9/30/2015

♪ LG က အမေရိကန်တွင် ပထမဆုံးအနေဖြင့် လက်တော့များရောင်းချ ♫

၁

LG က ပါးလွှာပေါ့ပါးသော Gram Series Laptop များဖြင့် အမေရိကန်တွင် ပထမဆုံး အနေဖြင့် လက်တော့များ ရောင်းချပေးလိုက်ပါသည်။

အရွယ်အစားနှစ်မျိုး ရွေးချယ်နိုင်ပြီး လက်တော့များသည် MacBook Air ထက် ပေါ့ပါးပါသည်။ ၁၄ လက်မ အမျိုးအစားသည် ၂.၁၆ ပေါင် အလေးချိန်ရှိပြီး MacBook Air ထက် ၀.၈ ပေါင် လျော့နည်းပါသည်။ MacBook ထက် ၂.၀၃ ပေါင် အလေးချိန်လျော့နည်းပါသည်။

၁၃ လက်မနှင့် ၁၄ လက်မ နှစ်မျိုးစလုံး၏ အထူသည် လက်မ၀က်သာရှိပြီး 1080p IPS Display ကို Carbon Magnesium နှင့် Lithium Magnesium ကိုယ်ထည်အတွင်းတွင် ထည့်သွင်းထားပါသည်။ HDMI, USB 3.0 Ports , microSD Card Slots များပါရှိပါသည်။

၁၄ လက်မ အမျိုးအစားအတွက် Intel i7 2.4GHz Processor/256GB SSD Storage သို့မဟုတ် Intel i5 2.2GHz Processor/128GB SSD နှစ်မျိုး ရွေးချယ်နိုင်ပါသည်။

အရွယ်နှစ်မျိုးစလုံးတွင် 8GB RAM နှင့် အသံ အရည်အသွေးအတွက် Wolfson Digital to Analog Converter ထည့်သွင်းပေးထားပါသည်။ ဘက်ထရီသက်တမ်းမှာ ၇.၅ နာရီ အသုံးခံသည်ဟု LG က ပြောပါသည်။

i7 Model ကို ဒေါ်လာ ၁၃၉၉.၉၉ သတ်မှတ်ထားပြီး i5 Model ကို ဒေါ်လာ ၉၉၉.၉၉ ဖြင့် ရောင်းချ မည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com