9/08/2017

♪ “ZTE က ၁၄၀၀၀၀ ကျပ်ဝန်းကျင်သာ ရှိတဲ့ သတ္တုကိုယ်ထည် စမတ်ဖုန်းကိုမိတ်ဆက်” ♫

Image may contain: phone

ZTE က ယခင်နှစ်မှာ မြန်မာငွေ ၁၄၀ ၀၀၀ ၀န်းကျင်သာရှိတဲ့တန်ဖိုးနည်း စမတ်ဖုန်းတစ်လုံးကိုရောင်းချပေး ခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ မျိုးဆက် စမတ်ဖုန်းကိုရောင်းချပေးလိုက်ပါတယ်။တရုတ်မှာJD.com ကနေ ကြိုတင်မှာယူထားနိုင်ပြီးစက်တင်ဘာလ ၈ ရက်နေ့မှာရောင်းချ ပေးမှာ ဖြစ်ပါတယ်။ ZTE Blade A2S လို့ အမည်ပေးထားပြီး ယခင် မော်ဒယ်နဲ့ ဈေးနှုန်းတူညီပါတယ်။ ဒါပေမယ့် မော်ဒယ် အသစ်ဟာ Display , RAM နဲ့ Internal Storage အပိုင်းများမှာပိုမိုကောင်းမွန်လာ ပါတယ်။

မော်ဒယ် အဟောင်းမှာ ၅ လက်မ HD Display , 2GB RAM, 16GB Internal Storage ထည့်သွင်းထားပြီးမော်ဒယ် အသစ်မှာ ၅.၂ လက်မ Full HD Display , 3GB RAM, 32GB Internal Storage များပါပါတယ်။ Hybrid SIM Slot ဖြစ်တဲ့အတွက် microSD Card စိုက်ရင်တော့ SIM Card တစ်ခုသာထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မော်ဒယ်အသစ်ဟာတန်ဖိုးနည်းပေမယ့် သတ္တုကိုယ်ထည်နဲ့ လက်ဗွေရာ အာရုံခံကိရိယာများတပ်ဆင်ထားတာကအထင်ကြီးစရာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ Full HD Video များရိုက်ကူးနိုင်တဲ့ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera ပါပါတယ်။ 2540mAh Batteryထည့်သွင်း ပေးထားပါတယ်။ 1.3GHz Octa-Core Processor ပါတဲ့ MediaTek MT6753 Chipsetမောင်းနှင်မှာပါ။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal










<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com