9/16/2015

♪ Apple Watch နှင့် iPhone ကို တစ်ပြိုင်နက် အားသွင်းနိုင်မည့် Pod Pro ♫


Apple Watch နှင့် iPhone ကို တစ်ပြိုင်နက် အားသွင်းနိုင်မည့် Pod Pro ဟုခေါ်သော battery pack ကို Nomad က မိတ်ဆက်ကြေညာခဲ့သည်။

Pod Pro တွင် ၂၄ စင်တီမီတာ Lightning အားသွင်းကြိုးတစ်ခု ပါဝင်ပြီး Apple Watch ကို အားသွင်းရာတွင်လည်း powermat အသွင်ဖြင့် အသုံးပြုနိုင်သည်။


၎င်းတွင် 6000mAh lithium-ion ဘက်ထရီတစ်ခု ပါဝင်ပြီး ထုတ်ကုန်များအား နှစ်ကြိမ်စီ အားသွင်းပေးနိုင်သည်။

Pod Pro ၏ လက်လီရောင်းဈေးမှာ ၉၉.၉၉ ဒေါ်လာဖြစ်ပြီး ကြိုတင်မှာယူပါက ၇၉.၉၉ ဒေါ်လာဖြင့် ရရှိနိုင်သည်။

၎င်းကို အောက်တိုဘာ ၃၀ ရက်တွင် တင်ပို့ရောင်းချမည် ဖြစ်သည်။

Ref: TechCrunch
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com