Snapchat ဟာ သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အပြန်အလှန်ပေးပို့ဖို့ အတွက်
ဖန်တီးပေးထားတဲ့ လူကြိုက်များတဲ့ message app တစ်ခု ဖြစ်ပါတယ်။
သူငယ်ချင်းတွေနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ share လုပ်ဖို့အတွက်
ပျော်စရာကောင်းတဲ့ နည်းလမ်းကို ပေးစွမ်းထားပြီး လူငယ်တွေအနေနဲ့ ပုံတွေ၊
ဗီဒီယိုတွေ၊ စာမက်ဆေ့ခ်ျတွေ အပြန်အလှန်ပေးပို့နိုင်သလို ဖုန်းခေါ်ဆိုမှုတွေ လည်း ပြုလုပ်နိုင်ပါတယ်။
Snapchat နဲ့ share လုပ်လိုက်တဲ့ပုံတွေ၊ ဗီဒီယိုတွေက စက္ကန့်အနည်းငယ်အတွင်း အလိုအလျောက် ပျက်သွားတာဖြစ်တဲ့အတွက် အလိုအလျောက် ဖျက်ပစ်မခံရခင် စက္ကန့်အနည်းငယ်အတွင်းမှာသာ အဲဒီပုံတွေ၊ ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီ app ကို ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေ ပိုမိုအသုံးများပြီး အထူးသဖြင့် သက်သေမကျန်စေချင်တဲ့ လျှို့ဝှက်ပုံတွေ၊ ဗီဒီယိုတွေ ပို့ချင်သူတွေအတွက် အလွန်အဆင်ပြေတဲ့ app ဖြစ်ပါတယ်။
လက်ခံသူရဲ့ဖုန်းထဲကနေ 10 စက္ကန့်အတွင်းမှာ ပုံတွေ၊ ဗီဒီယိုတွေက အလိုအလျောက် ပျောက်သွားတာဖြစ်ပြီး လက်ခံသူက ပုံကို screenshot ရိုက်ထားတယ်ဆိုပါက ပေးပို့သူထံကို ဒီ app က သတင်းပေးပို့နိုင်တာ ဖြစ်ပါတယ်။ ဒီ app ကို Android 2.2 နဲ့အထက် အသုံးပြုနိုင်ပါတယ်။
အသုံးပြုချင်တယ်ဆိုရင်တော့ ဒေါင်းလုပ်ဆွဲနိုင်ပါပြီဗျာ။
Download
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

https://www.facebook.com/