9/03/2015

♪ Apple CEO ဟောင်းကြီး John Sculley ထုတ်မည့် Obi Andriod ဖုန်း ♫


Apple ကုမ္ပဏီ မှာ 1983-1993 ထိတာဝန်ထမ်းဆောင်ခဲ့တဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းကြီး John Sculley က တန်းဖိုးနည်းပြီး နည်းပညာမြင့်ကာ ဒီဇိုင်း ပိုင်းအလွန်သပ်ရပ်သည့် ဖုန်းအမျိုးအစား နှစ်မျိုးကို မကြာမီရောင်းချပေးဖွယ်ရှိတယ်လို့ထုတ်ဖော်ပြောဆိုခဲ့သည်။ Obi လို့အမည်ပေးထားပြီး SF 1 နဲ့. SJ 1.5 မော်ဒယ်နှစ်မျိုးကို အောက်တိုဘာလ မှာ အာရှ ၊အာဖရိက၊ အရှေ့အလယ်ပိုင်းတွေမှာစတင်ရောင်းချ မှာဖြစ်ပြီး ဈေးနူန်း မှာလည်း US $200 အောက်မှာဖြစ်မယ်လို့ဆိုပါတယ်။


SF 1 မှာ မျက်နှာပြင်အကျယ် ၅ လက်မ ရှိပြီး 1920×1080 Full HD (Resolution 443 PPI) ဖြစ်ပြီး မျက်နှာပြင် ကို Gorilla Glass 4 နဲ့ဖုံးအုပ်ထားတာကြောင့်မာကျောမှုအပြည့်ရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ CPU ကို Snapdragon 615 Octa core Processor သုံးထားပြီး Adreno 405 GPU ကြောင့် Graphic မြင့်မားတဲ့ HD Game တွေကိုအလွယ်တကူဆော့နိုင်မှာဖြစ်ပါတယ်။ RAM နဲ့ Memory ကို RAM 3GB-32GB Memory နဲ့ RAM 2GB-16GB နှစ်မျိုးခွဲခြားထုတ်လုပ်မည်ဖြစ်ပြီး MicroSD 64GB ထိထပ်မံအသုံးပြုနိင်ပါသည်။ ကင်မရာ ကို Sony IMX 214 13MP နှင့် Secondary 5MP တပ်ဆင်ထားလို့ အကောင်းဆုံးအနေအထားမှာရှိပါတယ်။ Dolby Audio System အသံအရည်အသွေးရှိတဲ့ Speaker တွေတပ်ဆင်ထားတာမို့ Music နှစ်သက်သူတွေအကြိုက်အကောင်းဆုံးအသံထွက်ရရှိမှာမလွဲ ပါဘူး ။


ဘက်ထရီကို 3000 mAh တပ်ဆင်ထားပြီး Quick Charge အမြန်အားသွင်းစနစ်လဲပါဝင်ဦးမှာပါ။Dual Sim အမျိုးအစား ဖြစ်ပြီး Android 5.0.2 ဖြင့် ကနဦးမောင်းနှင်ထားမည်ဖြစ်သည်။ Body တစ်ခုလုံးကို Metallic ဖြင့်ကျစ်လစ်စွာတည်ဆောက်ထားသည်။ SJ1.5 ကိုတော့ Design ပိုင်းကိုသာဦးစားပေးထား တာတွေ့ရပြီး Specifications ပိုင်းအနည်းငယ်အားနည်းတာကိုတွေ့ရပါတယ်။ 5" မျက်နှာပြင်အကျယ် ရှိပြီး Body ကို polycarbonate ဖြင့်တည်ဆောက်ထားပြီး Magnesium-Titanium ဘောင်တွေနဲ့ထိန်းကွပ်ထား တာကြောင့်ပေါ့ပါးပြီးမာကျောမှုရှိပါတယ်။ Gorilla Glass 3 ဖုံးအုပ်ထားပြီး HD 1280×720 (Resolution 294 ppi) အရည်အသွေး ရှိပါတယ်။

Mediatek MT6580 Quad core 1.3 Processor တပ်ဆင်ထားပြီး RAM 1GB ,Memory 16GB နှင့် MicroSD 32GB ထပ်မံအသုံးပြု နိုင်ပါသည်။Main Camera 8MP ,Secondary 5MP တပ်ဆင်ထားပြီး Dual Sim အမျိုးအစား ဖြစ်သည်။3000 mAh ဘက်ထရီတပ်ဆင်ထားပြီး Android 5.1 Lollipop ဖြင့်မောင်းနှင်ထားသည်။Curved Display အကွေးပုံစံမျက်နှာပြင်ဖြစ်သည်။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com