9/16/2015

♪ iPhone 6S အတွက် ကျောက်ကပ်ရောင်းရန် တရုတ်အမျိုးသားနှစ်ဦး ကြိုးပမ်းခဲ့ ♫


တရုတ်နိုင်ငံ ကျန်းဆုပြည်နယ်ရှိ အမျိုးသားနှစ်ဦးသည် Apple ၏ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်သော iPhone 6S ကို ဝယ်ယူရန်အတွက် ၎င်းတို့၏ ကျောက်ကပ်များကို ရောင်းချရန် ကြိုးပမ်းမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။

အဆိုပါ အမျိုးသားနှစ်ဦးအနက် ဝူ ဆိုသူသည် iPhone 6S အတွက် ငွေကြေး မတတ်နိုင်သောကြောင့် ၎င်း၏ သူငယ်ချင်းဖြစ်သူ ဟွမ်က ကျောက်ကပ်တစ်ခုစီ ရောင်းချရန် အကြံပေးခဲ့ကြောင်း China Daily မှ ဖော်ပြခဲ့သည်။

၎င်းတို့သည် အင်တာနက်ပေါ်မှ တရားမဝင်အေးဂျင့်တစ်ဦးနှင့် အဆက်အသွယ်ရခဲ့ပြီးနောက် အဆိုပါ အေးဂျင့်က နန်ကျင်းရှိ ဆေးရုံတစ်ခုတွင် ဆေးစစ်မှုပြုလုပ်ရန် ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ၎င်းတို့ ချိန်းဆိုထားသော စက်တင်ဘာ ၁၂ ရက်၌ အေးဂျင့်ဆိုသူက ရောက်လာခဲ့ခြင်း မရှိကြောင်း ဆိုသည်။

ထို့နောက် ကျောက်ကပ်ရောင်းချမည့် စိတ်ကူးကို ပြန်လည် သုံးသပ်ခဲ့ကြပြီး ဝူက အစီအစဉ်ကို ရပ်တန့်ရန် သူငယ်ချင်းဖြစ်သူ ဟွမ်ထံ ပြောကြားခဲ့သော်လည်း ၎င်းက နားထောင်ခဲ့ခြင်း မရှိကြောင်း၊ ဝူက ရဲထံ ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် ဟွမ်မှာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ထိုအချိန်မှစတင်ကာ ၎င်းနှင့် အဆက်အသွယ် မရခဲ့ကြောင်း သိရသည်။

Ref: TimesofIndia
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com