9/06/2017

♪ “Xiaomi က Redmi Note 4 ရဲ့ Lake Blue Model ကိုရောင်းချ” ♫

Image may contain: phone

ရှောင်မီကအိန္ဒိယမှာ Redmi Note 4 ရဲ့ Lake Blue Model ကို Limited Edition အဖြစ် ရောင်းချပေးလိုက်ပါတယ်။ Lake Blue ဟာအပြာဖျော့ ရောင် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဘင်ဂါလာရူးမြို့မှ ရေကန်များဟာစက်ရုံ များမှ စွန့်ပစ် အညစ်အကြေးများစုပြုံနေကြပါတယ်။ အဲဒီရေကန်များကို သန့်ရှင်းစေဖို့ ရည်ရွယ်၍ Lake Blue Edition ကိုရောင်းချပေးခြင်း ဖြစ်ပါတယ်။

မော်ဒယ် အသစ်ဟာမူလမော်ဒယ်များနဲ့ Specifications အပိုင်းမှာ တူညီကြပါတယ်။ Lake Blue Model မှာ4GB RAM, 64GB Internal Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ Phase Detection Autofocus ပါတဲ့ 13MP Camera နဲ့အရှေ့ဘက်မှာ 5MP Camera ပါပါတယ်။အရှေ့နဲ့ အနောက် ကင်မရာများက Full HD Video များကို ရိုက်ကူးပေးနိုင်ပါတယ်။

XiaomiRedmi Note 4 မော်ဒယ်အသစ်မှာ ၅.၅ လက်မ Full HD Display တပ်ဆင်ထားပြီးတစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၀၁ ဖြစ်ပါ တယ်။ Dual-SIM Phone ဖြစ်ပေမယ့် Hybrid အမျိုးအစား ဖြစ်ပါတယ်။ အဲဒီအတွက် microSD Card စိုက်ရင် SIM Card တစ်ခုသာထည့်သွင်းနိုင် မှာ ဖြစ်ပါတယ်။ သူ့ကိုစက်တင်ဘာလ ၄ ရက်နေ့မှာအိန္ဒိယတွင် စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com