9/06/2017

♪ " Sony Xperia XA Ultra VS Sony Xperia XA1 Ultra " နှစ်မျိုးကို နှိုင်းယှဉ်ကြည့်ရအောင်ဗျာ ♫

Image may contain: phone

ဒီတစ်ပတ်တော့ Sony Xperia XA Ultra နဲ့ Sony Xperia XA1 Ultra တို့ရဲ့ တူညီတဲ့အချက်တွေနဲ့ ကွဲခြားချက်တွေကို နှိုင်းယှဉ်ပြောပြချင်ပါ တယ်။ XA Ultra ထုတ်ပြီး တစ်နှစ်လောက်ကြာမှ ၎င်းကိုအဆင့်မြှင့်တင်ပြီး XA1 Ultra ကို ထပ်မံထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၎င်းဖုန်း 2 လုံးမှာ တူညီတာတွေရှိသလို တော်တော်များများလည်း ကွဲပြားပါတယ်။ ဒီဇိုင်းပုံစံက ကွာခြားသလို စက်စွမ်းဆောင်ရည်၊ ကင်မရာအရည်အသွေးနဲ့ ဖုန်းအရွယ်အစား၊ အလေးချိန်တွေမှာလည်း ကွာခြားပါတယ်။ အဲဒီနေရာတွေမှာ XA Ultra က XA1 Ultra ထက် ပိုမိုအဆင့်မြင့်ကောင်းမွန်တဲ့အပြင် ဒီဇိုင်းပုံစံကလည်း ပိုမိုခေတ်မီ ဆန်းသစ်လာပါတယ်။ ကျန်တဲ့ မျက်နှာပြင်အကျယ်၊ မျက်နှာပြင်အရည်အသွေးနဲ့ ဘက်ထရီစွမ်းအားပိုင်းတွေမှာတော့ တူညီပါတယ်။ ၎င်းဖုန်းတွေကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး ဖုန်း 2 ခုလုံးမှာ Singel SIM နဲ့ Dual SIM ဆိုတဲ့ Version 2 မျိုး ကို ထုတ်လုပ်ထားပြီး Nano SIM card တွေကို ထည့်သုံးနိုင်ပါတယ်။

Design
>>>>><<<<<

1. Sony Xperia XA Ultra
>>>>>

Sony Xperia XA Ultra ရဲ့ အရွယ်အစားက 164 x 79 x 8.4 mm ဖြစ်ပြီး 202g တောင် လေးပါတယ်။ ဒါကြောင့် တော်တော်လေးကို ထူပြီး လေးပါတယ်။ ၎င်းကို အဖြူရောင်၊ အမည်းရောင်နဲ့ ရွှေ ရောင်ဆိုတဲ့ အရောင် 3 မျိုး ရရှိနိုင်ပါတယ်။

2. Sony Xperia XA1 Ultra
>>>>>

Sony Xperia XA1 Ultra ရဲ့ အရွယ်အစားကတော့ 165 x 79 x 8.1mm ရှိပြီး 188g အလေးချိန် ရှိပါတယ်။ ဒါကြောင့် XA Ultra ထက် ပိုမိုပါးလွှာ ပေါ့ပါးပါတယ်။ သူ့ကိုတော့ အဖြူရောင်၊ အမည်းရောင်၊ ရွှေရောင် နဲ့ ပန်းရောင်ဆိုတဲ့ အရောင် 4 မျိုး ထုတ်လုပ်ထားပါတယ်။

Processor
>>>>><<<<<

1. Sony Xperia XA Ultra
>>>>>

စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 3GB ပါရှိတဲ့ Mediatek MT6755 Helio P10 Octa-core (4x2.0GHz Cortex-A53 & 4x1.0GHz Cortex- A53) processor နဲ့ Mali-T860MP2 GPU တို့ကို ပံ့ပိုးထားပါတယ်။ ဒါကြောင့် တိကျမြန်ဆန်တဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်မှာပါ။

2. Sony Xperia XA1 Ultra
>>>>>

XA1 Ultra မှာတော့ Mediatek MT6757 Helio P20 chipset, Octa-core (4x2.3GHz Cortex-A53 & 4x1.6GHz Cortex-A53) Processor နဲ့ Mali-T880MP2 Graphics Card တို့ကို သုံးထားတာကြောင့် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ရုပ်ထွက်တွေကို ရရှိနိုင်မှာပါ။

Display
>>>>><<<<<

1. Sony Xperia XA Ultra
>>>>>

မျက်နှာပြင်အကျယ် 6 လက်မရှိပြီး IPS LCD capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး 1 လက်မသိပ်သည်းဆက ~367 ppi pixels ပမာဏတောင် ရှိပါတယ်။

2. Sony Xperia XA1 Ultra
>>>>>

မျက်နှာပြင်အကျယ်၊ မျက်နှာပြင်အမျိုးအစားနဲ့ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားတွေအားလုံးက XA Ultra တူညီပါတယ်။ မျက်နှာပြင် ဖုံးအုပ်ပေးထားတဲ့ Scratch-resistant glass ချင်းလည်း တူညီသလို သုံးစွဲနိုင်တဲ့ Multitouch စနစ်လည်း အတူတူပါပဲ။

Verdict
>>>>><<<<<

1. Sony Xperia XA Ultra
>>>>>

Sony Xperia XA Ultra က အရင်ထုတ်လုပ်ခဲ့တဲ့ အဆင့်မြင့်စမတ် ဖုန်းတစ်လုံးဖြစ်ပြီး သူ့ဈေးနှုန်းနဲ့သူ သုံးစွဲရတာ ထိုက်တန်မှု ရှိပါတယ်။
Sony Brand ထဲက ဈေးနှုန်းသက်သက်သာသာနဲ့ အလယ်အလတ်တန်းစား အဆင့်မြင့်စမတ်ဖုန်းကို သုံးစွဲချင်သူတွေအတွက် အဆင်ပြေပါတယ်။

2. Sony Xperia XA1 Ultra
>>>>>

Sony Xperia XA1 Ultra ကတော့ တန်းဝင်အဆင့်ရှိတဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ စက်စွမ်းဆောင်ရည်နဲ့ ကင်မရာ စွမ်းအားတွေကို အသုံးပြုချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ ဈေးနှုန်းကတော့ XA Ultra ထက် ပိုမိုမြင့်မားပြီး စွမ်းဆောင်ရည်တွေလည်း ပိုမိုမြင့်မားပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com