Xiaomi
က Mi Mix 2 နဲ့အတူ Mi Note 3 ကိုကြေညာလိုက်ပါတယ်။ Mi Note 3 မှာ ၅.၅ လက်မ
Full HD Display တပ်ဆင်ထားပါတယ်။ Mi Mix 2 မှာအနောက်ကင်မရာ ၁
လုံးသာပါပေမယ့် Mi Note 3 မှာအနောက် ကင်မရာ ၂ လုံးပါပါတယ်။
လက်ဗွေရာအာရုံခံကိရိယာကို Home Button အောက်မှာ မြှုပ်နှံထားပါတယ်။
မျက်နှာဖြင့် ဖုန်းကို Unlock လုပ်နိုင်တဲ့ နည်းပညာလည်းပါပါတယ်။
Xiaomi Mi Note 3 ရဲ့ အနောက်ဘက်မှာ 12MP Camera ၂ လုံး တပ်ဆင်ထားပြီးတစ်လုံးမှာ 2x Telephoto Lens ဖြစ်ပါတယ်။ အနောက် ကင်မရာများက Portrait Effect ကိုဖန်တီးပေးပါတယ်။ အရှေ့ဘက် မှာမျက်နှာ ပုံသဏ္ဍာန် ကိုပြောင်းလဲခြင်း၊ အသားအရေကိုချောမွတ်စေခြင်း စတဲ့ Adaptable AI Beautify စွမ်းဆောင်ချက်ပါတဲ့ 16MP Camera တပ်ဆင်ထားပါတယ်။
Xiaom Mi Note 3 မှာ6GB RAM ထည့်သွင်းထားပြီး Storage အပိုင်းမှာ 64GB or 128GB Storage များရွေးချယ်နိုင်ပါတယ်။ Quick Charge 3.0 နည်းပညာပါတဲ့ 3500mAh Battery ထည့်သွင်းထားပါတယ်။ 6GB RAM/64GB Storage Model ကိုယူရို ၃၂၀ ၊ အနက်ရောင် 6GB RAM/128GB Storage Model ကိုယူရို ၃၇၀ နဲ့အပြာရောင် 6GB RAM/128GB Storage ကိုယူရို ၃၈၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် ၅၂၀ ၀၀၀ ၊ ၅၉၀၀၀၀ နဲ့ ၆၁၀ ၀၀၀ ၀န်းကျင် အသီးသီးကျ သင့်နိုင်ပါတယ်။ ရောင်းချမယ့် အချိန်ကိုမသိရသေးပါဘူး။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

https://www.facebook.com/