9/11/2017

♪ “၁၁ ရက်နေ့မှာမိတ်ဆက်မယ့် Xiaomi Mi Note 3” ♫

Image may contain: 3 people, text

Xiaomi က စက်တင်ဘာလ ၁၁ ရက်နေ့မှာ Mi Mix 2 ကိုမိတ်ဆက်မှာ ဖြစ်ပါတယ်။ Mi Mix 2 နဲ့အတူအခြားစမတ်ဖုန်းတစ်လုံးကိုလည်း ရှောင်မီက မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ အဲဒီသတင်းမှန်ကန်မယ်လို့ ယူဆရတဲ့ သတင်းအချက်အလက်ကိုရှောင်မီ ရဲ့ ပူးတွဲတည်ထောင်သူ Lin Bin က ပြောကြားလိုက်ပါတယ်။

Lin Bin က တရုတ် လူမှုကွန်ရက် ၀ီဘိုမှာ Mi Mix 2 သို့မဟုတ် Mi 6 ရဲ့ အရွယ်ကြီးဗားရှင်းကိုလိုချင်သလားလို့ မေးထားပါတယ်။ အဲဒီပို့စ်မှာ Mi Note 3 ရဲ့ ဓါတ်ပုံတစ်ခုလည်း ပါဝင်ပါတယ်။ သူက Mi 6 ရဲ့ အရွယ်ကြီး ဗားရှင်းလို့ ပြောခြင်းဟာ Mi 6 Plus ကိုရည်ညွှန်းခြင်းမဟုတ်ဘဲ Mi Note 3 ကိုရည်ညွှန်းခြင်း ဖြစ်နိုင်ပါတယ်။

ယခင် ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းအရ Xiaomi Mi Note 3 မှာ၅.၄၆ လက်မ FHD Display တပ်ဆင်ထားနိုင်ပါတယ်။ 6GB RAM , 64GB Internal Storage များထည့်သွင်းထားနိုင်ပါတယ်။ အရှေ့ဘက်မှာ 16 Megapixel Camera ပါလာနိုင်ပါတယ်။အနောက်ကင်မရာ ၂ လုံး ပါမယ်လို့ သိရပါတယ်။ Mi Note Series များမှာစွမ်းဆောင်ရည်မြင့် Chipset များထည့်သွင်းထားလေ့ရှိတဲ့အတိုင်း Mi Note 3 မှာ Qualcomm Snapdragon 660 Chipset မောင်းနှင်မယ်လို့ သတင်းထွက်နေပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com