9/16/2015

♪ Lenovo က Yoga နှင့် IdeaPad Laptops များကို ရောင်းချ ♫

2

Lenovo က IFA တွင် Yoga နှင့် IdeaPad Laptops များကို ပြသလိုက်ပါသည်။

Lenovo ThinkPad Yoga 260
Lenovo ThinkPad Yoga 260 သည် LTE ကို ထောက်ပံ့သော ခေါက်ချိုးနိုင်သည့် Notebook ဖြစ်ပါသည်။ ၁၂.၅ လက်မ မျက်နှာပြင်တပ်ဆင်ထားပြီး Intel Skylake Processor အသစ်က မောင်းနှင်မည် ဖြစ်သည်။ အခြေခံအမျိုးအစားတွင် 768p Display , Core i3 Chip ပါရှိပြီး i7 Processor, 1080p Display , 16GB RAM, 512GB SSD တို့ကို ရွေးချယ်နိုင်ပါသည်။ Fingerprint Scanner ပါရှိပြီး Windows 10 ကို Login ပြုလုပ်နိုင်ပါသည်။ နိုဝင်ဘာလတွင် ဒေါ်လာ ၉၄၉ ဖြင့် ရောင်းချမည် ဖြစ်သည်။

Lenovo ThinkPad Yoga 460
Lenovo ThinkPad Yoga 460 သည် 1080p Display တပ်ဆင်ထားသော ခေါက်ချိုးနိုင်သည့် ၁၄ လက်မ အရွယ် Laptop ဖြစ်ပါသည်။ Quad HD Display ကိုလည်း ရွေးချယ်နိုင်ပါသည်။ အခြေခံအမျိုးအစားတွင် Skylake i3 Chip တပ်ဆင်ထားသော်လည်း i7 Processor ကို အဆင့်မြှင့်နိုင်ပါသည်။ GeForce 940M GPU ကိုလည်း ထည့်သွင်းနိုင်ပါသည်။ အောက်တိုဘာလတွင် ဒေါ်လာ ၁၀၄၉ ဖြင့် ရောင်းချမည် ဖြစ်သည်။

IdeaPad Miix 700
IdeaPad Miix 700 သည် Microsoft Surface Pro 3 ကို ယှဉ်ပြိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ ၁၂ လက်မ Quad HD Tablet ဖြစ်ပြီး ဖြုတ်၊ တပ်၍ ရသော ကီးဘုတ် ပါရှိပါသည်။ Skylake Processors, 8GB RAM, 512GB SSD တို့ပါရှိပြီး Windows 10 မောင်းနှင်မည် ဖြစ်သည်။ အခြေခံအမျိုးအစား၏ ဈေးနှုန်းမှာ ဒေါ်လာ ၆၉၉ ဖြစ်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com