9/26/2015

♪ “Meizu m2 note” ♫


Meizu တံဆိပ်ဖုန်းများကိုလည်း ပြည်တွင်းမှာ ၀ယ်ယူရရှိနိုင်ပြီး ဈေးနှုန်း တန်ဖိုးအားဖြင့်လည်းအစားစားရှိပါ တယ်။ အမြင့်ဆုံးဖုန်းရဲ့တန်ဖိုး ကတော့ လေးသိန်းလေးသောင်းဝန်ကျင်ရှိပြီး ယခုဖုန်းကတော့ နှစ်သိန်း ၀န်းကျင် ရှိပါတယ်။ m2 တွင် m2 note နှင့် ရိုးရိုးm2 ဆိုပြီးနှစ်မျိုးရှိပါတယ်။

m2 ကတော့ 5” မျက်နှာပြင် အကျယ်အ၀န်းရှိကာ Pixels ပမာဏအနေဖြင့် 720 x 1280 ပါရှိပါတယ်။ m2 note ကတော့ 5.5” မျက်နှာပြင် အကျယ်အ၀န်း ရှိပြီး မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ1080 x 1920 ဖြစ်ပါတယ်။ 1” မှာရှိမယ့် Pixel ပမာဏ သိပ်းသည်းဆကတော့ 403ppi ပါ။ ဖုန်းနှစ်မျိုးစလုံးသည် ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်ပါတယ်။ ထည့်သွင်းအသုံးပြုရမယ့်ဆင်းကတ် အမျိုးအစား ကတော့ Nano Simပါ။ ဖုန်းမျက်နှာပြင်အတွက် m2 note တွင် IGZO capacitive touch screen ကိုအသုံးပြုပေးထားပါတယ်။

ဖုန်းရဲ့အရွယ်အစား ပမာဏကတော့ 150.9 x 75.2 x 8.7mm ဖြစ်ကာအလေးချိန်သည် 149g ရှိပါ တယ်။ Multitouchစနစ်တွင် Flyme 4.5ကိုသုံးစွဲနိုင်ပါမယ်။ ဖုန်းမျက်နှာပြင် ကာကွယ်မှုအပိုင်းနှင့် ပတ်သက်၍တော့ အတိအကျ ကြေငြာ ထားခြင်းမျိုးမရှိပါဘူး။ ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထားကာ အဓိကကင်မရာသည် 13MP စွမ်းရည်ရှိပြီးရှေ့ကင်မရာငယ်ကတော့ 5MPစွမ်းရည်ဖြစ်ပါတယ်။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAMကို2GB ထည့်သွင်းပေးထားပြီးInternal storage တွင် 16 နှင့် 32GB ဆိုပြီး နှစ်မျိုးနှစ်စားရှိပါမယ်။

အချက်အလက် အများအပြားသိမ်းဆည်ချင်သူများအတွက် လည်းမှတ်ဥာဏ်ပမာဏကိုချဲ့ထွင် အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးထားပါတယ်။ 128GB အထိချဲ့ထွင် သုံးစွဲလို့ ရပါမယ်။ Android Version Lollipop ကိုသုံးစွဲနိုင်ပါမယ်။ အားသွင်း အသုံးပြုရမယ့် Battery အမျိုးအစားကတော့ 3100mAh ဖြစ်ပါတယ်။ အရောင်လေးမျိုးနဲ့လည်းထုတ်လုပ်ပေးထားပါသေးတယ်။

<Specification>
Network - GSM/HSPA/ LTE
Memory - up to128GB
Bluetooth - v 4.0
CPU - Octa Core 1.3GHz
OS - Android OS, v5.0
Camera - 13MP
Contact - 01-382868
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com