9/03/2015

♪ Sony မှထိပ်တန်းအဆင့်မြင့်စမတ်ဖုန်း ၃ မျိုးမိတ်ဆက် ♫


ဂျာမဏီ နိုင်ငံ ဘာလင်မြို့မှာပြုလုပ်နေသော IFA 2015 ကုန်စည်ပြပွဲမှာ ဂျပန်နိုင်ငံ အီလက်ထရောနစ် ကုမ္ပဏီ ကြီး Sony မှ Z5 series ထိပ်တန်း စမတ်ဖုန်း ၃မျိုး မိတ်ဆက်ခဲ့ပါတယ်။ Xperia Z5 premium, Xperia Z5,Xperia Z5 compact တို့ဖြစ်ကြပြီး စွမ်းဆောင်ရည်နှင့် အရွယ်အစားအလိုက်ခွဲခြားထားသည်။ Z5 premium ဟာလက်ရှိထွက်ခဲ့ပြီးသည့်စမတ်ဖုန်းအားလုံးထဲတွင် ရုပ်ထွက် အမြင့်ဆုံး ဖြစ်ပြီး လက်ရှိအမြင့်ဆုံး Samsung S6 Edge က(557 ppi )ဖြစ်ကာ Z5 premium က (806 ppi per inch ) ဖြစ်သည်။ ၅.၅ လက်မ မျက်နှာပြင်အကျယ်ရှိပြီး 4K Resolution အရည်အသွေး ရုပ်ထွက် မျိုးဖြစ်သည်။Snapdragon 810 အသုံးပြုထားပြီး RAM 3 GB ဖြင့်မောင်းနှင်ထားသည်။

Internal Memory 32GB ပါဝင်ပြီး 128GB ထိထပ်မံတိုးမြှင့် အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ကင်မရာ အပိုင်းမှာ ပြောစရာမလိုအောင်ကောင်းလွန်းတဲ့ Sony ကထပ်မံအဆင့်မြင့်ထားတဲ့ 23MP Main camera တပ်ဆင်ထားပြီး Secondary Camera ကို 5.1 MP ဆပ်ဆင်ထားတာကြောင့် အကောင်းဆုံး ကင်မရာဖုန်းတစ်လုံးဖြစ်လာမှာမလွဲပါဘူး။ ဘက်ထရီကို 3430 mAh တပ်ဆင်ထားပြီး Android 5.1 ဖြင့် လည်ပတ်ထားသည်။ လက်ဗွေလုံခြုံရေးစနစ် ၊ PS4 ဂိမ်းစက်ဖြင့် ချိတ်ဆက်ပြီးကစားနိုင်မည့် စနစ်အသစ်၊USB ကိုပိတ်စရာမလိုပဲရေစိမ်ခံသည့်စနစ်များပါဝင်လာခဲ့သည်။

Xperia Z5 ဟာ ၅.၂ လက်မအရွယ် ရှိပြီး 1080 p Full HD (1920×1080 pixels ,425 ppi)မျက်နှာပြင် အရည်အသွေး ရှိသည်။Snapdragon 810 ကိုအသုံးပြုထားပြီး RAM 3GB,Internal Memory 32GB နှင့် 128 GB ထပ်မံအသုံးပြုနိုင်သည်။ 23MP main camera နှင့် 5.1 MP secondary ကင်မရာ များကို "Hybrid Image Stabilizer"စနစ်ထည့်သွင်းထားတာကြောင့် လှုပ်ရှားနေတဲ့ရုပ်ပုံတွေကို ရိုက်ကူးရာမှာ အကောင်းဆုံးဖြစ်အောင်ဖန်တီးပေးထားပါတယ်။ဘက်ထရီ 2900 mAh တပ်ဆင်ထားပြီး Android 5.1 ဖြင့်လည်ပတ်ထားသည်။

Xperia Z5 Compact မျက်နှာပြင်အကျယ် ၄.၆ လက်မရှိပြီး 1080×720 (282 ppi) HD အရည်အသွေးရုပ်ထွက်ဖြစ်ပါတယ်။Snapdragon 810,RAM 2 GBမောင်နှင်ထားပြီး Internal Memory 32 GB နှင့် MicroSD 128 GB ထပ်မံအသုံးပြု နိုင်ဦးမှာပါ။23MP main camera,5.1 MP Font Camera တို့တပ်ဆင်ထားပါတယ်။2700mAh ဘက်ထရီတပ်ဆင်ထားပြီး Android 5.1 နဲ့လည်ပတ်ထားပါတယ်။
ဒီနေ့ Sony ကမိတ်ဆက်တဲ့ဖုန်းအားလုံးမှာ Power Buttonမှာ Fingerprint Scanner လက်ဗွေ လုံခြုံရေး စနစ် တပ်ဆင်ထားပါတယ်။

သူတို့ရဲ့ဈေးနူန်းတွေကတော့
1.Xperia Z5 premium €799
2.Xperia Z5 €699
3.Xperia Z5 Compact €549 တို့ဖြစ်ကြပါတယ်။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com