9/26/2015

♪ “Meizu Pro 5 က GeekBench တွင် စွမ်းဆောင်ရည်ပိုကောင်း” ♫


တရုတ် စမတ်ဖုန်းထုတ်လုပ်သူ Meizu ရဲ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ မိတ်ဆက်မယ့် စွမ်းဆောင်ရည်မြင့် Meizu Pro 5 ဟာ လာမယ့် 6 လလောက် မှ ကြေညာမယ့် Samsung Galaxy S7 ထက် GeekBench ရဲ့ စွမ်းဆောင် ရည် စမ်းသပ်မှုမှာ ပိုမိုကောင်းမွန်နေပါတယ်။

Meizu Pro 5 မှာ မတူညီတဲ့ Chipsets နှစ်မျိုးထည့်သွင်းပေးထားမှာ ဖြစ်ပြီး တစ်မျိုးမှာ GeekBench ရဲ့ စမ်းသပ်မှုအရ Exynos 7420 ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက သူ့ရဲ့ Multi-Core စမ်းသပ်ချက်မှာ အမှတ် ၅၆၀၀ ရရှိပြီး Samsung Galaxy S6/S6 Edge ရဲ့ အမှတ်ဟာ ၅၂၀၀ သာရှိပါတယ်။ Samsung Galaxy Note 5 / S6 Edge + တို့ထက်လည်း ပိုမိုသာလွန်နေပါတယ်။ Meizu Pro 5 ဟာ Samsung ရဲ့ နောက်မျိုးဆက် Exynos 8890 ထက် ပိုမိုသာလွန်နေသလို လက်ရှိ Samsung ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက်လည်း နှာတစ်ဖျားသာနေပါတယ်။

လျှို့ဝှက်အမည် Niux လို့ အမည်ပေးထားတဲ့ Meizu Pro 5 အမျိုးအစားတစ်မျိုးကို စတင်ထုတ်လုပ်နေ ပြီဖြစ်ပြီး အခြား တစ်မျိုးဖြစ်တဲ့ Lucky မှာ Specifications အနည်းငယ်ကွဲပြားပါတယ်။ Meizu က စွမ်းဆောင်ရည်မြင့် Pro 5 ကို နောက်တစ်ပတ်ထဲမှာ ကြေညာ မှာ ဖြစ်ပါ တယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com