9/26/2015

♪ “Xiaomi Mi 4c လာမည်” ♫


တရုတ်စမတ်ဖုန်းထုတ်လုပ်သူXiaomi က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပွဲတစ်ခုကျင်းပပြီးMi 4c ကိုမိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ Mi 4c ဟာMi 4i ထက် အနည်းငယ် ပိုမိုကောင်းတဲ့ အမျိုးအစားဖြစ်ပါ တယ်။

တရုတ် ဆက်သွယ်ရေးကော်မရှင်မှ သတင်းအချက်အလက်အရMi 4c ဟာMi 4i နဲ့ ဒီဇိုင်းဆင်တူမှာ ဖြစ်ပြီး အရွယ်လည်းတူညီပါတယ်။ Mi 4c မှာHexa-Core Qualcomm Snapdragon 808 SoC , 2GB RAM, 16GB Storage တို့ပါရှိမှာ ဖြစ်သလို 3GB RAM နဲ့ 32GB Storage အမျိုးအစားကိုလည်း ရောင်းချပေး မယ်လို့ သတင်းထွက်နေပါတယ်။ အခြား Specification များကတော့ တူညီ ကြပါတယ်။ 

Mi 4c မှာငါးလက်မ 1080p Display, 13MP Rear Camera, 5MP Front Camera, 3120mAh Battery, Android 5.1.1 Lollipop , Xiaomi MIUI 7 တို့ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ တရုတ်ယွမ် ၁၄၉၉
(ဒေါ်လာ ၂၃၅) ကျသင့်မှာ ဖြစ်ပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com