9/16/2015

♪ Sony Xperia Z4 Tablet ရဲ့အားသာချက် ၊ အားနည်းချက် ၊ နည်းပညာနှင့် အသေးစိတ်ဖော်ပြချက်များ ♫


တန်ဖိုး - ကန်ဒေါ်လာ ၈၇၉

အားသာချက်
HD Screen အသုံးပြုထားတဲ့ Sony Xperia Z4 Tablet ဟာ ပါးလွှာတဲ့ ကိုယ်ထည်ရှိပြီး Water proof ဒီဇိုင်းနဲ့ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် Performance ပိုင်းမှာလည်း ကောင်းမွန်တာကို တွေ့မြင်ရပြီး စွမ်းဆောင်ရည်ပိုင်း မြင့်မားတဲ့ Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

အားနည်းချက်
အဆိုပါ Z4 Tablet နဲ့တွဲဖက် သုံးစွဲနိုင်တဲ့ Bluetooth keyboard ဟာ လက်အထားအသိုအတွက် အနည်းငယ် ကျပ်တည်းပြီး ပလတ်စတစ်နှင့် ဖွဲ့စည်းထားသည့်အတွက် ထိခိုက်မှုပျက်စီးမှု လွယ်ကူနိုင်ပါ တယ်။

သုံးသပ်ချက်
Android Device ကို ကြိုက်နှစ်သက် သူများအတွက် ဒီ Tablet ဟာ Highend tablet အမျိုးအစား တစ်ခုဖြစ်ပြီး ဒီဇိုင်းပိုင်းကလည်း ကျစ်လျစ်လှပပြီး ကောင်းမွန်တာကို တွေ့မြင်နိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Qualcomm Snapdragon 810Chipset ကိုအသုံးပြုထားပြီး Quad Core Processor ကိုသုံးစွဲထားပါတယ်၊ Processor ရဲ့အမြန်နှုန်းကတော့ 1.5 GHz ရှိမှာဖြစ်ပါတယ်။ Tablet ပေါ်ကနေ ဂိမ်းကစားချင် သူများအတွက် Adreno 430 GPU Chiptset ကိုထည့်သွင်းပြီး၊ RAM ကို 3GB ထည့်သွင်းပေးထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 32GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ Storage များများ အသုံးပြုချင် သူများအတွက် 128 GB ပမာဏရှိတဲ့ Micro SD Card ကိုလည်း ထည့်သွင်း အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Android 5.0 Version ကို အသုံးပြုထားပြီး Display Screen မှာ IPS LCD capacitive multi-touch screen ကို အသုံးပြုထားပြီး Resolution ကတော့ 2560 x 1600 resolution ရှိမှာဖြစ်ပါတယ်။

Screen အရွယ်အစားမှာ ၁၀.၁ လက်မခန့် ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း နောက်ကင်မရာမှာ 8.1 Megapixels ရှိမှာဖြစ်ပြီး ရှေ့ကင်မရာကတော့ 5.1 Megapixels ရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီကို Li-Po Non Removable battery အသုံးပြုထားပါတယ်။ ဘက်ထရီရဲ့ သိပ်သည်းဆကတော့ 6000mAh ရှိမှာဖြစ်တဲ့အတွက် ခရီးသွားလာပြီး အလုပ်လုပ်တဲ့ သူများအတွက် သင့်တော်တဲ့ Tablet တစ်ခုလည်း ဖြစ်ပါတယ်။ MP3, WAV, eAAC, FLAC အစရှိတဲ့ Audio Format များကို အထောက် အပံ့ပေးထားပြီး၊ Video ပိုင်းမှာလည်း Xvid/DivX/MKV/WMV/MP4/H.265 အစရှိသည့် Format များကို အထောက်အပံ့ ပေးထားပါတယ်။ ထို့ပြင် 1080p HD Video များကိုလည်း ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားတဲ့ Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

ဒီဇိုင်း
Sony Xperia Z4 Tablet ဟာ ပါးလွှာတဲ့ ဒီဇိုင်းပုံစံရှိသလို၊ body ပိုင်းကလည်း ရှင်းလင်းတဲ့ ဒီဇိုင်းပုံစံရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Power button ကိုလည်း Tablet ရဲ့အပေါ်ပိုင်းမှာ ထားရှိပေးထားပြီး USB Port ကို အောက်ခြေမှာ ထားရှိပေးထားပါတယ်။
Ref : Cnet

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com