9/18/2015

♪ ဈေးနှုန်းချိုသာပြီးစွမ်းဆောင်ရည်ကောင်းမွန်သော - “INHON P1” ♫



အချို့တွေကမျက်နှာပြင်အရွယ်အစားသေးငယ်သော ဖုန်းများကိုအသုံးပြုကြ ပါတယ်။ အချို့တွေကအရွယ် အစားကြီးမားသည့်ဖုန်းတွေကိုသာကိုင်ဆောင် ကြပါတယ်။ ဒါကြောင့်ဖုန်းထုတ်လုပ်သော ကုမ္ပဏီများဟာ Phablet အမျိုးအစားဖုန်းများကိုလည်း ထုတ်လုပ်ရောင်းချပေးထားပါတယ်။ Phabletအမျိုးအစား ဖုန်းများ သည် ကိုင်ဆောင်အသုံးပြုတဲ့အခါတွင် အရွယ်အစားကြီးမားပေမယ့်မျက်နှာပြင် ကျယ်ဝန်းတာကြောင့်ပုံရိပ် ကြည့်ရှုမှုအပိုင်းအတွက်အဆင်ပြေစေပါတယ်။

တန်ဖိုးကြီးမားသော Phablet များလည်းရှိပြီးတန်ဖိုး သက်သာသော Phablet များကိုလည်းရွေးချယ် ၀ယ် ယူနိုင်အောင်ဆိုင်များကတင်သွင်း ရောင်းချပေးထားပါတယ်။ ယခု Phablet အမျိုးအစားကတော့မျက်နှာပြင် အကျယ်အ၀န်း၇လက်မရှိမှာဖြစ်ပြီး မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ ပေးထားသော Pixels ပမာဏမှာ 1024×600 ဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံ ထုတ်အမျိုးအစား Phablet ဖြစ်ပါတယ်။

ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက်လည်း ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထား ပါတယ်။ ဒါပေမယ့်အဆိုပါ ကင်မရာများဟာအပျော်တမ်းအဆင့်ပဲရှိပါတယ်။ အဓိကကင်မရာသည် 2MP စွမ်းရည်ရှိမှာဖြစ်ပြီးရှေ့ ကင်မရာငယ်ကတော့ VGA စွမ်းရည်ဖြစ်ပါတယ်။ အဆိုပါ Phablet ကို Sim Card များထည့်သွင်း အသုံးပြု နိုင် အောင်လည်းဆောင်ရွက်ပေးထားပါတယ်။ ထို့ကြောင့် Phablet တစ်မျိုးတည်းနဲ့တင် ကိစ္စအ၀၀ ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ WiFi စနစ်ကိုလည်းအသုံးပြုလို့ ရခြင်းကြောင့်အပြင်သွားလာတဲ့အခါတွင် ယူဆောင်သွားနိုင်ပါမယ်။

မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAMကို 1GBထည့်သွင်းပေးထား ပြီး Internal Storage အနေဖြင့်8GB ပါရှိမှာဖြစ်ပါတယ်။ အချက်အလက် အများအပြားသိမ်းဆည်းနိုင်ဖို့အတွက်လည်း Card Slot စနစ်ပါရှိပါ တယ်။ သုံးစွဲနိုင်မယ့်OS အမျိုးအစားကတော့ Android ဖြစ်ပြီး Version မှာ4.4.2 ဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA
Screen - 7 inches
CPU - 1.3GHz
OS - Android OS,v4.4.2
Memory - 8GB
Bluetooth - Yes
Contact - 01-252988
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com