9/08/2017

♪ Xiaomi က Stock Android ပါတဲ့ Mi A1 ကို မိတ်ဆက် ♫


Xiaomi က Google နဲ့ ပူးပေါင်း၍ Android One စမတ်ဖုန်းတစ်လုံးကို ဖန်တီးလိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Xiaomi Mi A1 ဖြစ်ပြီး Stock Android 7.1.2 Nougat ထည့်သွင်းထားပါတယ်။ Xiaomi Mi A1 ရဲ့ အခြား Specifications များမှာ Xiaomi Mi 5X နဲ့ တူညီပါတယ်။ Google ရဲ့ Android One Platform ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တန်ဖိုးနည်း စမတ်ဖုန်းများကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။

Mi A1 မှာ Snapdragon 625 Chipset , 4GB RAM, 64GB Internal Storage ထည့်သွင်းထားပါတယ်။ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ စွမ်းဆောင်ရည်မြင့် Mi 6 မှာလို Mi A1 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၂ လုံး ပံ့ပိုးပေးထားပါတယ်။ အနောက်ဘက်မှာပဲ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ 3080mAh Battery တပ်ဆင်ထားပြီး USB-C Port ကနေ အားသွင်းရမှာ ဖြစ်ပါတယ်။
Stock Android ဖြစ်တဲ့အတွက် MIUI 9 တော့ မပါရှိပါဘူး။ ဒါပေမယ့် MIUI Camera App ကို ထည့်သွင်းပေးထားပါတယ်။ ယခုနှစ်ကုန်မှာ Android Oreo ကို အဆင့်မြှင့်ပေးမယ်လို့ ရှောင်မီက ပြောပါတယ်။ Mi A1 ဟာ လာမယ့်နှစ်မှာ ဖြန့်ချီမယ့် Android P ကို အစောဆုံးရရှိမယ့် စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်ပါတယ်။

Mi A1 ကို အနက်၊ ရွှေနဲ့ ပန်းရောင်များ ထုတ်လုပ်ပေးထားပြီး ယူရို ၂၀၀ အောက်ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ မြန်မာငွေ အားဖြင့် ၃ သိန်းအောက်မှာ ရှိနိုင်ပါတယ်။ နိုင်ငံပေါင်း ၃၇ နိုင်ငံမှာ စက်တင်ဘာလ ၁၂ ရက်နေ့တွင် အွန်လိုင်းနဲ့ မြေပြင် အရောင်းဆိုင်များကနေ ရောင်းချမှာပါ။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com