9/30/2015

♪ OPPO R7 Lite စမတ်ဖုန်း အလုံး ၆၀ အား ကံစမ်းရယူနိုင်မည် ♫


OPPO R7 Lite စမတ်ဖုန်း အလုံး ၆၀ အပြင် အခြားဆုလက်ဆောင် ၃ဝ,ဝဝဝ ကျော်ကို ကံစမ်းနိုင်မည့် ခဲခြစ်ပြိုင်ပွဲအစီအစဉ်ကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါဝင်ဆင်နွှဲနိုင်ရန် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခဲခြစ်ကံစမ်းပွဲကို ပြည်တွင်းရှိ စမတ်ဖုန်းအသုံးပြုသူတို့အား အွန်လိုင်းလူမှုကွန်ရက်သုံးစွဲခြင်း၏ လွယ်ကူပျော်ရွှင်အသုံးပြုမှုကို ဖော်ဆောင်နိုင်ရန်အတွက် OPPO Myanmar နှင့် We Chat တို့ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းခဲခြစ်ကံစမ်းပွဲအား ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၁၅ ရက်အထိ ကျင်းပြုလုပ်သွားမည်ဖြစ်သည်။

"တခြား Promotion အစီအစဉ်တွေနဲ့ မတူတဲ့အချက်က ရန်ကုန်၊ မန္တလေးမြို့ကြီးတွေကိုပဲ အဓိကထားတာမဟုတ်ဘဲ နေရာတော်တော်များများကို ရောက်ရှိနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်ပါ တယ်။ အကောင်းဆုံးဝန်ဆောင်မှု အစီအစဉ်တွေ ဖန်တီးပေးသွားမယ့်အပြင် မြန်မာနိုင်ငံမှာရှိတဲ့သူအားလုံး ပါဝင်ဆင်နွှဲနိုင်မှာပါ" ဟု OPPO Myanmar ၏ CEO Mr David Tang က ပြောကြားခဲ့သည်။

ကံစမ်းမဲအစီအစဉ်ကို OPPO Facebook စာမျက်နှာနှင့် OPPO အရောင်းဆိုင်များတွင် ပရိုမိုးရှင်း အချက်အလက်များ ထားရှိသွားမည်ဖြစ်ပြီး အရောင်းဆိုင်ဝန်ထမ်းများမှ WeChat ကို မည်ကဲ့သို့ထည့်သွင်း နိုင်ပုံ၊ OPPO ၏ OA အား Follow လုပ်ပုံနှင့် WeChat တွင် အသံ၊ မက်ဆေ့ခ်ျ၊ စတစ်ကာ အသုံးပြုပုံတို့ကို သုံးစွဲသူများအား ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆုမဲများအနေဖြင့် OPPO R7 Lite ပထမဆု စမတ်ဖုန်းအလုံး ၆၀၊ ဒုတိယဆု ကျောပိုးအိတ် ၂,၅ဝဝ လုံး(သို့မဟုတ်) Ollie ခေါင်းအုံး ၂,၅ဝဝ လုံး၊ တတိယဆု စပီကာ + Selfie Stick + OTG Cable ပါဝင်သောဆုမဲ ၁ဝ,ဝဝဝ၊ စတုတ္ထဆု Ollie ခွက် ၁၅,ဝဝဝ ကံစမ်းနိုင်မည်ဖြစ်ပြီး ဆုလက်ဆောင် ကံစမ်းရရှိသူများအနေဖြင့် နီးစပ်ရာ OPPO Service Centers များတွင် ထုတ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com