9/03/2015

♪ Huawei မှ Ascend Mate S ကို IFA Berlin မှာမိတ်ဆက်ပြသ ♫


တရုတ်စမတ်ဖုန်း ကုမ္ပဏီ ကြီး Huawei မှ စက်တင်ဘာလ ၂ ရက်နေ့တွင် ဘာလင်မြို့တွင် ကျင်းပလျက်ရှိသော အီလက်ထရောနစ် ကုန်စည်ပြပွဲမှာ ထိပ်တန်းစွမ်းဆောင်ချက်များထည့်သွင်းထားသော ကမ္ဘာ့ ပထမဆုံး Force Touch စနစ်ကိုအသုံးပြုထားသော Ascend Mate S ကိုပြသသွားခဲ့သည်။ ထို့အပြင်၎င်းစမတ်ဖုန်းမျက်နှာပြင်မှာ 2.5 D Floating Screen ဖန်သားပြင်မှာ ဘေးဘောင် များပေါ်သို့မြင့်တက်နေသည့် ဒီဇိုင်းဖြင့် ထောင့်ပေါင်းစုံမှကြည့်ရှုနိုင်ရန်ဖန်တီးထားပြီး Gorilla Glass ဖြင့် ဖုံးအုပ်ထားသောကြောင့်မာကျောမှုအပြည့်ရှိတာကိုတွေ့ရမှာပါ။

5.5 inchs မျက်နှာပြင်အကျယ် ရှိပြီး Full HD (401ppi) Resolution ရှိတာကြောင့် မျက်နှာပြင်အရည်အသွေးမှာလည်းထိပ်တန်းအဆင့်ရှိပါတယ်။Huawei ရဲ့ Hisilicon Kirin K935 True octa-core ပရိုဆက်ဆာ ကိုအသုံးပြုထားပြီး RAM 3GB ဖြင့်မောင်းနှင်ထားသည်။ Internal Memory 32GB ပါဝင်ပြီး MicroSD 128GB ထပ်မံတိုးမြင့် အသုံးပြုနိုင်သည်။Main Camera 13 MP နှင့် Font Facing 8MP တပ်ဆင်ထားပြီး ဘက်ထရီမှာ 2700mAh ဖြစ်သည်။ Android 5.1.1 အခြေပြု ထားသော EMUI 3.1 ဖြင့်လည်ပတ်ထားသည်။၎င်းတွင်ပါဝင်သော Force Touch စနစ်ကို Apple ၏ iPhone နောက်ထွက်မည့် Series များတွင်ပါဝင်လာဖွယ်ရှိပြီး ဥပမာ အနေဖြင့် ဓာတ်ပုံတစ်ပုံတွင်မိမိနှစ်သက်သောသူ၏မျက်နှာကိုဖိထားလိုက်ရုံဖြင့် ထိုသူကိုအနီးကပ် Zoom ဆွဲကြည့်ရူ့နိုင်သည့်အပြင်အခြားလုပ်ဆောင်ချက်များစွာလည်းပါဝင်သေးသည်။

 Ascend Mate S တွင်Fingerprint Scanner လက်ဗွေ စနစ်လုံခြုံရေးပါဝင်သည့်အပြင် အဆိုပါ Scanner မှPhotos များကို Laptop များတွင်ပါဝင်သော Mouse ကဲ့သို့ ရွေ့ လျား နိုင်သည့် Fingerprint Control စနစ်လည်းပါဝင်သည်။ Full Metal Body Type ဖြစ်သောကြောင့် မာကျောကျစ်လစ်မှုရှိသော စမတ်ဖုန်း တစ်လုံးဖြစ်ပြီး စက်တင်ဘာလတတိယပတ်တွင် စတင်ပြီး နိုင်ငံပေါင်း ၃၀ ကျော်တွင် စတင်ရောင်းချ မှာဖြစ်သည်။ဈေးနူန်းကို € 650 နီးပါရှိမည်ဟုခန်မှန်းထားကြောင်း ယခု IFA 2015 သတင်းများကိုအချိန်နှင့် တပြေးညီဖော်ပြလျက်ရှိသော ဂျာမဏီ နိုင်ငံအခြေစိုက် AndriodPIT တွင်ဖော်ပြထားပါသည်။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com