Firstest-Growing Game Company Ever? –by Karsten Stauss)
ကိုဆွဲ (မုံရွာ)


Credit to ==> TechSpace Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com