9/06/2017

♪ “Dual Rear Camera ပါတဲ့ Samsung Galaxy J7+ ကို ရောင်းပြီ” ♫

Image may contain: phone and text

ထိုင်းနိုင်ငံမှာ အနောက်ကင်မရာ ၂ လုံးပါတဲ့ Samsung Galaxy J7+ ကို ရောင်းချပေးလိုက်ပါတယ်။ သူဟာ Galaxy J7(2017) နဲ့ J7 Pro များရဲ့ မျိုးဆက်ဖြစ်ပြီး ကွာခြားချက်မှာ J7+ မှာ Samsung ရဲ့ Exynos 7870 Chip ကို မသုံးထားဘဲ Mediatek Helio P20 ကို ထည့်သွင်းထားပါတယ်။ ကင်မရာ ၂ လုံးကြောင့် ဘက်ထရီ အပိုင်းမှာ J7+ ဟာ အနည်းငယ် အားနည်းပြီး 3000mAh Battery သာ ပါပါတယ်။ ယခင်မော်ဒယ်များမှာ 3600mAh Battery တပ်ဆင်ထားပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ၃ လုံး စလုံးဟာ အရွယ်အစား တူညီကြပါတယ်။

Galaxy J7+ မှာ ၅.၅ လက်မ Full HD Super AMOLED Display တပ်ဆင်ထားပြီး အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထား ပါတယ်။သူ့ရဲ့ အဓိက စွမ်းရည်မှာ ကင်မရာများ ဖြစ်ပါတယ်။ အနောက် ဘက်မှာ 13MP+5MP Camera ၂ လုံး တပ်ဆင်ထားပြီး ဓါတ်ပုံရိုက်ကူး ပြီးမှ Focus ပြုလုပ်ခြင်း၊ Bokeh Effect များ ဖန်တီးခြင်းများကို စွမ်းဆောင်နိုင်ပါတယ်။ စွမ်းရည်မြင့် 16MP Selfie Camera တပ်ဆင် ပေးထားပါတယ်။

သူ့မှာ 4GB RAM , 32GB Internal Storage နဲ့ 256GB အထိ ၀င်ဆန့် တဲ့ microSD Card စိုက်နိုင်ပါတယ်။Always on Display , Bixby Home App များ ပါပါတယ်။ Fingerprint Scanner ကို Home Button မှာ မြှုပ်နှံ ထားပါတယ်။ ထိုင်းမှာ ၃၉၀ ဒေါ်လာဝန်းကျင်ဖြင့်ရောင်းချပေးနေပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com